Pages

Beautiul_Myanmar

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Monday, April 9, 2012

စာကြည့်တိုက် မရှိတော့တဲ့ ရန်ကုန် (မောင်စွမ်းရည်)

တလောလေးကတင် ထင်ပါတယ်၊ မြန်မာ့အသံ နိုင်ငံတကာ သတင်းမှာ တရုတ်ပြည်က စာကြည့်တိုက် ၂၄ နာရီ
ဝန်ဆောင်မှုပေးတဲ့ သတင်း ကြည့်လိုက်ရတော့ သဘောလည်းကျ အားလည်းကျမိတယ်။ ကိုယ်တွေဆီမှာတော့ဖတ်ရှု
ကိုးကားချင်လို့ ရှာချင်ဖွေချင်ပြီဆိုရင် အတော်လေး စိတ်ညစ်ရပါတယ်။ သူများနိုင်ငံက စာကြည့်တိုက်ကြီးတွေ မြင်တိုင်း
ကိုယ့်နိုင်ငံအတွက် ဝမ်းနည်းမိတယ်။ မြန်မာနိုင်ငံ စာကြည့်တိုက် ဖောင်ဒေးရှင်းရဲ့ သတင်းတွေမှာ ပြန်ကြားရေးဝန်ကြီး
ရဲ့ မစားရဝခမန်း ဂဏန်းအရေအတွက် ညွှန်းကိန်းတွေကို ကြည့်ပြီး ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား ဝန်ကြီးရယ်
လို့သာပဲ ဆိုချင်ပါတယ်။ သေချာတာကတော့ ပြန်ကြားရေးက ဖွင့်တဲ့စာကြည့်တိုက်တွေမှာ ပြန်ကြားရေးက ထုတ်တဲ့
စာအုပ်တောင် စုံလင်အောင် မရှိတာကတော့ အသေအချာပါပဲ။



 စာကြည့်တိုက် မရှိတော့တဲ့ ရန်ကုန်( မောင်စွမ်းရည်)

ခုတော့ နေပြည်တော်မှာ ဖွင့်တော့မယ် ပြောတာပဲ။ ရန်ကုန်မြို့တော် စည်ပင် အနေနဲ့လည်း မြို့တော်ဂေါက်ကွင်း၊
မြို့တော်စိုက်ခင်း၊ မြို့တော် အပန်းဖြေစခန်းတွေကို မြို့ပြင်မှာ အကောင်အထည် ဖော်နေပေမယ့် မြို့တွင်းမှာမြို့တော်
စာကြည့်တိုက်ကြီး တစ်ခုတောင် မရှိတာကလည်း စိတ်မကောင်းစရာပါပဲ။ အတွင်းဝန်ရုံးကြီး ပြတိုက်လုပ်မယ်ဆိုရင်၊
ဟိုက်ကုတ်ကြီးကို မြို့တော် စာကြည့်တိုက်ကြီး လုပ်လိုက်ပါလားဗျာ၊ ဘယ်လောက်ကောင်းလိုက်မလဲ။ ခုတော့ဗျာ၊
ထားပါလေ၊ ဒီအကြောင်းတွေ စဉ်းစားရင်းပဲ ဆရာကြီး မောင်စွမ်းရည်ရဲ့ ၂၀၀၈ခုနှစ်က ဆောင်းပါးလေး သတိရတာနဲ့
ပြန်ရှာပြီးတင်ပေးလိုက်ပါတယ်။ မဖတ်ရသေးသူအတွက်တော့သက်ကြီးစကား သက်ငယ်ကြားအနေနဲ့ ဗဟုသုတပေါ့ဗျာ။




ဆရာကြီး သခင်ကိုယ်တော်မှိုင်းသာ သက်ရှိထင်ရှား ရှိသေးရင်ဖြင့် “အမျိုးသား စာကြည့်တိုက် ဈာပန ပြာချသည့်မဟာ
လေးချိုးကြီး” ဆိုပြီး ကဗျာစီကာ ငိုချင်းချမယ် ထင်မိပါတယ်။ ဆရာကြီး သခင် ကိုယ်တော်မှိုင်း၊ မှော်ဘီဆရာသိန်းကြီး
စတဲ့ ကိုလိုနီခေတ်ဦး ပညာရှိကြီးများဟာ ဗမာပြည် အရပ်ရပ် ဘုန်းကြီးကျောင်းဟောင်း၊ကျောင်းအို အပြိုအပျက်တွေ
ကြား သွားပြီး ပေ ပုရပိုက်တွေ နှိုက်ဖွ လေ့လာ ခဲ့ကြပါတယ်။ ပြီးမှ မော်လမြိုင်၊ရန်ကုန်လို မြို့ကြီးတွေမှာ စာရေးသား
အသက်မွေးကြ ရပါတယ်။ ရန်ကုန်မှာ နေကြတဲ့အခါ “ဘားနဒ် အခမဲ့ပိဋကတ်တိုက်” မှာ နေကုန်နေခမ်း ဖတ်ရှုလေ့လာ
ဆည်းပူး ခဲ့ကြပါတယ်။ အဲဒါက ခုရောင်းစားမယ့် အမျိုးသားစာကြည့်တိုက် သမိုင်းအစပါပဲ။



ဆာ ချားလ် ဘားနဒ် တည်ထောင်ခဲ့တဲ့ အခမဲ့ ပိဋကတိုက်ကို အောက်ဗမာပြည်ကို အင်္ဂလိပ် သိမ်းပိုက်ပြီး ခါစမှာပဲ
တည်ထောင်ခဲ့ပါတယ်။ အထက်ဗမာပြည်ကို အင်္ဂလိပ်က ၁၈၈၅ မှ သိမ်းပိုက်တယ်။ ၁၈၈၃ မှာ မစ္စတာ ဘားနဒ်
(အောက်ဗမာပြည် ကော်မရှင်နာ မင်းကြီး) က သူ့ရဲ့ ပိဋကတိုက်ကို တည်ထောင်ပါတယ်။ မန္တလေးကို အင်္ဂလိပ်သိမ်း
တော့ မှန်စီရွှေချ သေတ္တာကြီးတွေနဲ့ အပြည့်ရှိတဲ့ ပေပုရပိုက် သေတ္တာကြီးတွေကို ရွှေငွေ ရတနာတွေထည့်ထားတာ
လို့ ထင်ပြီး အင်္ဂလိပ်တပ်က စစ်သားတွေက ချိုးဖျက် ရိုက်ခွဲ မွှေနှောက် ရှာဖွေကြပါတယ်။ ဒါကြောင့်ပေပုရပိုက်တွေ
နန်းတော်ရင်ပြင်မှာ ပြန့်ကျဲကုန်တယ်။ ဒါတွေရဲ့တန်ဖိုးကို သိတဲ့ စစ်ဗိုလ်ကြီး မစ္စတာချားလ်ကရသမျှ ပြန်လည်ကောက်
ယူ စုဆောင်းပြီး ရန်ကုန်ရှိ သူ့စာကြည့် ပိဋကတ်တိုက်မှာ ဖြည့်ဆည်း ထားခဲ့ပါတယ်။ စစ်တပ်တိုင်းမှာ ဓားပြသူတွေ ပါ
တတ်သလို စာပေ မြတ်နိုးသူတွေလည်း ပါတတ်တာကို သတိပြုစရာကောင်းပါတယ်။ 



ဘားနဒ် အခမဲ့ ပိဋကတ်တိုက်မှာ တရားဝန်ကြီး ဂျာဒင်း၊ ပါဠိပါမောက္ခ ချားလ်ဒါး တို့လို စာပေ ဝါသနာရှင်ကြီးတွေက
လည်း သူတို့ စုဆောင်းထားတဲ့ ပေပုရပိုက်တွေထပ်ပြီး လှုကြပါသေးတယ်။ ကင်းဝန်မင်းကြီးရဲ့ ကိုယ်ပိုင်စာကြည့်တိုက်
နဲ့ ပုဂံဝန်ထောက်မင်း ဦးတင်တို့ရဲ့ ကိုယ်ပိုင် စာကြည့်တိုက်တွေက ပေပုရပိုက်တွေကိုတော့ဝယ်ယူပြီးမှ ဖြည့်ဆည်းပါ
တယ်။ ဒုတိယ ကမ္ဘာစစ် ဖြစ်လို့ စစ်ဘေးကဝေးအောင် ဆရာဇော်ဂျီတို့က ရွှေတိဂုံခြေတော်ရင်းကို ရွှေ့ပြောင်း
ကယ်တင်တဲ့ အခါ ပေပုရပိုက် ၇၅၀၀ မျှ ရှိနေပါပြီ။



စာကြည့်တိုက်ကို ပိဋကတ်တိုက်လို့ ခေါ်ခဲ့ကြတာ အနည်းဆုံး ပုဂံခေတ်ကနေ လွတ်လပ်ရေးခေတ်ဦး အထိနှစ်ပေါင်း
တစ်ထောင်နီးပါး အစဉ်အလာ ရှိခဲ့ပါတယ်။ ဆရာဦးခင်ဇော် (ဆရာကေ)၊ ဆရာဇော်ဂျီ၊ ဆရာတိုက်စိုးတို့ကို ပိဋကတ်
တိုက်စိုးလို့ ခေါ်ပါတယ်။ နောက်မှ စာကြည့်တိုက်နဲ့ စာကြည့်တိုက်မှုးရယ်လို့ ခေါ်တွင် လာခဲ့တာပါ။



ဗမာပြည်ဟာ နိုင်ငံငယ်ပေမယ့် ပိဋကတ်တိုက် အစဉ်အလာကဖြင့် ရှည်ကြာ ခိုင်မာခဲ့ပါတယ်။ ခရစ်နှစ် ၁၀၄၄ ကနန်း
တက်တဲ့ အနော်ရထာ မင်းကြီးရဲ့ ပိဋကတ်တိုက်ဟာ ဒီနေ့ထိ မြင်တွေ့နေရပါသေးတယ်။ နားတောင်းများ၊နရသီဟပ
တေ့၊ ဖွားစော၊ ကျစွာမင်းကြီးသမီး စတဲ့ မင်းမှူးမတ် မိဖုရားများနဲ့ အရပ်သား လူချမ်းသာများကပါ ပိဋကတ်တိုက်
ဆောက်လုပ် လှူဒါန်းတဲ့ အထောက်အထားတွေ တွေ့ရပါတယ်။ ရာဇကုမာရ် တည်ထောင်တဲ့ကျောက်သား စာကြည့်
တိုက်ကတော့ ပီဒဗလျူဒီ လမ်းဌာနက ဖျက်ပြီး လမ်းခင်းတဲ့ အထဲကို ထည့်လိုက်သတဲ့။



