Pages

Beautiul_Myanmar

Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Saturday, March 16, 2013

ပထမငယ်တန်း စာသင်သားများအတွက် ကျမ်းစာအုပ်များ

ပထမငယ်တန်း ပထမလတ်တန်း ပထမကြီးတန်း ဓမ္မာစရိယတန်း များကို နိုင်ငံတော်မှ ကြီးမှူးကျင်းပသည် ၊ ယခုအခါ အောက်သုံးတန်းကို တိုင်းအလိုက် ပြည်နယ်အလိုက်ကျင်းပသည်၊ ဓမ္မာစရိယတန်းကိုကား တနိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံတော်မှ ကျင်းပပေးသည် ၊ ထပ်မံရှာဖွေ တင်ပြသင့်သည့် စာအုပ်များ ၃။ အာချာတ်ဂိုဏ်း နာမ်ဂိုဏ်းစာအုပ် (မဟာဂန္ဓာရုံဆရာတော်) အခြေပြု သဒ္ဒါ (မဟာဂန္ဓာရုံဆရာတော်) အခြေပြု သဂြိုဟ် (မဟာဂန္ဓာရုံဆရာတော်) သဂြုင်္ိဟ်ရှင်းတမ်း (အရှင်မုနိန္ဒာဘိဝံသ) ပထမငယ်တန်း၊ ရူပသိဒ္ဓိနီတိ (အရှင်ကောဝိဒ) ပထမငယ်တန်း၊ ဠီကာကျော်နီတိ (အရှင်ကောဝိဒ) ပထမငယ်တန်း၊ ကင်္ခါနီတိ (အရှင်ကောဝိဒ) ပထမငယ်တန်း ပုစ္ဆာ + အဖြေစုံ ၊ ၂၀၀၇-ခုနှစ် (ပြည်နယ်နှင့်တိုင်း-၁၇) ... ဇာတကဌကထာ (ဧကကနိပါတ်၊ဣတ္ထိဝဂ်၊မုဒုလက္ခဏဇတ်မှလိတ္တဝဂ်အဆုံးအထိ-၃၅ ဇတ်) (... ဇာတကဌကထာ (ဣတ္ထိဝဂ်-မုဒုလက္ခဏဇတ်မှလိတ္တဝဂ်အဆုံးအထိ -၃၅ ဇတ်) (မော်လူး စီ... (၁၃၇၃ မှ၁၃၇၆-ခုနှစ်အထိပြဌာန်းသည်) ကင်္ခါဝိတရအဋ္ဌကထာ ပထမငယ်တန်း ပုစ္ဆာ + အဖြေစုံ (၂၀၀၆-ခုနှစ်) - အရှင်တိလောကာဘိဝံသ(အင်... ပထမငယ်တန်း ပုစ္ဆာ + အဖြေစုံ (၂၀၀၈-ခုနှစ်) - အရှင်တိလောကာဘိဝံသ(အင်... ပထမငယ်တန်း ပုစ္ဆာ + အဖြေစုံ (၂၀၀၉-ခုနှစ်) - အရှင်တိလောကာဘိဝံသ(အင်... ပထမငယ်တန်း ပုစ္ဆာ + အဖြေစုံ (၂၀၁၀-ခုနှစ်) - အရှင်တိလောကာဘိဝံသ(အင်းစ... ပထမငယ်တန်း ပုစ္ဆာ + အဖြေစုံ (၂၀၁၁-ခုနှစ်) - အရှင်တိလောကာဘိဝံသ(အင်... အာဂုံဆောင်ဇတကဌကထာ - အရှင်စန္ဒဇောတိ ငယ်၊လတ်၊ကြီး၊ သဒ္ဒါ၊ရုပ်ထွက်အက္ခရာဝလီ (အရှင်ဉာဏသာမိ-မြစ်သား) ငယ်၊လတ်၊ကြီး၊ ဝိနယအောင်ပန်း-ပထမတွဲ (အရှင်ဉာဏသာမိ-မြစ်သား) ငယ်၊လတ်၊ကြီး၊ သဒ္ဒါအောင်ပန်း- ပထမတွဲ (အရှင်ဉာဏသာမိ-မြစ်သား) ငယ်၊လတ်၊ကြီး၊ သဒ္ဒါအောင်ပန်း- ဒူတိယတွဲ (အရှင်ဉာဏသာမိ-မြစ်သား) ငယ်၊လတ်၊ကြီး စာမေးပွဲများအတွက် အဘိဓမ္မာအောင်ပန်း - ပထမတွဲ (အရှင်ဉာဏ... ဓာတုကထာအောင်ပန်း - ငယ်၊လတ်၊ ထိက-ဒုကမာတိကာ (အရှင်ဉာဏသာမိ-မြစ်သား) ခရမ်းမြို့ ကိုင်းကုန်း ပါဋိတက္ကသိုလ်ကျောင်းတိုက် ဒုတိယကိုင်းကုန်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတေဇ ပြုစု၍ အရှင်အာစိဏ္ဏ (စာချ) တည်းဖြတ်သော ကိုင်းကုန်းသင်္ဂြိုဟ်ဆိုရိုးကျမ်း ( ဘဒ္ဒန္တတေဇ ) မှတ်ချက်=dhammadownload ဆိုဒ်မှကူးယူတင်ပြသည်

