Pages

Friday, September 23, 2011

Gmail Preview -- Mail Box ထဲကစာတွေကို ကြိုပြီး ကြည့်နိုင်ဖို့ပါ။

မိတ်ဆွေတို့ရေ ဒီတစ်ခါ connection မကောင်းသော ဒေသတွင် အသုံးတည့်မယ့်
နည်းပညာလေးတစ်ခု ထပ်မံတင်ပေးလိုက်ပါပြီး.. သိထားပြီးသောသူများအတွက်
မဟုတ်ပါ.. မသိသေးသောသူများအတွက်ရေးသားထားတာပါဗျား...
ဒါကတော့ Gmail ရဲ့ Feature အသစ်ပါ။ ရာသီဥတုကြောင့်၊ Computer တွေ Loading ဝိုင်းဆွဲနေတာကြောင့် စတဲ့ စတဲ့ ဘယ်လိုအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် Internet နှေးကွေးလေးလံနေတဲ့ အခါမျိုးမှာတောင်
သုံးလို့ရပါတယ်။သူက Gmail ကို Loading ဆိုပြီး စောင့်နေရတဲ့ အချိန်အတောအတွင်းမှာ
ကိုယ့် Inbox ထဲမှာ ဘယ်သူ့ဆီက ဘယ်လိုအရေးကြီးတဲ့ စာတွေရောက်နေသလဲဆိုတာကို ကြိုပြီးဖော်ပြပေးမယ့်
Feature လေးပါပဲ။ ဒါကြောင့် မိုးလင်းတာနဲ့ E-mail စစ်၊ ပြီးမှ ဝင်စာတွေ
အရေးကြီးရင် ကြီးသလို ဆုံးဖြတ်ပြီး အလုပ်ဆက်လုပ်ရမယ့် လူတွေအတွက်တော့
အဆင်ပြေသွားပြီလို့ ဆိုနိုင်ပါတယ်။ ဒီ Feature လေးကြောင့် Gmail ကို ဘယ်လိုမှ
ဖွင့်လို့မရလို့ ဘာစာရောက်နေမှန်းမသိ၊ ဘာမှလည်း မလုပ်နိုင်ဘဲ
တစောင့်စောင့်လုပ်နေရတဲ့ အဖြစ်မျိုး မဖြစ်နိုင်တော့ပါဘူး။Gmail ကို Loading
လုပ်နေချိန်မှာ ကိုယ့်ဆီကို နောက်ဆုံးရောက်နေတဲ့ စာ(၁၀)စောင်ကို
ဖော်ပြပေးပါလိမ့်မယ်။ ကိုယ့်ရဲ့ တကယ့် Inbox မြင်ကွင်းကို ကြိုကြည့်လို့ရတဲ့ သဘောပါပဲ။
သုံးချင်တယ်ဆိုရင်တော့ -

Gmail ==> Setting ==> Labs ==> Inbox Preview
Gmail ==> Setting ==> Labs==> Inbox Preview

ဆိုပြီး အဆင့်ဆင့် ဖွင့်သွားပါ။ Labs ထဲရောက်ရင် Inbox Preview ဆိုတာကို ရှာပြီး enable ဆိုတာကို Click လုပ်ပေးလိုက်ရုံပါပဲ။ ဒါ့အပြင်
မိတ်ဆွေတို့အနေနဲ့ Loading တက်မလာတာကို ပြန်ထွက်ချင်ရင် ထွက်လို့ရအောင် Preview
နဲ့အတူ Sign Out button ကိုပါ တစ်ပါတည်း ထည့်ပေးထားပါသေးတယ်။ အကယ်၍ ဒီနည်းလေး
ကိုမသုံးချင်တော့ဘူး ဒီအတိုင်းပဲ ထားတော့မယ်.. loading လုပ်နေရင်လဲစာတွေကို ကြိုပြီးမကြည့်
ချင်ဘူးဆိုလဲလွယ်ပါတယ်..

Gmail ==> Setting ==> Labs==> Inbox Preview

ဆိုပြီး အဆင့်ဆင့် ဖွင့်သွားပါ။ Labs ထဲရောက်ရင် Inbox Preview ဆိုတာကို ရှာပြီး Disable ဆိုတာကို Click လုပ်ပေးလိုက်ရုံပါပဲ။ မိတ်ဆွေများအသုံးတည့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။
ကြိုးစားလျှက် -- အောင်ကျော်မြ..... osaman92@gmail.com


http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A1360744&xgs=1&xg_source=msg_share_post

No comments:

Post a Comment