တခြား ပိဋကတ်တိုက် အပျက်အစီး တစ်ချို့ကိုတော့ တွေ့ရဆဲပါပဲလို့ ဒေါက်တာတိုးလှက
ဓာတ်ပုံနဲ့တကွစပယ်ဖြူမဂ္ဂဇင်း ၂၀၀၄ မှာ ဖော်ပြခဲ့ဖူးပါတယ်။    


အနော်ရထာ မင်းကြီး၏ ပိဋကတ်တိုက်တော်၊ ပုဂံမြို့။



ဗမာ ရှင်ဘုရင်တွေမှာ ကိုယ်ပိုင် နန်းတွင်း စာကြည့်တိုက်တွေ ရှိပါတယ်။ မြို့တော်အသစ် ထူထောင်ရင်ပိဋကတ်တိုက်
အသစ်လည်း ထူထောင်တယ် (အဟောင်းကဟာတွေ ရွှေ့ယူရတာ မဟုတ်ဘူး)။ မာမာအေးသီဆိုတဲ့ မန္တလေးမြို့
သီချင်းမှာ မြို့တည်တော့ “ပိဋကတ် တိုက်တော်” ဆိုတာပါကြောင်း ကြားရပါမယ်။ အများအားဖြင့် ဘုရားစာတွေကို
ပေရွက်ပေါ်မှာ ရေးကူးပါတယ်။ ဘုရင်ရဲ့ လွှတ်ရုံး လွှတ်တော် ဇာတာကပ်တို့မှာတော့ ထန်းရွက်နဲ့ ရေးသတဲ့။ “ပေတသီး
ကျီးတသား” ဆိုတဲ့စကားအရ ပေပင်က တစ်ခါသီးပြီးရင်နောက်ထပ်မသီးဘဲ သေသတဲ့။ ဒါကြောင့် နန်းညွန့် နန်းဆက်
ပြတ်တတ်သတဲ့။ ပေကို ရန်ကုန်ကနေ ကြပ်ပြေးကို ယူမသွားရင် ကောင်းမယ်။ မင်္ဂလာ ထန်းရွက်နဲ့ ရေးတာပဲယူပေါ့။
ပိဋကတ် ဆောက်လုပ် လှူဒါန်းသူတွေက ပိဋကတ် စာတွေအပြင် နောက်ပိုင်းမှာ ရာဇဝင်ကျမ်း၊ နက္ခတ် ဗေဒင်ကျမ်း၊
သဒ္ဒါ အလင်္ကာ ကျမ်းတွေလည်းလှူသတဲ့။ နောက်ထပ် ရေးဖို့နဲ့ ပျက်ရင်ပြင်ဖို့ ထန်းပင်တွေနဲ့ “ပေလုပ်မျဉ်းကိုင်” စာပေ
လုပ်သားဖြစ်တဲ့ကျွန်တွေလည်း လှူတယ်။ မြေလည်း လှူတယ်။ ပိဋကတ် တိုက်အုပ် ဘုန်းကြီးတစ်ပါးလည်း ကျောင်း
အပ်ပေးလိုက် တတ်ပါသေးတယ်။



ဗမာပြည်မှာ ရွာကြီးကြီးရှိရင် ဘုန်းကြီးကျောင်း ကြီးကြီးရှိတယ်။ ကျောင်းရှိရင် ပိဋကတ်တိုက် ရှိတယ်။ အဲဒါတွေဟာ
လူတိုင်းကြည့်နိုင်တဲ့ ပြည်သူ့ စာကြည့်တိုက်တွေပါပဲ။ အင်္ဂလိပ် စစ်တပ်က စစ်သားတွေက ဘုရင့်စာကြည့်တိုက်ကိုသာ
ဖျက်ပေမယ့် ဘယ်ဘုန်းကြီးကျောင်းကိုမှ မဖျက်ခဲ့ပါဘူး။ ဒါကြောင့် ဘုန်းကြီးကျောင်းတွေမှာ ဒီနေ့အထိ ပေပုရပိုက်
တွေ တနင့်တပိုး ရှိနေတုန်းပါပဲ။ မြင်းခြံ ချောင်းနှောင်း ဘုန်းကြီးကျောင်း၊နန်းမတော် မယ်နုရဲ့ဇာတိ ဖလံခုံရွာ ဘုန်းကြီး
ကျောင်းတို့ကို နမူနာ ပြချင်ပါတယ်။ ကျွန်တော် လိုက်လံစုဆောင်းပြီး ရောင်းမစားဘဲ ဆရာမင်းသုဝဏ်၊ ဦးသော်ကောင်း၊
ဒေါက်တာသန်းထွန်း တို့ကတစ်ဆင့်စာကြည့်တိုက်ကို လှူခဲ့ဖူးပါတယ်။ ပုံမနိုပ်ရသေးတဲ့ စာတွေလည်း ပါရှိပါတယ်။
ရောင်းစားရင် သူဌေးဖြစ်နိုင်ပါတယ်။ ဝါသနာပါရင် စုပါ၊ ရောင်းပါ (မန္တလေး၊ မေဃဝတီ၊ တောင်သမန်တိုက်ရှိ ပိဋကတ်
တိုက်ကိုဦးသော်ကောင်း၊ ဦးမောင်မောင်၊ ဦးထင်ကြီးတို့ကို ကျွန်တော် ခေါ်ပြဖူးတယ်။ ဗမာ ဝန်ကြီး မှူးမတ်တွေရဲ့
စာအုပ်တွေပါ တွေ့ရပါတယ်)။



အင်းဝကို မစ်ရှင် လာရောက်တဲ့ ကပ္ပိတန် ဆိုင်းမ် ဆိုတာ မှတ်တမ်းရေးဖူးတယ်။ ဘိုးတော် ဗဒုံမင်းကြီးရဲ့စာကြည့်တိုက်
ဟာ မှန်စီရွှေချ သေတ္တာကြီးတွေနဲ့ စနစ်တကျ အများကြီးရှိကြောင်း ဒင်နယုတ်မြစ်ရဲ့အရှေ့ဘက်မှာ ရှိရှိသမျှ စာကြည့်
တိုက်တွေထက် ကြီးကျယ် ကောင်းမွန်ကြောင်း အံ့သြခဲ့ဖူးပါတယ်။



စာအုပ်ထည့်တဲ့ သေတ္တာတွေကို “စာတိုက်” လို့ ခေါ်တယ်။ အသံထွက် “ဇံဒိုက်” တဲ့။ ညောင်ရမ်းမင်းသားပိဋကတ် တိုက်
နဲ့၊ ကင်းဝန် ပိဋကတ်တိုက်တို့လည်း နာမည်ကြီးပါတယ်။ ခုအခါ တစ်ချို့ ဘုန်းကြီးကျောင်းတွေမှာ“ဇံဒိုက်” တွေမှာ
ထမင်းခြောက်၊ ငါးခြောက် ငါးခြမ်း စသည် ထည့်နေတာ တွေ့ရပြီး၊ တစ်ချို့ “ဇံဒိုက်” မှာတော့ခွေး၊ ကြောင်၊ ကြွက်တို့ရဲ့
မီးနေခန်း ဖြစ်ကုန်ပါပြီ။ ဒါပေမဲ့ နောက်ထပ် စာကြည့်တိုက်မှုး အာဇာနည်တစ်ယောက်ယောက် ပေါ်ထွန်းလာလို့ လိုက်လံ
စုဆောင်းဦးမယ်ဆိုရင် ဦးသော်ကောင်းလို ကမ္ဘာကျော်ဖူကူအိုကာ ဆုရှင် စာကြည့်တိုက်မှူးကြီး မုချ ဖြစ်နိုင်ပါသေးတယ်
အများကြီး ကျန်သေးတယ်။


သားရိုးကိုင် ရွှေချ စာတိုက်သေတ္တာ။


ခေတ်သစ် စာကြည့်တိုက်တွေဟာ ဗမာပြည် အနှံ့အပြားမှာ ၁၉၁၀ လောက်ကစပြီး ပေါ်ခဲ့တယ်။ မြန်မာစာပေပြန့်ပွား
ရေး အသင်းဆိုတာ ၁၉၂၅ လောက်မှာ တည်ထောင်ပြီး စာကြည့်တိုက် ထွန်းကားရေးကို အထူးအားပေးလှုံ့ဆော်ခဲ့
တယ်။ ခေါင်းဆောင်က ကြေးတိုင်မင်းကြီးဟောင်း မစ္စတာ ဖာနီဗယ် တဲ့။ ခေတ်စမ်း စာပေခေတ်မှာသိပ္ပံမောင်ဝ၊ ဇော်ဂျီ၊
မင်းသုဝဏ်၊ တက္ကသိုလ် မောင်သန့်စင်၊ မြကေတု၊ မောင်သုတ၊ ကုသ၊ ဒေါက်တာလှဖေတို့နဲ့တကွ သခင်ဘသောင်း တို့
ကိုပါ စင်တင် မွေးထုတ် ပေးခဲ့သူပါ။ ပဲရော့ဦးဆန်နီ၊ ဆရာဇော်ဂျီ၊ လူထုဦးလှ(ကြီးပွားရေး ဦးလှ) တို့ဟာ စာကြည့်တိုက်
ဖွံ့ဖြိုးရေးမှာ အထူး အရေးပါခဲ့ပါတယ်။ သူတို့နာမည်ကြားရင်လက်အုပ် ချီရပါတယ်။ မစ္စတာ ဖာနီဗယ်ဟာ သမိုင်းနဲ့
စာပေသုတေသီ၊ ဘောဂဗေဒ ပညာရှင်ပါ။ ဦးနုကသတိုးသီရိ သုဓမ္မဘွဲ့ ပေးခဲ့ပါတယ်။ ဗိုလ်နေဝင်းက စီအိုင်အေဆိုပြီး
နှင်ထုတ်ခဲ့ပြီး သူတို့ တည်ထောင်ခဲ့တဲ့သုတေသနအသင်းကို ဖျက်ပစ် လိုက်ခဲ့ပါတယ်။ ဦးသော်ကောင်းအကြောင်း ရေး
တဲ့ စာအုပ်မှာဦးသော်ကောင်းဟာ အဲဒီအကြောင်းတွေကို ထည့်ပြောခဲ့ပါတယ်။ ငိုသံပါနေတယ်လို့ ထင်မိပါတယ်။