Tuesday, May 1, 2012

ကဆုန်လပြည့်ဗုဒ္ဓနေ့ နှင့် ကုလသမဂ္ဂ

ကဆုန်လပြည့်ဗုဒ္ဓနေ့ နှင့် ကုလသမဂ္ဂ

ဗျာ+ဖွား+ ဖြစ်+ စံ= ဤလေးတန် ၊ မှတ်ရန် ကဆုန်လ
 
ဗျာ
ဖွား
ဖြစ်
  စံ
     ကဆုန်လပြည့်နေ့သည် ဘုရားအလောင်းတော် မွေးဖွားတော်မူသည့်နေ့၊ သဗ္ဗညုတဉာဏ်တော်ကြီးကို ရရှိတော်မူသည့်နေ့ ၊ မြတ်စွာဘုရားရှင်၏ ပရိနိဗ္ဗာန်စံဝင်တော်မူသည့်နေ့ ဟူသည့် သမိုင်းဖြစ်စဉ်များနှင့် ဆက်စပ်ပြီး ဗုဒ္ဓဘာသာဝင်တို့အတွက် အထွဋ်အမြတ်ထားရာ အထူးခြားဆုံး နေ့ထူးနေ့မြတ် တစ်ခု ဖြစ်ပေသည်။ ယင်းက ဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ကို 1999 ခုနှစ်တွင် ကမ္ဘာကုလသမဂ္ဂ၏ နေ့တစ်နေ့ အဖြစ်ဖြင့် အထွေထွေညီလာခံကြီးက ဆုံးဖြတ်ချက်ချကာ အသိမှတ်ပြုပေးခဲ့သည်။ ၄င်းအချိန်မှစ၍ နှစ်စဉ် ကဆုန်လပြည့်နေ့သို့ရောက်တိုင်း ကုလသမဂ္ဂ ဗုဒ္ဓနေ့အခမ်းအနားသို့ ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ထံမှ သ၀ဏ်လွှာများပေးပို့လေ့ရှိသည်။ ယခင်အထွေထွေ အတွင်းရေးမှုးချုပ် တို့၏ အစဉ်အဆက်က ဗုဒ္ဓဘာသာ၏အခန်းကဏ္ဍနှင့် ဗုဒ္ဓတရားတော်တို့၏ စွမ်းပကား တော်များကို ချီးကျူးခဲ့ ကြပြီး ယင်းတရားတော်များ၏ လူမှုကဏ္ဍ နယ်ပယ်အသီးသီးတို့၌ အကျိုးကျေးဇူး သက်ရောက်ပုံ များကို လည်း ပြောကြားခဲ့ကြသည်။
    ယခုတဖန် နှစ်ပေါင်း ၂၅၀၀ ကျော်က ဟောကြားတော်မူခဲ့သော ဂေါတမဗုဒ္ဓ၏ မိန့်ဆိုချက်များမှာ နေ့စဉ်ရင်ဆိုင်တွေ့ကြုံနေကြရသော ကြီးမားလှသည့် ကမ္ဘာ့ပြဿနာကြီးတို့ကို ဖြေရှင်းရာတွင် လမ်းကြောင်း မှန်သို့ တည့်မတ်ပေးသည့် ကောင်းမွန်သည့် လမ်းညွှန်ကြီးတစ်ခုဖြစ်သည်ဟု ဖွင့်ဟလာ သူကတော့ ယနေ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုချုပ် မစ္စတာ ဘန်ကီမွန်း ဖြစ်သည်။ ယင်းသတင်း စကားကို ကုလသမဂ္ဂ၏ ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။ ဤနေရာတွင် တင်ပြလိုသည် မှာ တန်ဖိုးကိုသိသူမှာ မိမိတန်ဖိုးသည့်အလျောက် သူနေရာနဲ့သူ အသုံးတည့်အောင် အသုံးချသွားချင်း ဖြစ်သည်။ မသိသူတွေက ကျော်ခွသွားပြီး သိသူများက ဖေါ်စားသွားသည့် သဘောပင်ဖြစ်လေသည်။
 
