Pages

Beautiul_Myanmar

Showing posts with label ကိုယ်ရေးကိုယ်တာ. Show all posts
Showing posts with label ကိုယ်ရေးကိုယ်တာ. Show all posts

Friday, September 16, 2011

ကွန်ပျူတာကပြောတဲ့ Bill Gates အကြောင်း

Bill Gates ဟုဆိုလိုက်သည်နှင့် Microsoft ကို တည်ထောင်သူ၊ မယ်လင်ဒါအင်ဂိတ်
ဖောင်ဒေးရှင်းကို တည်ထောင်သူ၊ နိုင်ငံတကာမှာ ကလေးတိုင်း သူ့ကျေးဇူးမကင်းဟု
ဆိုရလောက်အောင် အလှူဒါန ရက်ရောသူ၊ အချမ်းသာဆုံးသူဌေးကြီးအဖြစ်
မြင်နိုင်ကြမည် ထင်ပါသည်။ ကမ္ဘာ့အချမ်းသာဆုံးအဖြစ် နှစ်ပေါင်းများစွာ
ရပ်တည်နိုင်ခဲ့သူ ဘီဂိတ်သည် တကယ့်ကို စံပြ ပညာတတ်လုပ်ငန်းရှင်တဦး ဖြစ်သည်။
နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ငန်းရှင်နှင့် ပညာတတ်တို့အကြား
ခွဲခြားထားခဲ့သည့် တံတိုင်းကို ဖြိုဖျက်နိုင်ခဲ့သူ ဖြစ်သည်။ ဘီဂိတ်က
ဒေးဗို့စ်တွင် ကျင်းပလေ့ရှိသော အီကိုနောမစ် ဖိုရမ်တွင် Creative Capitalism
ဆိုသော စကားလုံးတစ်လုံကို ပြောသွားသည်။ ဘီဂိတ် ဆိုလိုသည်က အမြတ်လည်းရအောင်
လုပ်၊ ကမ္ဘာကြီးရဲ့ မညီမျှမှုတွေကိုလည်း ဖြေရှင်းဟု ဆိုလိုသည်။
နတ်လူသာဓုခေါ်စရာ အတွေးအမြင်ဖြစ်သည်။ အမြတ်လည်းရှာ ဆင်းရဲချမ်းသာ
ကွဟမှုတွေကိုလည်း ဖြေရှင်းဆိုတော့ ဆင်းရဲသားတွေကို ကူညီဖို့ ပြောခြင်းဟု
အဓိပ္ပါယ်ရပါသည်။ အဆိုပါ အိုင်ဒီယာအတိုင်းပင် မိုက်ကရိုဆော့ဖ်မှ
ကျင့်သုံးသည်။ မယ်လင်ဒါအင် ဂိတ် ဖောင်ဒေးရှင်းမှာ အချိန်ပြည့်တာဝန်ယူပြီး
ကမ္ဘာ့လူမှုရေး ကူညီမှုတွေ လုပ်လာသည်။ မိုက်ကရိုဆော့က ရလာသည့်
ဒေါ်လာကုဋေချီနေသော အမြတ်ငွေများကို ပရဟိတ လုပ်ငန်းများတွင်
ပြန်လည်အသုံးချသည်။ ဒါက ဘီဂိတ်ပြောသည့် Creative Capitalism။ သူသည် DOS
ကိုတီထွင်သည်။ စီးပွားရေးအမြတ်အစွန်း အတွက်လည်း ရောင်းသည်။
လုပ်ငန်းပုံစံကိုလည်း ရအောင် အကောင်အထည် ဖော်လာသည်။ ပညာတတ်
စီမံခန့်ခွဲရေးသမား၊ နောက်တော့ ပညာဖြင့် စီမံခန့်ခွဲရေးဆိုတာ ဖြစ်လာသည်။
ဒါပေမယ့် တီထွင်ဖန်တီးမှုကို DOS မှာတွင် ရပ်မနေဘဲ  Windows ကို ဆက်သွားသည်။
Windows ကိုလည်း ဗားရှင်းအဆင့်ဆင့် ထုတ်သည်။ တီထွင်ဖန်တီးမှုလည်းရှိသည်။
Bill Gates ၏ အကြောင်းတွေကို ကွန်ပျူတာတွေက တွက်ချက်ပြောပြကြသည်မှာ ...
  • Bill Gates သည် တစ်စက္ကန့်တွင် အမေရိကန်ဒေါ်လာ ၂၅၀ ဝင်ငွေရှိသူဖြစ်သည်။ တစ်နေ့မှာ ဒေါ်လာသန်း ၂၀ ဝင်ငွေရှိသူဖြစ်ပြီး တနည်းအားဖြင့် တစ်နှစ်လျင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံထိ ဝင်ငွေရှိသူဖြစ်ပါသည်။