ဗမာပြည် လွတ်လပ်ရေးရတော့ ဘားနဒ် ပိဋကတ်တိုက်ကို ငုံပြီး နိုင်ငံတော် ဂုဏ်နဲ့အညီ နိုင်ငံတော်စာကြည့်တိုက်
ရယ်လို့ ထူထောင်တယ်။ နောင်အခါ အမျိုးသား စာကြည့်တိုက်လို့ အမည်ပြောင်းတယ်။ နေရာရှစ်ခါပြောင်းလို့ စာအုပ်
ဟောင်းတွေနဲ့ ပေပုရပိုက်တွေ ကျိုးပျက်ရတယ်။ ခုထက်ထိ စာကြည့်တိုက်အဆောက်အအုံ ကိုယ်ပိုင် လုံးဝမရှိသေး၊
ရှိတာရောင်းစားလိုက်ရင် ရန်ကုန်မြို့ကြီးဟာ စာကြည့်တိုက် မရှိတဲ့မြို့အဖြစ် ဟောင်းလောင်းကြီး ကျန်ရစ်ပါတော့မယ်။
ကမ္ဘာမှာ စာကြည့်တိုက် ကိုယ်ပိုင် အဆောက်အအုံ မရှိတာ၊ကလေးစာကြည့်တိုက် မရှိတာ၊ အမျိုးသား စာစုစာရင်း မရှိ
တာ၊ နိုင်ငံခြားစာအုပ် မဝယ်တာ ဗမာ အမျိုးသားစာကြည့်တိုက် တစ်ခုတည်းသာ ရှိပါတော့ကြောင်းကို မျက်ရည်နဲ့
ရေးလိုက်ရပါတယ်။



လက်ရှိ အမျိုးသား စာကြည့်တိုက်ကြီးရဲ့ အခြေအနေကို ကျွန်တော် သိရှိမှတ်မိသမျှ တင်ပြချင်ပါတယ်။ အများသိကြပြီး
ဖြစ်တဲ့အတိုင်း အထက် ဗမာနိုင်ငံကို အင်္ဂလိပ်တို့ မသိမ်းမီ ၁၈၈၃ ခုနှစ်မှာ အောက်ဗမာပြည်ဝန်ရှင်တော်မင်းကြီး
ဆာချားလ် အက်ဒွပ် ဘားနဒ် (နယ်ချဲ့) တည်ထောင်ခဲ့တဲ့ ဘားနဒ် အခမဲ့ ပိဋကတ်တိုက်ကိုဗမာပြည် လွတ်လပ်ရေး ရ
တဲ့နှစ်မှာ ရန်ကုန် မြူနီစပယ် စာကြည့်တိုက် သဘောမျိုး ဆက်ခံ ထိန်းသိမ်းခဲ့ရာက၁၉၅၂ ကျမှ အစိုးရကို ပေးအပ်ခဲ့
တာ ဖြစ်ပါတယ်။ အဲဒီတော့မှ နိုင်ငံတော် စာကြည့်တိုက် သဘောမျိုးနဲ့ဂျူဗလီဟောကို ရွှေ့စေခဲ့ပါတယ်။ စစ်တပ်
အာဏာသိမ်းတဲ့ ၁၉၆၂ မှာ ပန်းဆိုးတန်း၊ တိုက်အမှတ် ၁၆၆၊ဒုတိယထပ်နဲ့ တတိယထပ်ကို ပို့ပြီး ပိတ်ထားခဲ့ပါတယ်။
၁၉၆၅ ခုနှစ် ကုန်ခါနီးမှ ပြန်ဖွင့်ပါတယ်။ မြူနီစပယ်မြို့တော်ခန်းမမှာ ဖွင့်တာပါ။ ၁၉၇၄ ကျမှ ကမ်းနားလမ်း ခြောက်
ထပ်ရုံးကို ပြောင်းပြီး ပြန်ဖွင့်ဖြစ်ပါတယ်။


အမည်အမျိုးမျိုး၊ နေရာအမျိုးမျိုး ရှစ်ကြိမ် ပြောင်းပြီးပါပြီ။




21 February 1883 when the Commissioner of Lower Myanmar, Sir Charles Edward Bernard opened
a library, with his collection of books, in the centre of Rangoon (presently No 1 State High School,
Latha Township). This library was the first free public library in Myanmar.



အခုလက်ရှိ အမျိုးသား စာကြည့်တိုက်ကြီးဟာ ၁၉၉၅ ခုနှစ်က စပြီး တာမွေ သုဿန်ဟောင်းကြီးထဲမှာ စတင်
ဆောက်လုပ်ခဲ့ပါတယ်။ မြေဧက ၁၀ ဧကလောက် ကျယ်ပါတယ်။ အထပ် ရှစ်ထပ် ရှိပါတယ်။ သင်္ချိုင်းထဲမှာရှိပေမယ့်
ခမ်းနားပါတယ်။ ၂ နှစ်နဲ့ အပြီးဆောက်မယ် ဆိုပေမယ့် ကျွန်တော် ပြည်ပ ထွက်လာတဲ့ ၂၀၀၂နိုဝင်ဘာထိ မပြီးသေး
ပါဘူး။ ၁၀ နှစ်လောက် ကြာသွားတယ် ထင်ပါတယ်။ မပြီးသေးပေမဲ့ ၁၉၉၉ ခုနှစ်ကစပြီးရွှေ့ပါတယ်။ ပေပုရပိုက်တွေ
ကို အဖိုးအခယူပြီး ငှားဖို့ဆိုထင်ပါရဲ့၊ ဗိုလ်တစ်ထောင် ကောလိပ်ကို ရွှေ့လိုက်သေးတယ်လို့ ကြားရပါတယ်။ ဆာလာ
အိတ်တွေနဲ့ ထည့်သွင်း ရွှေ့ပြောင်းတော့၊ ရှစ်ခါရွှေ့ ရှစ်ခါ ကျိုးပဲ့မှာပါပဲ။


ကျွန်တော်ထွက်လာပြီး မြန်မာတိုင်း သတင်းစာမှာ ၂၀၀၃ ခုနှစ်က ဖော်ပြတဲ့ စာရင်းအရ စာနယ်ဇင်း ၆ ဒဿမ၅ သိန်း
ခန့်အနက် စာအုပ် ၁ ဒဿမ ရှစ်သိန်းကျော် ရှိတယ်လို့ ဖော်ပြပါတယ်။ ခုအခါ ရွှေ့ပြောင်းပြီးလို့မှအသားမကျခင် ဒီ
အဆောက်အအုံကြီးကို လေလံပစ်ပြီး ရောင်းစားတော့မယ်လို့ ကြားလိုက်တော့ အရပ်ရပ်နေပြည်တော် ကြားလို့မတော်
ဖြစ်ပြီး သုတေသီ ပညာတတ် လောကမှာ အတော် တုန်လှုပ် သွားခဲ့ရပါတယ်။


သုတေသီတွေက ဝိုင်းပြီး မရွှေ့အောင် ပန်ကြားဖို့ ကောင်းပါတယ်။




During the Second World War, the Library was damaged but many books and almost all manuscripts
were saved. In 1952, the Library was transferred to the Myanmar Government. It moved to the
Jubilee Hall on the Shwedagon Pagoda Road and was reopened as the National Library of Myanmar
under the Ministry of Culture.


တကယ်ဆိုရင် အမျိုးသား စာကြည့်တိုက်ဆိုတာ အမျိုးသားစာပေတွေ သိမ်းဆည်းထားရာ နေရာဖြစ်ပြီးသုတေသီ
သုံးစွဲသူတွေနဲ့ နီးကပ် လွယ်ကူတဲ့ နေရာမှာ ရှိရပါမယ်။ အမျိုးသား စာကြည့်တိုက် အမျိုးအစားပြည်သူ့ စာကြည့်တိုက်
တွေဟာ တိုင်းနဲ့ပြည်နယ်တိုင်းမှာ ရှိပါတယ်။ မန္တလေး၊ မော်လမြိုင် စတဲ့ တိုင်းနဲ့ပြည်နယ်မြို့တော်တွေမှာ ရှိပါတယ်။
ဒါကို ရန်ကုန်တိုင်း စာကြည့်တိုက်အဖြစ် နာမည်ပြောင်းပြီး နေပြည်တော်သစ်မှာစာကြည့်တိုက် အသစ် တည်ထောင်
ဖွင့်လှစ် ထားရှိပြီး အထူးလိုအပ်တဲ့ စာအုပ်မျိုးတွေကို အသစ်ကူးယူထားရှိသင့်ပါတယ်။


လွတ်လပ်ရေးရတာ နှစ် ၆၀ ကြာမှ ကိုယ်ပိုင် အဆောက်အအုံနဲ့ ထားခွင့်ရတဲ့ စာကြည့်တိုက်ကြီးမှာ ငွေသုံးဘတ်ဂျက်
နည်းလို့ နိုင်ငံခြား စာအုပ်သစ်တွေ မဝယ်နိုင်ပါဘူး။ စာအုပ်ချင်း ဖလှယ်တာပဲ ရှိပါတယ်။ ခဲယမ်းမီးကျောက်၊ စစ်လေ
ယဉ်၊ စစ်ကားတွေပဲ ဝယ်နေရတာကိုး။ ၁၉၉၀ ခုနှစ်က တစ်နှစ်လုံးမှ ငါးသောင်းပဲရပြီးတိုးတောင်းလို့ ခုနစ်သောင်းပဲ
ရခဲ့ပါတယ်။ ဝန်ထမ်းက နေ့စား၊ လပေး၊ ဆန် ၁၂ ပြည်နဲ့ ခန့်ထားသူတွေပါမှ၂၅ ယောက်လောက်ပဲ ရှိခဲ့တာပါ။
ဝန်ထမ်းမလောက်လို့ အမျိုးသား စာစုစာရင်း အပြည့်အစုံ မလုပ်နိုင်ခဲ့တာဟာလည်း ကမ္ဘာ့အံ့ဖွယ်ပါပဲ။ စာကြည့်တိုက်
တစ်တိုက်လုံးရဲ့ စာစုစာရင်း စနစ်တကျ မထားနိုင်တော့စာကြည့်တိုက်ချင်း စာရင်းဖလှယ်တာမျိုး မလုပ်နိုင်တာလည်း
ကမ္ဘာ့အံ့ဖွယ်ပါပဲ။ ဘန်ကောက်က အမျိုးသားစာကြည့်တိုက်မှာ ပင်မ စာကြည့်တိုက် အဆောက်အအုံမှာပဲ တစ်ရာ့
အစိတ်လောက် ရှိပါတယ်။ စာအုပ်ဆိုင်ကြီးတွေမှာတောင် ကလေးစာဖတ်ခန်း ရှိပေမယ့် ဗမာပြည်မှာ စာကြည့်တိုက်မှာ
ကလေးစာဖတ်ခန်း၊ ကလေးစာကြည့်တိုက် မရှိပါဘူး။ သူများနိုင်ငံရောက် ဗမာလူငယ်တွေက ကလေးစာအုပ်ဟောင်း
တွေ လှူတော့သူတောင်းစာနိုင်ငံ မဟုတ်ဘူးဆိုပြီး ဗိုလ်ခင်ညွန့်က ငြင်းပယ် ခဲ့ဖူးပါတယ်။ ဒီမိုကရေစီခေတ်က ရန်ကုန်
မှာပြည်သူ့ စာကြည့်တိုက်ခေါ် အများသုံး စာကြည့်တိုက် ရှစ်တိုက် ရှိခဲ့သတဲ့။ ခုရှိတဲ့ စာပေဗိမာန် စာကြည့်တိုက်နဲ့ ဂန္ဒီ
စာကြည့်တိုက်တို့ဟာ အသက်မဝင်တော့ သလောက်ပါပဲ။ ဒါကြောင့် ပုဂ္ဂလိက စာအုပ်အငှာဆိုင် ကလေးတွေပေါ်ပေါက်
လာရတာလည်း ကမ္ဘာ့အံ့ဖွယ်ပါပဲ။ နိုင်ငံခြား ကျောင်းသားတစ်ဦးက ထူးဆန်းလို့ အသေအချာလေ့လာပြီး စာတမ်း ရေး
ဖူးပါတယ်။ စာကြည့်တိုက်တွေ မရှိလို့ ဒီလိုဖြစ်ရတယ် ဆိုတာကိုတော့ ထပ်ဆင့် အံ့သြသွားရလေရဲ့။