         အရာဝတ္ထုတစ်ခု၏ တန်ဖိုးဆိုသည်မှာ မိမိထံမှ ပေးလိုက်ရသည့် သတ်မှတ်တန်ကြေးထက် သုံးစွဲသူ ကာယကံရှင်ပုဂ္ဂိုလ်၏ တန်ဖိုးသိစိတ်အပေါ်၌သာ များစွာအခြေခံပေသည်။ မြက်ကိုသာ စားတတ်သည့် သားသမင်ရှေ့မှောက်၌ အဖိုးများစွာထိုက်တန်သည့် စိန်ကျောက် ရတနာပုံကြီးကို စုပုံထားသော်လည်း ၄င်းသားသမင်က တန်ဖိုးထားလိမ့်မည်မဟုတ်ပေ။ မြန်မာနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံများ ထဲတွင် တစ်နိုင်ငံ အပါအ၀င်ဖြစ်သည်။ အကယ်၍သာ မြန်မာနိုင်ငံတွင် အုပ်ချုပ်သူနှင့် အအုပ်ချုပ်ခံ၊ အဖွဲ့အသီးသီး၊ ပုဂ္ဂိုလ် အများစုကြီးတို့အကြား ဗုဒ္ဓ၏တရားတော်များနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေ ထွေ အတွင်းရေးမှုးချုပ် သဘောပေါက် နားလည်ကာ တန်ဖိုးထားသကဲ့သို့ နားလည်သဘောပေါက်ပြီး လက်တွေ့ ကျင့်သုံးခဲ့ကြပါလျှင် ယနေ့ မြန်မာပြည်သူအများ ခံစားနေကြရသည့် ဒုက္ခပင်လယ်ဝေ နေကြရသည့် အဖြစ်မျိုးမှ ကာကွယ်နိုင်ခဲ့ကြပေလိမ့်မည်။
 