  • Bill Gates သည် သူ၏လက်မှ ၁၀၀၀ တန် ဒေါ်လာတစ်ရွက် လွတ်ကျခဲ့မည်ဆိုပါက ပြန်လှည့်ကောက်ရန်ပင် စိတ်ကူးမိမည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် ကောက်ယူရန်ပြန်လှည့်လာသည့်အချိန်အတွင်းမှာပင် သူ၏ဝင်ငွေမှာ ဒေါ်လာ ၁၀၀၀ ပြန်ပြည့်သွားပြီဖြစ်သည်။
  • အမေရိကန်နိုင်ငံ၏ အမျိုးသားကြွေးမြီစုစုပေါင်းမှာ ၅ ဒသမ ၆၂ ထရီလီယံ (၁ ထရီလီယံ = သန်းပေါင်း တစ် သန်း) ရှိပါသည်။ အကယ်၍ Bill Gates တစ်ဦးတည်းကသာ ၎င်းကြွေးမြီကို ဆပ်ပေးသွားမည်ဆိုလျှင်ပင် ၁၀ နှစ်အတွင် အကြွေးကျေသွားနိုင်မည်ဖြစ်ပါသည်
  • ကမ္ဘာပေါ်တွင် ရှိရှိသမျှလူသားတိုင်းအား တစ်ဦးလျင် အမေရိကန် ၁၅ ဒေါ်လာစီ ပေးဝေခဲ့ပါက ၎င်းထံတွင် ကိုယ်ပိုင်ငွေ ဒေါ်လာ ၅ သန်းကျော် ကျန်ရှိနေဦးမည်ဖြစ်သည်။
  • အမေရိကန်မှ ဝင်ငွေအကောင်းဆုံး အားကစားသမား တစ်ဦးဖြစ်သူ ကမ္ဘာကျော် ဘတ်စ်ကက်ဘောကစားသမား မိုက်ကယ်ဂျော်ဒန်သည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ဝင်ငွေရှိသူဖြစ်သည်။ သူ၏ နှစ်စဉ်ဝင်ငွေအား မစားမသောက်ဘဲ စုထားမည်ဆိုလျှင်ပင် ၂၂၇ နှစ်အကြာမှ Bill Gates ၏ပိုင်ဆိုင်မှုဓနကို မီနိုင်မည်ဖြစ်သည်။
  • အကယ်၍ Bill Gates အား နိုင်ငံတစ်နိုင်ငံအဖြစ်ရှုမြင်ကြည့်ပါက ၂၇ နိုင်ငံမြောက် အချမ်းသာဆုံးနိုင်ငံဖြစ်သည်။ ကုမ္ပဏီတစ်ခုအဖြစ်ကြည့်ပါက အမေရိကန်တွင် ၁၃ ခုမြောက် ဓနအတောင့်ဆုံးကုမ္ပဏီဖြစ်သည်။ ဤသို့ဆိုလျှင် သူတစ်ယောက်တည်း ၏ ပိုင်ဆိုင်မှုသည် IBM ကုမ္ပဏီထက်ပင် ပိုမိုကြီးမားနေသေးသည်။
  • Bill Gates ၏ ပိုင်ဆိုင်သော ငွေကြေးဓနကို တစ်ဒေါ်လာတန်များအဖြစ် လဲလှယ်၍ အရှည်လိုက် သွယ်တန်းမည်ဆိုပါက ကမ္ဘာမြေပြင်မှ လပေါ်သို့ အသွားအပြန် ၁၄ ခေါက်စာရှိမည်ဖြစ်သည်။ ဤသို့သွယ်တန်းနိုင်ရန် မရပ်မနားလုပ်ဆောင်ပါက နှစ်ပေါင်း ၁၄၀၀ ကြာနိုင်ပြီး ဘိုးရင်း 747 လေယာဉ်အစီးပေါင်း ၇၁၃ စီးအသုံးပြုသယ်ဆောင်ရပေမည်။
  • Bill Gates ယခုအခါ အသက် ၄၀ ကျော်သာရှိသေးသည်။ ၎င်းကို သူ၏ အသက်ထက်ဝက်ဟု သတ်မှတ်လျှင် လက်ရှိအချိန်မှစ၍ ကွယ်လွန်ချိန်ထိ တစ်နေ့လျှင် အမေရိကန်ဒေါ်လာ ၆ သန်းကျော် သုံးစွဲသွားပါမှ သူ၏ချမ်းသာမှု ဓနအင်အား ကုန်နိုင်မည်ဖြစ်သည်။
  • သို့ရာတွင် Bill Gates တီထွင်ခဲ့သော MicrosoftWindows သုံးစွဲသူတိုင်းက သူတို့၏ ကွန်ပျူတာ တစ်ခါ Hang သွားတိုင်း Bill Gates ထံမှ တစ်ဒေါ်လာစီ လျော်ကြေးတောင်းခံခဲ့မည်ဆိုပါက သူ၏ပိုင်ဆိုင်မှုများအားလုံး သုံးနှစ်အတွင်း ဒေ၀ါလီခံသွားရဖွယ် ရှိသည်။




Forward Mail မှ ပြန်လည်ဖော်ပြသည်။