ရန်ကင်းမြို့နယ်၊ ဆည်မြောင်းဝင်း အတွင်းရောက် အိမ်နိမ့်စံ အမျိုးသား စာကြည့်တိုက်။


နိုင်ငံခြားကလှူတဲ့ စာအုပ်ဟောင်းတွေကို ငြင်းပယ်ခဲ့ဖူးပေမယ့် ပြည်တွင်း စာအုပ်ဆိုင်တွေက ရောင်းကျန်စာအုပ်
ဟောင်းတွေကိုတော့ အလှူခံပြီး ကျေးလက် စာကြည့်တိုက်၊ ရပ်ကွက် စာကြည့်တိုက် ကလေးတွေဖွင့်ခိုင်းနေတယ်
လို့ ကြားရပါတယ်။ ဘာပဲဖြစ်ဖြစ် ဝမ်းသာပါတယ်။ ဒါပေမဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်မရှိပါဘူး။ ကြံ့ဖွတ်နဲ့ စွမ်း
အားရှင် အစိတ်သား (တမတ်သား) ပါဝင်ပြီး နိုင်ငံရေးမပါအောင် ကြီးကြပ်နေတယ်လို့ကြားရတော့ စိတ်မကောင်းပါဘူး။


ကျွန်တော်တို့ ကျောင်းသားဘဝက မန္တလေး လမ်းမတွေတစ်လျှောက်မှာ စာဖတ်ခန်းလေးတွေ မှိုလို ပေါက်နေပါတယ်။
အနည်းဆုံးတော့ သတင်းစာမျိုးစုံ ဝင်ကြည့်လို့ ရပါတယ်။ နတ်နွယ်တို့၊ မောင်မိုးသူတို့လိုစာပေသမားတွေဟာ မန္တလေး
ဒီဘိုးဘိုးတာ စာကြည့်တိုက်က မွေးထုတ် လိုက်ခဲ့တာပါတဲ့။ ကျွန်တော်တို့ဆိုရင်မန္တလေး မီးရထားရပ်ကွက် စာကြည့်
တိုက်နဲ့ ကြီးပြင်းလာခဲ့ ပါတယ်။ ကျွန်တော်တို့ရွာ၊ တင်မိုးတို့ရွာတွေမှာလည်း စာကြည့်တိုက်လေးတွေ ရှိပါတယ်။ ကျေး
လက် စာကြည့်တိုက် ကလေးတွေက အာရှလူငယ်လေးတွေ ပေါ်ထွက်လာခဲ့ပါတယ်။ သူတို့ဟာ ဖက်ဆစ် တော်လှန်ရေး
သားကောင်းလေးတွေအဖြစ် ကြီးပြင်း ထွန်းကားလာခဲ့ပါတယ်။ စာကြည့်တိုက်တွေ ဖွင့်လိုက်တာဟာ ထောင်တံခါးတွေ
ပိတ်တာနဲ့ အတူတူပဲလို့ ငယ်ငယ်က မှတ်ခဲ့ရပါတယ်။ ခုတော့ ထောင်တွေပဲ ထပ်တိုးလာပြီး စာကြည့်တိုက်တွေက ပိတ်
ကုန်ပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်ကိုဒါတစ်ခုနဲ့ပဲ တွက်လို့ ရနေပါပြီ။ မြို့လယ်က ဂျူဗလီဟောလို၊ သမိုင်းဝင်
အဆောက်အအုံ၊ စာကြည့်တိုက်၊ပြတိုက်ဟောင်း နေရာတွေကို ဖျက်ပြီး စစ်သမိုင်းပြတိုက် ဆောက်သတဲ့။ သမိုင်းဝင်
အတွင်းဝန်ရုံးကိုလည်း ရောင်းစားတော့မတဲ့။ ဘနှဖူး သိုက်တူးရက်လေခြင်း။ နောင်တစ်ခေတ်ရဲ့ အောင်စစ်သည်တွေ
ဟာ စစ်တန်းလျားတွေ ရောင်းပစ်ကြပါစို့။ အကျဉ်းထောင် အချုပ်ခန်းတွေ ရောင်းပစ်ကြပါစို့။ ပုဂံခေတ် ပိဋကတ်တိုက်
အစဉ်အလာကို ပြန်လည် ထူထောင်ကြပါစို့။


မောင်စွမ်းရည်
၂၀၀၈ ဇန်နဝါရီ


                                                             သူတို့ဆီက စာကြည့်တိုက်များ


Library of congress is in Washington DC, USA. It was founded in 1800.
This library stocks over 30 million books. Library of congress was featured in
a film National Treasure 2.




Harvard University Library is in Cambridge, MA, USA. It was founded in 1638.
This library stocks over 13.1 million books. 




New York Public Library is in New York City, NY, USA.
It was founded in 1895. This library stocks over 11 million books. 




Beinecke Rare Books Library at Yale.




British Library located at London, UK. 




British Library reading room, now at the centre of the Great Court,
British Museum, London.




Canadian Library of Parliament - Ottawa, Canada. 




Deutsche Nationalbibliothek Frankfurt Lesesaal. 




The Royal Library,
Located on the second floor at the Royal Monastery of
San Lorenzo de El Escorial in Madrid, Spain.




Mitchell Library,
Sydney The State Library of New South Wales, Austrailia. 




National Library in Frankfurt. 




National Library,
Ottawa, Canada, 1876. Inside the Parliament Library.




New York Public Library.




Russian National Library, St. Petersburg. 




Boston Copley Public Library Boston MA USA.




Russian State Library is the national library of Russia.




Library for the Faculty of Philology at the Free University Berlin, Germany.

http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1502912&xgs=1&xg_source=msg_share_post

Thursday, March 8, 2012

စိတ်ဝင်စားဖွယ်ရာ Google

Goole ဆိုသည်မှာ အင်တာနက် web site ရှာဖွေရေးနှင့် ကြော်ငြာဝန်ဆောင်မူ ကော်ပိုရေးရှင်း တစ်ခုဖြစ်ပြီး Standford တက္ကသိုလ် ပါရဂူကျောင်းသား နှစ်ဦးဖြစ်သော Larry Page နှင့် Sergey Brin တို့ နှစ်ဦးပူးပေါင်း၍ Google ကို ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်တွင် စတင်တည်ထောင် ခဲ့သည်။ လူထု၏အခြေခံလိုအပ်ချက်များလုပ်ဆောင်ရန်အတွက် Larry Page ၊ Sergey Brin နှင့် Eric Schmidt တို့သုံးဦးသည် ၂၀၀၄ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့တွင် ၂၀၂၄ ခုနှစ်အထိ နှစ်၂၀ကြာလုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်။
ကာလီဖိုးနီးယားရှိ သူငယ်ချင်း တစ်ယောက်၏ ကားဂိုဒေါင်တွင် စတင် တည်ထောင် ခဲ့ကြပြီးနောက် ၂၀၀၆ခုနှစ်တွင် လက်ရှိဌာနချုပ်ကို ကယ်လီဖိုးနီးယား မောင်တိန်းဗျူးသို့ ပြောင်းရွှေ့ ခဲ့လေသည်။ Google သည် အင်တာနက်ရှာဖွေရေး၊ G-mail ၀န်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ Google Docs office suite နှင့် Google+ ကဲ့သို့ Social networking ၀န်ဆောင်မှုကိုလည်း ထုတ်လုပ်ခဲ့လေသည်။ Google Talk ကဲ့သို့ messaging application၊ Google Chrome ကဲ့သို့ Web browser နှင့် Picasa ကဲ့သို့ ဓာတ်ပုံစုစည်းပြုပြင်မှု Software များကိုလည်း ထုတ်လုပ်ခဲ့သည်။ Android mobile operating System ကို Google က ဦးဆောင်ပြီး ဆောင်ရွက်ခဲ့သည်။
Web site များ တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်နွယ်နေမူကို အခြေခံသည့် Page Rank စနစ်သည် Gogle Search Engine အတွက်အခြေခံ အုတ်မြစ် ဖြစ်ခဲ့သည်။ သူတို့နှစ်ဦး ဖန်တီးလိုက်သည့် search engine ကို 'Back Rub' ဟု အမည်ပေးခဲ့သည်။ သတင်း အချက်အလက် အမြောက်အမြားကို Search Engine က ရှာဖွေ ပေးနိုင်သည့် အတွက် Google ဟု ပြောင်းလဲ နာမည်ပေးခဲ့သည်။ Google သည် Googol ဆိုသည့် စကားလုံးမှ ဆင်းသတ် လာသည်။ ကိန်းတစ်ခု၏ နောက်တွင် သုညအလုံးရေ ၁၀၀ ဟု အဓိပ္ပယ်ရရှိပြီး များပြားမှုကို ဖော်ကျူးသည့် အဓိပ္ပါယ်ဖြစ်သည်။
Google ၏ Web site ရှာဖွေရေး ကို Standford တက္ကသိုလ် Web site အောက်တွင်ထားရှိခဲ့သည်။ ၁၉၉၇ စက်တင်ဘာလ တွင် www.googole.com လိပ်စာဖြင့် မှတ်ပုံတင်ခဲ့သည်။ ကမ္ဘာတစ်ဝန်း Web site ရှာဖွေသူ ၅၀ ရာခိုင်နှုန်းသည် ဓာတ်ပုံရှာဖွေခြင်း၊ သတင်းရှာဖွေခြင်း၊ Free-E mail, Google Earth, Google Maps ရှာဖွေသည့် ၀န်ဆောင်မှု လုပ်ငန်း များသည် Google ၏ အောင်မြင်သော လုပ်ငန်းများ ဖြစ်သည်။
ဝင်ငွေ၏ ၉၉ ရာခိုင်နှုန်းသည် Google ၏ ကြောငြာဝန်ဆောင်မှုလုပ်ငန်းမှ အဓိက ရရှိခဲ့ပြီး ၂၀၀၆ ဘဏ္ဍာနှစ်အတွက် အင်တာနက် ပေါ်တွင် ကြော်ငြာခြင်း မှ ဒေါ်လာ ၁၀ ဒသမ ၄၉၂ ဘီလျှံ အကျိုးအမြတ်ရခဲ့သည်။