       အထွေထွေအတွင်းရေးမှုးချုပ်၏ စကားထဲတွင် သူတစ်ပါးပစ္စည်းကို မတရားသိမ်းပိုက်လိုမှု လောဘ၊ အကြင်နာတရားကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်မှု ဒေါသ၊ ကြောင်းကျိုးဆီလျော်မှုတို့ကို မသိတတ်မှု မောဟ တို့ကို အားမပေးသည့် မြတ်ဗုဒ္ဓ၏တရားတော်များသည် နှစ်ဦးနှစ်ဖက် အပြန်လှန်လေးစားမှု၊ ကိုယ်ချင်းစာနာမှု၊ ဆွေးနွေးတိုင်ပင်မှုတို့ဖက်ဆီသို့ ဦးတည်စေပြီး မလိုလားအပ်သည့် အခက်ခဲ အကြပ်အတည်း ပြဿနာမျိုးစုံနှင့် တစ်ဦးပေါ်တစ်ဦးမတရားအနိုင်ကျင့်မှု ရက်စက်ကြမ်းကြုတ်မှုတို့ကို ကျော်လွှားစေနိုင်သည်ဟု ဖော်ပြထားသည်။ ထေရ၀ါဒဗုဒ္ဓသာသနာတော်ကြီး နေလို လလို ထွန်းလင်း တောက်ပနေပါသည်ဟု တစ်မျိုး၊ ရွှေရောင်တွေတ၀င်းဝင်း တောက်ပြောင်နေသည့် စေတီပုထိုးတို့ဖြင့် ကြွယ်ဝလှပါသည့် မြန်ပြည်ကြီးဟုဆိုသည်ကတစ်ဖုံ ၀င့်ကြွားစရာ ဘာသာရေးအဆောက်အအုံ တစ်ပုံတပင် အရိပ်အာဝါသများ၏ အောက်က မြန်မာပြည်သူအများ ယနေ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ခံစားစေချင်သည့် အရသာမျိုး ခံစားနေကြရပါပြီလော။ လက်တွေ့ကျင့်သုံး မှုမပါပဲ မည်သည့်ဘာသာ မည်သည့်အယူဝါဒ ရှိပါသည်ဟု တံဆိပ်ခတ်ရုံမျှဖြင့် အရာအရာ ပြည့်စုံ သွားလိမ့်မည်မဟုတ်ပေ။
     လူသားတို့ကို ကိုးကွယ်ရာတစ်ခုမှ အခြားကိုးကွယ်ရာတစ်ခုသို့ ပြောင်းလဲစေဖို့ မရည်ရွယ်ပဲ သီလဖြင့် လူသားတို့စည်းကမ်းရှိဖို့ ၊ သမာဓိဖြင့် လူသားတို့ စိတ်ချမ်းသားဖို့ ၊ ပညာဖြင့် အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း သိမြင်ပြီး လူအသိစိတ်ဓာတ်ကို မြှင်တင်ဖို့ကိုသာ ရည်ရွယ်ထားသည့် ဗုဒ္ဓ၀ါဒသည် မိမိ၏ လမ်းညွှန်ချက်များကို လေ့လာသင်ကြားခြင်း ၊ လက်တွေကျင့်သုံးခြင်း ၊ သဘောပေါက် နားလည်ခြင်းမှတဆင့် လူသားတို့၏ဘ၀ကို မြှင့်တင်ဖို့ကိုသာ ရည်ရွယ်သည်။ ပညာဖြင့် အမှားအမှန်ကို ခွဲခြမ်းမသိနိုင်ကြသမျှ ကာလပတ်လုံး ငါ၏ ပြုလုပ် ပြောဆို တွေးတောကြံဆမှုများသည်သာ အမှန်ဖြစ် သည်ဟု ငါဟူသည့် အတ္တအစွဲက ကြီးပွါးနေအုံးမည်သာ။ အတ္တအစွဲကြီးသူတစ်ယောက်အဖို့ မီးပြတိုက်ကို ရန်သူဟု အမြင်မှားသည့် မာလိမ်မှုးကဲ့သို့ တရားနည်းလမ်းတကျ လမ်းညွှန်ပြသူများကိုလည်း ရန်သူ တစ်ယောက်ပမာ ဆက်ဆံအုံးမည်သာဖြစ်သည်။
   မြန်မာနိုင်ငံတွင် မြတ်ဗုဒ္ဓ၏ လမ်းညွှန်ချက် မူဝါဒကောင်းများသည် အပြည့်အ၀ ရှိနေပေသည်။ သို့သော် လည်း ကျင့်ကြံ ကြိုးစားအားထုတ်မှု ပုဂ္ဂိုလ်ပိုင်းမှ အားနည်းလျှက်ရှိနေပါသည်ဟုဆိုက ၀န်ခံကြရ မည်သာဖြစ်သည်။ တိုင်းပြည်တစ်ပြည် အုပ်စုတစ်ခု အဖွဲ့အစည်း တစ်ခုစသည်တို့တွင်မူ နှင့် လူသီးခြား ရပ်တည်၍မရနိုင်ပေ။ မူနှင့်လူ နှစ်ခုလုံး ညီမျှစွာ ယှဉ်တွဲသွားနိုင်ပါမှလျှင် တိုးတက်အောင် မြင်နိုင် ပေသည်။ မြန်မာပြည်သူတွေ ကောင်းမွန်သည့် လူနှင့် မူစနစ်တို့အောက်၌ ငြိမ်းချမ်းသာယာပျော်ရွှင် နိုင်ကြပါစေ
မူရင်း..http://eainlwanthu.ning.com/profiles/blog/show?id=2792795%3ABlogPost%3A672132&xgs=1&xg_source=msg_share_post
ဗုဒ္ဓဘာသာ၊သာသနာ ရောင်ဝါနေသို့ လင်းပါစေ...
                                                  မောင်မြင့်(စိတ်ကူးပျော်ရာ)