Canteen
Resting Room

Training Room
http://en.wikipedia.org/wiki/Google မှ ဆီလျော်အောင် ဘာသာပြန်ပေးထားပါသည်။

ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.shwemyotaw.net/profiles/blog/show?id=5442636%3ABlogPost%3A3416064&xgs=1&xg_source=msg_share_post#ixzz1oXCYYU5x

Saturday, February 25, 2012

မြန်မာ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုး

ကျွန်တော်တို့ မြန်မာပြည်ကြီးမှာ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးရှိတယ်။ အားလုံးဗဟုသတဖြစ်အောင် တင်ပေးလိုက်ပါတယ်။
ကချင်တွင် လူမျိုးစု စုစုပေါင်း ၁၂ မျိုး ရှိသည်။

(၁) ကချင် Kachin

(၂) တရုမ်းTaron Taron

(၃) ဒလောင် Dalaung

(၄) ဂျိန်းဖော Jinghpaw

(၅) ဂေါ်ရီ Guari

(၆) ခခူ Hkahku

(၇) ဒူးလန်း Duleng

(၈) မရူ (လော်ဝေါ်) Maru (Lawgore)


(၉) ရ၀မ် Rawang

(၁၀) လရှီ (လချိတ်) Lashi (La Chit)

(၁၁) အဇီး Atsi

(၁၂) လီဆူး Lisu


ကယားတွင် လူမျိုးစု စုစုပေါင်း ၉ မျိုး ရှိသည်။
 (၁၃) ကယား Kayah

(၁၄) ဇယိမ်း Zayein

(၁၅) ကယန်း (ပဒေါင်) Ka-Yun (Padaung)

(၁၆) ကဲ့ခို Gheko

(၁၇) ဂေဘား Kebar

(၁၈) ဘရဲ့ (ကယော) Bre (Ka-Yaw)

(၁၉) မနုမနော Manu Manaw

(၂၀) ယင်းတလဲ Yin Talai

(၂၁) ယင်းဘော် Yin Baw

ကရင်တွင် လူမျိုးစု စုစုပေါင်း ၁၁ မျိုး ရှိသည်။

(၂၂) ကရင် Kayin

(၂၃)ကရင်ဖြူ Kayinpyu

(၂၄) ပလေကီး Pa-Le-Chi

(၂၅) မွန်ကရင် (စာဖြူ) Mon Kayin (Sarpyu)

(၂၆) စကော Sgaw

(၂၇) တာလှေပွား Ta-Lay-Pwa

(၂၈) ပကူး Paku

(၂၉) ဘွဲ Bwe

(၃၀) မော်နေပွား Monnepwa

(၃၁) မိုးပွား Monpwa

(၃၂) ရှူး (ပိုး) Shu (Pwo)


ချင်းတွင် လူမျိုးစု စုစုပေါင်း ၅၃ မျိုး ရှိသည်။

(၃၃) ချင်း (ဇိုမီး) Chin (Zomi)

(၃၄) မေ့ထေး (ကသည်း) Meithei (Kathe)

(၃၅) ဆလိုင်း Saline

(၃၆) ကလင်ကော (လူရှေ) Ka-Lin-Kaw (Lushay)

(၃၇) ခမီ Khami

(၃၈) အ၀ခမီ Awa Khami

(၃၉) ခေါနိုး Khawno

(၄၀) ခေါင်စို Kaungso

(၄၁) ခေါင်စိုင်ချင်း Kaung Saing Chin

(၄၂) ခွာဆင်းမ် Kwelshin

(၄၃) ခွန်လီ (ဆင်) Kwangli (Sim)

(၄၄) ဂန်တဲ့ (လင်တဲ) Gunte (Lyente)

(၄၅) ဂွေးတဲ Gwete

(၄၆) ငွန်း Ngorn

(၄၇) ဆီစာန် Zizan

(၄၈) ဆင်တန် Sentang

(၄၉) ဆိုင်းဇန် Saing Zan

(၅၀) ဇာဟောင် Za-How

(၅၁) ဇိုတုံး Zotung

(၅၂) ဇိုဖေ Zo-Pe

(၅၃) ဇို Zo

(၅၄) ဇန်ညှပ် Zahnyet (Zanniet)

(၅၅) တပေါင်Tapong

(၅၆) တီးတိန် Tiddim (Hai-Dim)

(၅၇) တေဇန် Tay-Zan

(၅၈) တိုင်ချွန်း Taishon

(၅၉) သဒို Thado

(၆၀) တောရ် Torr

(၆၁) ဒမ် Dim

(၆၂) ဒိုင် (ယင်ဒူး) Dai (Yindu)

(၆၃) နာဂ Naga

(၆၄) Tanghkul

(၆၅) Malin

(၆၆) Panun

(၆၇) Magun

(၆၈) Matu

(၆၉) Miram (Mara)

(၇၀) Mi-er

(၇၁) Mgan

(၇၂) လူရှိုင်း (လူရှေ) Lushei (Lushay)

(၇၃) Laymyo

(၇၄) Lyente

(၇၅) လောက်တူ Lawhtu

(၇၆) လိုင် Lai

(၇၇) လိုင်ဇို Laizao

(၇၈) ၀ါကင်းမ် Wakim (Mro)

(၇၉) Haulngo

(၈၀) အနူး Anu

(၈၁) အနန် Anun

(၈၂) Oo-Pu

(၈၃) လင်းဘု Lhinbu

(၈၄) အရှိုAsho (Plain)

(၈၅) Rongtu



ဗမာတွင် လူမျိုးစု စုစုပေါင်း ၉ မျိုး ရှိသည်။

(၈၆) ဗမာ Bamar

(၈၇) ထားဝယ် Dawei

(၈၈) မြိတ် Beik

(၈၉) ယော Yaw

(၉၀) ယဗိန်း Yabein

(၉၁) ကဒူး Kadu

(၉၂) ကနန်း Ganan

(၉၃) ဆလုံ Salon

(၉၄) ဖွန် Hpon


မွန်တွင် လူမျိုးစု စုစုပေါင်း ၁ မျိုး ရှိသည်။

(၉၅) မွန် Mon


ရခိုင်တွင် လူမျိုးစု စုစုပေါင်း ၇ မျိုး ရှိသည်။

(၉၆) ရခိုင် Rakhine

(၉၇) ကမန်လူမျိုး‎ Kamein

(၉၈) ခမွီး Kwe Myi

(၉၉) ဒိုင်းနက် Daingnet

(၁၀၀) မရမာကြီး Maramagyi

(၁၀၁) မြို Mro

(၁၀၂) သက် Thet


ရှမ်းတွင် လူမျိုးစု စုစုပေါင်း ၃၃ မျိုး ရှိသည်။

(၁၀၃) ရှမ်း Shan

(၁၀၄) ယွန်း (လော) Yun (Lao)

(၁၀၅) ကြီ Kwi

(၁၀၆) ဖျင် Pyin

(၁၀၇) ယောင် Yao

(၁၀၈) ဓနော Danaw

(၁၀၉) ပလေး Pale

(၁၁၀) အင် Eng

(၁၁၁) စုံ Son

(၁၁၂) ခမူ Khamu

(၁၁၃) ကော် (အခါ အီကော) Kaw (Akha-E-Kaw)

(၁၁၄) ကိုးကန့် Kokant

(၁၁၅) ခန္တီးရှမ်း Khamti Shan

(၁၁၆) ဂုံရှမ်း Hkun

(၁၁၇) တောင်ရိုး Taungyo

(၁၁၈) ဓနု Danu

(၁၁၉) ပလောင် Palaung

(၁၂၀) မြောင်ဇီး Man Zi

(၁၂၁) ယင်းကျား Yin Kya

(၁၂၂) ယင်းနက် Yin Net

(၁၂၃) ရှမ်းကလေး Shan Gale

(၁၂၄) ရှမ်းကြီး Shan Gyi

(၁၂၅) လားဟူ Lahu

(၁၂၆) အင်းသား Intha

(၁၂၇) အိုက်ဆွယ် Eik-swair

(၁၂၈) ပအိုဝ်း Pa-O

(၁၂၉) တိုင်းလွယ် Tai-Loi

(၁၃၀) တိုင်းလျမ် Tai-Lem

(၁၃၁) တိုင်းလုံ Tai-Lon

(၁၃၂) တိုင်းလေ့ Tai-Lay

(၁၃၃) မိုင်းသာ Maingtha

(၁၃၄) မောရှမ်း Maw Shan

(၁၃၅)၀ Wa

မြန်မာ့စွယ်စုံကျမ်း

သမ္မတကြီး အဂ္ဂမဟာ သရေစည်သူ ဦးသိန်းစိန်၏ အတ္တုပတ္တိ




နိုင်ငံတော်သမ္မတအဂ္ဂမဟာ သရေစည်သူ ဦးသိန်းစိန် သည်
၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်တွင် အဘ ဦးမောင်ဖြိုး၊ အမိ ဒေါ်ခင်ညွန့် တို့မှဖွားမြင်ခဲ့သူဖြစ်သည်။
အခြေခံပညာကို ပုသိမ်ခရိုင် ငပုတောမြို့ နယ် ကျုံကူးရွာ မူလတန်းကျောင်း၊ ချောင်းဝရွာ အလယ်တန်းကျောင်း နှင့် ပုသိမ်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း တို့၌ ပညာသင်ကြားခဲ့သည်။
ထို့နောက် စစ်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ရာ ၀ိဇ္ဇာဘွဲ့(စစ်တက္ကသိုလ်)ရရှိခဲ့ပြီး ၁၉၆၇ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ရှမ်း(၁)တွင် ဗိုလ်ကြီးအဆင့်ဖြင့် လည်းကောင်း၊
၁၉၈၂ ခုနှစ်အထိ ရမခ၊ ခမရ(၁၀၉) နှင့်ခလရ(၈၉)တို့တွင် ဗိုလ်မှူးအဆင့် ဖြင့်လည်းကောင်း၊
၁၉၈၉ ခုနှစ် တွင် ဒုဗိုလ်မှူးကြီးအဖြစ် ခလရ(၈၉)၊ နတခနှင့် ကက(ကြည်း)တို့တွင် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၉၃ ခုနှစ်တွင် ဗိုလ်မှူးကြီး အဖြစ် ကက(ကြည်း)နှင့် စကခ(၄)၊
၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဖြစ် စကခ(၄)နှင့်တသခ၊
၁၉၉၇ခုနှစ်တွင် ဗိုလ်ချုပ်အဖြစ် တသခနှင့်ကကရေး၊
၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် ကက(ကြည်း)တွင်တာဝန်ဆက်လက် ထမ်းဆောင်ခဲ့သည်။
ဦးသိန်းစိန်သည် ၂၀၀၆ ခုနှစ် မှစတင်၍ နယကအဖွဲ့ နယကအဖွဲ့ ၀င်အဖြစ်လည်းကောင်း၊
အတွင်းရေး မှူး(၂)အဖြစ်လည်းကောင်း၊ အတွင်း ရေးမှူး(၁)အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကာ
၂၀၀၈ ခုနှစ် တွင် ခေတ္တ၀န်ကြီးချုပ်၊
၂၀၀၈ ခုနှစ် အောက်တိုဘာလမှ စတင်၍ နိုင်ငံတော် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၈ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ကို ရရှိခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၌ဥက္ကဋ္ဌ တာဝန်ထမ်း ဆောင်ခဲ့ကာ
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။
၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက် နေ့တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသူ ဦးသိန်းစိန်သည် ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်တွင် ကတိသစ္စာပြုပြီး နိုင်ငံတော်သမ္မတ တာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်အစိုးရ လက်ထက် တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်ကလည်း အထက်အမိန့်နာခံ တတ်မှု၊ အောက်လက်ငယ်သားတို့ အပေါ် စာနာတတ်မှုတို့ဖြင့် ထင်ရှား ခဲ့ပြီး နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူချိန်တွင်လည်း ပြည်သူလူထု၏ ဆန္ဒနှင့်အသံကို နားထောင်သူအဖြစ် မြစ်ဆုံအရေးနှင့် အတူ ထင်ရှားလာ သူ ဖြစ်သည်။
“၈၈ အရေးအခင်းပြီးတော့ ကျွန်တော့်သား အိမ်ကနေ ရုတ်တရက် ပျောက်သွားပါတယ်။ နယ်စပ်ဘက်ကို ရှောင်ပြေးသွားတာ။ တစ်ပတ်၊ နှစ်ပတ်လောက် ဘယ်မှာမှ စုံစမ်းလို့မရဘူး။ သုံး၊ လေးပတ် လောက်နေမှ စုံစမ်းလို့ရတယ်။
အိန္ဒိယနယ်စပ် ကလေးမှာရှိတဲ့ တပ် ရင်းတစ်ရင်းက ထွက်ပြေးသွားတဲ့ ဆေးကျောင်းသားတွေကို ဖမ်းမိထားတယ်လို့ သတင်းရတယ်။ အဲဒါနဲ့ ကျွန်တော် မော်လိုက်ကနေ ကလေး ကိုလိုက်သွားပြီး ကျွန်တော့်သားများ ပါမလားလို့ အဲဒီတပ်ရင်းမှူးနဲ့ သွား တွေ့တယ်။
တပ်ရင်းမှူးက ဖက်လဲ တကင်းနဲ့ နှုတ်ဆက်တယ်။ ကလေး တွေကို တားဆီးထားကြောင်း ပြောပါတယ်။ တကယ်ကတော့ ကလေးတွေက ပြန်ဝင်လာတာ မဟုတ်ဘူး။
ထွက်ပြေးပြီးတော့ လက်နက်ကိုင်ဖို့ သွားတဲ့သူတွေဖြစ်လို့ ကြိုက်တာ လုပ်လို့ရတဲ့ အနေအထားပါ။
ဒါပေမယ့် တကယ့်ကိုဖက်လဲတကင်းနဲ့ ကလေးတွေကိုလည်း ကောင်းကောင်း မွန်မွန် စောင့်ရှောက်ထားတယ်။
ပြီးတော့ ရပ်မိရပ်ဖတွေက တစ်ဆင့် ကျွန်တော့်သား အပါအ၀င် တခြား ဆေးကျောင်းသားတွေကိုပါ အပ်နှံလိုက်တယ်။ ကျွန်တော်တို့ ခေါင်းမီး တောက်တာကို ပြေပျောက်စေခဲ့ တယ်။
အဲဒီတပ်ရင်းမှူးက အရမ်း သဘောကောင်းတယ်။ ဆက်ဆံရေး ပြေပြေပြစ်ပြစ်ရှိတယ်။ မောက်မာမှု မရှိဘူး။
ကလေးတွေကိုလည်း သူ့ သားသမီးလို ဆက်ဆံတယ်။ ကလေး တွေကို ဆုံးမစကားပြောတဲ့အခါမှာ လည်း ဆန့်ကျင်ဘက် နိုင်ငံရေးစကား တွေ ရင့်ရင့်သီးသီး တစ်ခွန်းမှမပါဘဲ လူကြီးတစ်ယောက်က ဆုံးမစကား ပြောသလို ပြောခဲ့တယ်။ ကလေးတွေ ကို ပြန်အပ်လိုက်တဲ့ တပ်ရင်းမှူးက အသက် ၄၀ ကျော်ပဲ ရှိသေးတဲ့ အဲဒီ တုန်းက ဒုတိယဗိုလ်မှူးကြီးသိန်းစိန် ပါ။ အခု နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ပါ။
ဒီကြားထဲမှာ သူနဲ့ လည်း ထပ်မတွေ့တော့ပါဘူး။ ကျွန်တော်သိတဲ့ သမ္မတကြီးဟာ ဒီလိုလူမျိုးဆိုတာ ပြောပြတာပါ”
ဟု ဦးအောင်သင်း (အထွေထွေမန်နေဂျာ (ငြိမ်း)မြန်မာ့သစ်လုပ်ငန်း) က ပြော ကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် အစိုးရအဖွဲ့သစ်ကို ဦးဆောင် တာဝန်ယူခဲ့ပြီးချိန် နောက်ပိုင်းကာလ တစ်လျှောက်လုပ်ဆောင်ခဲ့သည်များ မှာ ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။

(မြန်မာ့သတင်းနန်းတော်မှ ကူးယူဖေါ်ပြပါသည်)

လွန်ခဲ့သော နှစ်ပေါင်း ၇ဝ ခန့်က ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ မင်္ဂလာသတင်း( ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ)

လွန်ခဲ့သော နှစ်ပေါင်း ၇ဝ ခန့်က ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ မင်္ဂလာသတင်း( ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ)

လွန်ခဲ့သော နှစ်ပေါင်း ၇ဝ ခန့်က သူရိယသတင်းစာတွင် ဖော်ပြခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ မင်္ဂလာသတင်း



























ခုတလော စာရေးသူသည် အနှစ်နှစ်အလလက စုဆောင်းထားသော ခေတ်အဆက်ဆက်က သတင်းစာဟောင်းများထဲမှ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော သတင်းစာပါ ရေးသားဖော်ပြချက်များကို သုတေသနပြုရန် ရှာဖွေစုဆောင်းမိခဲ့ပါသည်။ ထိုသို့ စုစည်းနေစဉ်မှာပင် သက္ကရာဇ် ၁၃ဝ၄ ခု၊ သီတင်းကျွတ်လဆုတ် ၇ ရက်၊ ၃၁-၁ဝ-၄၂ ရက်စွဲဖြင့် ဂျပန်ခေတ် အတွင်းက အယ်ဒီတာ (အမ်) ဘိုးချိန် ထုတ်ဝေသော သူရိယနေ့စဉ် သတင်းစာတစ်စောင်ကို တွေ့ရှိခဲ့လေသည်။ ထိုသတင်းစာတွင် မမျှော်လင့်ဘဲ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့ ၏ မင်္ဂလာသတင်းကို တွေ့ရှိခဲ့ရလေ၏။ သတင်းစာတွင် ဗိုလ်ချုပ်အောင်ဆန်းအား ဗိုလ်မှူးကြီးအောင်စန်းဟု ဖော်ပြထား၏။ ဆန်းအစား စန်းဖြစ်နေသည်။
(မှတ်ချက် - ဗိုလ်ချုပ်အောင်ဆန်းအား ငယ်စဉ်က အောင်စန်းဟု ခေါ်ကြောင်း
 မှတ်သားမိခဲ့ဖူးပါသည်-စာရေးသူ) သူရိယသတင်းစာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ မင်္ဂလာသတင်းကို အောက်ဖော်ပြပါအတိုင်း ဖော်ပြထား၏။

ဗိုလ်မှူးကြီးအောင်စန်း၏ လက်ထပ်မင်္ဂလာ
 ဗမာပြည် ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိဗိုလ်မှူးကြီးအောင်စန်းနှင့် ဒေါက်တာဦးဘသန်း ကြီးမှူးအုပ်ချုပ် သော ဘီအိုင်အေ စစ်တပ်ဆေးရုံကြီးမှ သူနာပြုဆရာမကြီး မခင်ကြည်တို့သည် ဘီအိုင်အေ ဆေးရုံခန်းမကြီးတွင် အခမ်းအနားသိုက်မြိုက်စွာ မင်္ဂလာလက်ထပ်ပွဲကြီး ကျင်းပရာ စစ်ဘက်ဆိုင်ရာအရာရှိကြီးများနှင့်ဝန်ကြီးများအပြင် အထူးဧည့်သည်များ အများအပြား တက်ရောက်ချီးမြှင့်ကြကြောင်း။ထိုမင်္ဂလာပွဲနှင့် ပတ်သက်၍ ဗိုလ်မှူးကြီး အောင်စန်း၏အကြောင်းများကို အများသိပြီးဖြစ်သည့်အတိုင်း ရေးသားဖော်ပြရန်မလိုပေ။ သို့ရာတွင် ဗိုလ်မှူးကြီး၏ ချစ်ဇနီး သတို့သမီးကြီးအတ္ထုပ္ပတ္တိကိုကား အများသိချင်သည့်အတိုင်း ကျွန်ုပ်တို့ စုံစမ်း၍အောက်ပါအတိုင်း ရေးသားဖော်ပြလိုက်ရကြောင်း။
သတို့သမီး မခင်ကြည်သည် မြောင်းမြမြို့နေ အငြိမ်းစား အိုဗာစီယာ ဦးဘိုးညှင်း + ဒေါ်ဖွားစုတို့၏ သမီးဖြစ်၍ အသက်၂၅ နှစ်မျှရှိပြီဖြစ်ကြောင်း၊ သတို့သမီး မခင်ကြည်သည် မြောင်းမြမြို့ အစိုးရ အထက်တန်းကျောင်းမှ အထက်တန်း အောင်မြင်ပြီးနောက်၊ရန်ကုန်မြို့ဆေးရုံကြီးတွင် သူနာပြုစုခြင်းအတတ်ကို သင်ကြားရာ အောင်မြင်သဖြင့် ဆေးရုံကြီး၌ပင် အမှုထမ်းနေကြောင်း။ ထိုဆေးရုံ၌ပင် ဒေါက်တာဦးဘသန်း၏ လက်အောက်တွင် တပည့်မရှစ်ဦးရုံ၌ပင် ဒေါက်တာဦးဘသန်း၏ လက်အောက်တွင် တပည့်မရှစ်ဦး အမှုထမ်းနေသဖြင့် ဦးဘသန်းက ပိုမိုတတ်ကျွမ်းနားလည်အောင် သင်ကြားပြသခဲ့ကြောင်း။ မခင်ကြည်သည် အထူးသတ္တိကောင်းသူ အမျိုးသမီးလေးဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်ကြီးကို နိပွန်လေတပ်က လာရောက်ဗုံးကြဲသဖြင့် ဒဏ်ရာရသူပေါင်း များစွာတို့ကို ဒေါက်တာ ဦးဘသန်းနှင့် ကူညီ၍ပြုစုကုသခဲ့ကြောင်း။ ထိုအခါက ဗုံးမည်မျှပင်ကြဲသည် ဖြစ်စေ မခင်ကြည်သည် အလုပ်ဝတ္တရားကို စွန့်လွှတ်ပြီး လွတ်ရာသို့ ပြေးခြင်းမရှိ။ ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ကစ၍ မြို့သူ မြို့သားများ ထွက်ခွာရန် အင်္ဂလိပ်အစိုးရက အကျပ်အတည်း အမိန့်ပေးတော့မှ မခင်ကြည်သည် မိဘများရပ်ထံသို့ ပြန်သွားတော့ကြောင်း။
ဖူးစာရေးနတ်ကြောင့်ပင်လော
နိပွန်တပ်မတော်ကြီးသည် မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့သို့ ဝင်လာသောအခါ ဘီအိုင်အေတပ်လည်း ပါလာသဖြင့် ဘီအိုင်အေစစ်တပ်က ဒေါက်တာ ဦးဘသန်းအား ဘီအိုင်အေဆေးရုံကြီး ဖွင့်လှစ်ရန် အမိန့်ပေးသဖြင့် ဒေါက်တာ ဦးဘသန်းက ဒိုင်အိုစီဇင် မိန်းကလေးကျောင်းကို ဘီအိုင်အေစစ်တပ်ဆေးရုံဟု အမည်ပေးပြီး အုပ်ချုပ်ရကြောင်း။ ထိုဆေးရုံကြီး ဖွင့်လှစ်ပြီးများ မကြာမီ မခင်ကြည်ရောက်လာ၍ ဒေါက်တာ ဦးဘသန်းနှင့် အတူ သူနာများကို ပြုစုခြင်း၊ ဆေးဝါးပေးခြင်း စသည်တို့ကို ဆောင်ရွက်ပြန်ကြောင်း၊ တိုတိုရေးသားရလျှင် ကျွန်ုပ်တို့၏ သေနာပတိ ဗိုလ်မှူးကြီး အောင်စန်းသည် မကျန်းမာသဖြင့် ထိုဆေးရုံကြီးသို့ ရောက်လာပြီး ဆေးဝါးမှီဝဲရာမှ ဆရာမကြီး မခင်ကြည် နှင့်တွေ့ဆုံ၍ တစ်ဦးကိုတစ်ဦး မေတ္တာသက်ဝင်တော့ကြောင်း ။ ဤကား မခင်ကြည်နှင့် ဗိုလ်မှူးကြီးအောင်စန်းတို့ ဖူးစာရေးဆက်နွှယ်ခြင်းပေတည်း။

မခင်ကြည်သည် သူနာပြုစုရာတွင် လူနာများအား ချိုသာစွာပြုစုခြင်း၊ နှစ်သိမ့်ခြင်းအမှု တို့ကို ပြုသဖြင့် ဆေးရုံကြီးတွင် ချစ်ခင်သူ အထူးပင် ပေါများခဲ့၏။ အခြားဆရာမများကလည်း နာမည်ရင်းကို  မခေါ်ကြဘဲ၊ ဘေဘီဟု ခေါ်ကြလေသည်။ မခင်ကြည်သည် သေနာပတိ ဗိုလ်မှူးကြီးကတော် ဖြစ်လင့်ကစား စိတ်ကြီးဝင်ခြင်း မရှိဘဲ၊ ပေါင်းသင်းရင်းနှီးခဲ့သူများကို ရှေး ကကဲ့သို့ပင် ချစ်ခင်လျက်ပင်ရှိသည့်ပြင် သူနာပြုအတတ်ကိုလည်း စိတ်ဝင်စားလျက်ရှိသည်ဟု သိရကြောင်း စသည်ဖြင့် သူရိယသတင်းစာတွင် ရေးသားဖော်ပြချက်ကို မူရင်းအတိုင်း တင်ပြလိုက်ရပါသည်။

 မေမြို့ချစ်ဆွေ



http://swesonemedia.org/index.php?id=1949



http://mraungmintun-kokomg.blogspot.com/

Friday, September 23, 2011

ဧရာဝတီ/ အင်မိုင်ခ/ မလိခဆည်များ

ဆည်နှင့် ပတ်သက်သည့် အချက်အလက်များ

ဧရာဝတီမြစ်ဆုံဆည်
အမြင့်။ ခန့်မှန်း ၁၅၂ မီတာ။
တပ်ဆင်ထားသည့် စွမ်းအား။ ၆,၀၀၀ မဂ္ဂါဝပ် (MW)။
နှစ်စဉ်ထုတ်လုပ်နိုင်မှု။ ၁၆,၆၃၄ ကီလိုဝပ်နာရီသန်းပေါင်း (Gwh)

ချီဗွေဆည်

အမြင့်။ မသိရ။
တပ်ဆင်ထားသည့် စွမ်းအား။ ၃,၄၀၀ မဂ္ဂါဝပ် (MW)။
နှစ်စဉ်ထုတ်လုပ်နိုင်မှု။ မသိရ။

ပါရှီဆည်
အမြင့်။ မသိရ။
တပ်ဆင်ထားသည့် စွမ်းအား။ ၁,၆၀၀ မဂ္ဂါဝပ် (MW)။
နှစ်စဉ်ထုတ်လုပ်နိုင်မှု။ မသိရ။

လာကင်ဆည်
အမြင့်။ မသိရ။
တပ်ဆင်ထားသည့် စွမ်းအား။ ၁,၄၀၀ မဂ္ဂါဝပ် (MW)။
နှစ်စဉ်ထုတ်လုပ်နိုင်မှု။ မသိရ။

ဖိဇောဆည်
အမြင့်။ မသိရ။
တပ်ဆင်ထားသည့် စွမ်းအား။ ၁,၅၀၀ မဂ္ဂါဝပ် (MW)။
နှစ်စဉ်ထုတ်လုပ်နိုင်မှု။ မသိရ။

ကောင်းလန်းဖူးဆည်

အမြင့်။ မသိရ။
တပ်ဆင်ထားသည့် စွမ်းအား။ ၁,၇၀၀ မဂ္ဂါဝပ် (MW)။
နှစ်စဉ်ထုတ်လုပ်နိုင်မှု။ မသိရ။

လိုင်ဇာဆည်
အမြင့်။ မသိရ။
တပ်ဆင်ထားသည့် စွမ်းအား။ ၁,၅၆၀ မဂ္ဂါဝပ် (MW)။
နှစ်စဉ်ထုတ်လုပ်နိုင်မှု။ မသိရ။

ပတ်သက်နေသည့် ကုမ္ပဏီများ

          တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) က မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအတွက် စီမံချက် မန်နေဂျာဖြစ်သော်လည်း ယခုအခါ ပြင်ဆင်ရေးလုပ်ငန်းတွင် ကုမ္ပဏီ အများအပြားက မဂ္ဂါဝပ် ၃,၆၀၀ ထုတ်ပေးနိုင်မည့် ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေးလုပ်ငန်း၌ ပါဝင်ပတ်သက်နေကြပါသည်။ မူးယစ်ရာဇာ လော်စစ်ဟန် ဦးဆောင်နေသည့် အေရှားဝေါလ်ကုမ္ပဏီက ဤစီမံချက်ဖြစ်မြောက်ရေးအတွက် အဓိက တိုက်တွန်းစည်းရုံးခဲ့သူ ဖြစ်ပါသည်။  

မြန်မာနိုင်ငံမှ
  • အေရှားဝေါလ် ကုမ္ပဏီ
  • စန်းတက် နည်းပညာကုမ္ပဏီလီမိတက် (Suntac Technologies)
  • အစိုးရပိုင် မြန်မာလျှပ်စစ်ဓါတ်အား လုပ်ငန်း
တရုတ်နိုင်ငံမှ
  • တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI)
  • တရုတ်နိုင်ငံတောင်ပိုင်း ပါဝါဂရစ် ကုမ္ပဏီ လီမိတက် China Southern Power Grid Co., Ltd. (CSG)
  • ချန်ဂျင်း (တိုင်းတာရေး၊ စီမံကိန်းရေးဆွဲရေး၊ ဒီဇိုင်းရေးဆွဲရေးနှင့် သုတေသနပြုရေး) ဌာန [Chanjiang Institute of Surveying, Planning, Design and Research (CISPDR)]
  • စီနိုဟိုင်ဒရို (Sinohydro)
ဂျပန်နိုင်ငံမှ
  • ကန်ဆိုင်း လျှပ်စစ်ဓါတ်အား ကုမ္ပဏီစု [Kansai Electric Power Co. (KEPCO)]

ဘဏ္ဍာငွေကြေး

          အင်ဂျင်နီယာများက ယေဘုယျအားဖြင့် မဂ္ဂါဝပ် ၁ ခု ထုတ်ပေးမည့် ရေအားလျှပ်စစ်ဓါတ်အားပေးဆည်တခု တည်ဆောက် ရေးအတွက် ကုန်ကျမှုစရိတ် ပဏာမခန့်မှန်းမှုမှာ အမေရိကန်ဒေါ်လာ ၁ သန်း ဖြစ်ပါသည်။ ဆည်တည်ဆောက်မည့် နေရာ နှင့် လည်ပတ်မည့် စရိတ်များလည်း မူတည်နေပေရာ၊ ဧရာဝတီမြစ်ဆုံဆည်အတွက် အကြမ်းဖျဉ်းကုန်ကျစရိတ်ကို ရင်းနှီး မြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၃,၆၀၀ အထိ ရှိမည်ဟု ခန့်မှန်းထားကြပါသည်။
ခန့်မှန်း နှစ်စဉ်ထုတ်လုပ်နိုင်မည့် စွမ်းအင်ပမာဏနှင့် ဒေသအတွင်း လျှပ်စစ်ရောင်းချမှုကို နမူနာယူ၍ တွက်ချက်ပါက ဧရာဝတီမြစ်ဆုံဆည်မှ ရရှိမည့် ၀င်ငွေသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၅၅၈- ၅၉၇ သန်း ရရှိနိုင်ပါသည်။ (ကိန်း ဂဏန်းများ အသေးစိတ်ရှင်းလင်းချက်ကို သိရှိနိုင်ရန်အတွက် " ဧရာဝတီမြစ်ကို ပိတ်ဆို့ရေကာတာ တည်ဆောက်ခြင်း"
(Damming the Irrawaddy) အစီရင်ခံစာကို ကြည့်ပါ။

လျှပ်စစ်များက မည်သည့်နေရာသို့ ပေးပို့မည်နည်း။

ဤဆည်များမှ ထုတ်လုပ်မည့် လျှပ်စစ်များကို တရုတ်နိုင်ငံသို့ ပေးပို့လိမ့်မည် ဖြစ်သည်။

စီမံချက် လက်ရှိအခြေအနေ  (၂၀၀၈ ခုနှစ် စက်တင်ဘာလ နောက်ဆုံးအခြေအနေ)


မဂ္ဂါဝပ် ၃,၆၀၀ ထုတ်ပေးနိုင်မည့် ဧရာဝတီမြစ်ဆုံဆည် စီမံချက်ဖွင့်ပွဲအခမ်းအနားကို ၂၀၀၇ ခုနှစ်၊ မေလ၌ ကျင်းပခဲ့ပါ သည်။ ထိုအချိန်တွင် စမ်းသပ်တိုင်းထွာစစ်ဆေးမှုများ ပြီးဆုံးပြီဖြစ်၍ ဆက်လက်တည်ဆောက်ရေး လုပ်ငန်းများအတွက် ညှိနှိုင်းနေကြပါသည်။

ထင်ရှားသည့် ကချင်လူမျိုးခေါင်းဆောင် ၁၂ ဦးတို့က ဆည်တည်ဆောက်ရေးနှင့် ပတ်သက်၍ ကန့်ကွက်စာတစောင်ကို ရေးသားပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ ၂၀၀၇ ခုနှစ်၊ မေလတွင် ပေးပို့ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိပါ။ ဒေသခံပြည်သူများကို ဆည်တည်ဆောက်ရေးကိစ္စများနှင့် ပတ်သက်၍ အသိပေးခြင်း၊ အကြံရယူခြင်း မရှိသေးပါ။

အေးရှားဝေါလ်ကုမ္ပဏီမှ လုပ်သားများနှင့် တရုတ်နိုင်ငံမှ တိုင်းထွာစစ်ဆေးသူများက ချီဗွေဒေသ ဆည်တည်ဆောက်မည့် နေရာမှ လွန်ခဲ့သည့် ၃ လ က မြေသားနမူနာများ ရယူခဲ့ပါသည်။ ချီဗွေမြို့နှင့် ၁၀ မိုင်အကွာအဝေးရှိ မန်ဒေါင်ကျေးရွာတွင် ၀န်ထမ်းများနှင့် လုပ်သားများအတွက် အဆောက်အဦ ၁၀ ခုကို ဆောက်လုပ်ထားပြီး ဖြစ်သည်။ နေပြည်တော်မှ လာ ရောက်လည်ပတ် ကြည့်ရှုနိုင်ရန်အတွက်လည်း ရဟတ်ယာဉ်ကွင်း ၂ ခုကို တည်ဆောက်ထားပြီး ဖြစ်သည်။

ယနေ့ကာလအထိ ဆည်များနှင့် ပတ်သက်၍ ထိခိုက်နစ်နာနိုင်မှု အကျိုးဆက်များကို လူသိရှင်ကြားထုတ်ပြန်ပေးခြင်း မရှိ သေးပါ။

ဆိုးကျိုးသက်ရောက်နိုင်မှုများ


          ဧရာဝတီမြစ်ဆုံဆည်ကြောင့် ရေလွှမ်းခံရမည့်နေရာသည် စင်္ကာပူနိုင်ငံထက် ကျယ်ဝန်းပြီး၊ ကမ္ဘာ၏ အရေးအပါဆုံး ဇီဝ မျိုးကွဲများ တည်ရှိနေရာ "အထူးအလေးထားအပ်သည့်နေရာ" (hotspots) များ အပါအ၀င် ရေနစ်မြုပ်ကြရမည် ဖြစ်ပါ သည်။ လူပေါင်း ၁၀,၀၀၀ ခန့် ရွှေ့ပြောင်းရနိုင်ပါသည်။ ထိုသူများ၏ သက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများနှင့် သဘာဝ အရင်းအမြစ်များလည်း ပျက်သုဉ်းကြရမည် ဖြစ်သည်။ ဆည်တည်ဆောက်မည့်ကာလနှင့် ပြန်လည်နေရာချထားပေးသည့် အချိန်များတွင် အမျိုးသမီးများအဖို့ အထူးအန္တရာယ် ကြုံရဖွယ် ရှိပါသည်။ ဤဒေသရှိ ရွှေမိုင်းများကြောင့် စုပုံနေသည့် ပြဒါး ဓါတ်များကို ဆည်မှ စုဆောင်း၍ လွှတ်ပေးသည့်ရေကြောင့်နှင့် အခြား မြစ်အောက်ပိုင်းဒေသကို သက်ရောက်နိုင်သည့် ဆိုးကျိုးများကြောင့် မူလကပင် မျိုးတုန်းရှားပါးနေပြီဖြစ်သည့် ဧရာဝတီလင်းပိုင်များကို ကွယ်ပျောက်စေနိုင်ပါသည်။ ထို့ အပြင် ဆည်တည်ဆောက်မည့်နေရာသည် မြေငလျှင်ပြတ်ရွေ့ကြောပေါ်၌ တည်ရှိနေပါသည်။ အကယ်၍ ဆည်ကျိုးပေါက် ပျက်စီးခဲ့လျှင် အောက်ဖက် ကီလိုမီတာ ၄၀ အကွာရှိ ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားကိုပင် ရေလွှမ်းပျက်စီးသွားစေ နိုင်ပါသည်။
မြေပုံကို ပုံကြီးချဲ့ ကြည့်ရန်

          မြစ်ဆုံဆည်၊ မေခ၊ မလိခဆည်များနှင့် ပတ်သက်၍ အချက်အလက်များ ပိုမိုသိရှိလိုပါက "ဧရာဝတီမြစ်ကို ပိတ်ဆို့ ရေကာတာ တည်ဆောက်ခြင်း" (Damming the Irrawaddy) အစီရင်ခံစာကို ကြည့်ပါ။



http://forverfriends.ning.com/profiles/blogs/2863689:BlogPost:6202549

ဧရာဝတီ၊ မြန်မာပြည် နဲ့ လိမ်ညာနေတဲ့ နဂါးအနီ

http://moemaka.com/index.php?option=com_content&task=view&id=9999&Itemid=1

Thursday, 22 September 2011


အောင်ဒင်
စက်တင်ဘာ ၂၃၊ ၂၀၁၁
မြန်မာနိုင်ငံရဲ့ မြောက်ဖက်ဖျား၊ ကချင်ပြည်နယ်ကဧရာဝတီမြစ်ကြီးရဲ့ မူလအစမှာ မြစ်ဆုံဆည်ကြီး တည်ဆောက်နေတာကို မြန်မာပြည်သူတရပ်လုံးက အုန်းအုန်းကြွက်ကြွက်ကန့်ကွက်နေကြပါတယ်၊ ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံ၊ မြန်မာပြည်သူများရဲ့ အသက်သွေးကြောကြီးပါ၊ တရုတ်ပြည်အတွက် ရေအားလျှပ်စစ်ဓာတ်တွေ ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ချက်နဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီများ ဆောက်လုပ်နေကြတဲ့ မြစ်ဆုံဆည်ကြီးဟာ မြန်မာပြည်အတွက် ကြီးမားလှတဲ့ ပြန်ပြင်လို့မရတဲ့ ပျက်ဆီးဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေမှာပါ၊

အခုအချိန်ကဖြင့် မြန်မာအာဏာပိုင်များအတွက် အပြောင်းအလဲတခုဆီ ရွေ့လျားရမည့် အချိန်ပါပဲ၊ သူတို့ဘယ်လို ရပ်တည်ကြမလဲ၊ ပြည်သူလူထုရဲ့ အသံကိုနားထောင်၊ ပြည်သူလူထုရဲ့ ဆန္ဒကိုလက်ခံပြီး ဒီမကောင်းဆိုးဝါးစီမံကိန်းကြီးကို ရပ်တန့်ဖို့ ကြိုးစားမှာလား?
ဒါမှမဟုတ် တရုတ်အစိုးရရဲ့အကျိုးစီးပွါးကို ကာကွယ်၊ တရုတ်က ပေးကမ်းနေတဲ့ အထောက်အပံ့တွေကို ဆက်လက်တပ်မက်ပြီး ဆည်ကြီးကို ဆက်ဆောက်စေမှာလား?
ပြည်သူလူထုက ရှေ့က ဖုန်းကွယ်ထားတာတွေကို ဖော်ထုတ်ပြီး အမှန်တရားကို ပို၍ပို၍သိချင်နေချိန်မှာ တွေ့နေရတာကတော့ တရုတ်အာဏာပိုင်များနဲ့ မြန်မာအာဏာပိုင်များ ရဲ့ မစားရ ဝခမန်းပြောနေတဲ့ ဆည်ကြီးကြောင့်ရရှိမည့် အကျိုးစီးပွါးတွေအကြောင်း လိမ်ညာမှုတွေပါပဲ၊
သမ္မတဦးသိန်းစိန်အစိုးရဟာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံရဲ့ လက်အောက်ခံ ဖြစ်စေတော့မှာလား?

(၁) အစော်ကားခံရတဲ့ ကချင်ပြည်သူများ
ကချင်ပြည်သူများရဲ့ မြစ်ဆုံဆည်ဆောက်လုပ်ရေးကို ကန့်ကွက်မှုက အင်မတန်မှ အားကောင်း၊ ခိုင်မာ၊ ပြင်းထန်လှတာ လွန်ခဲ့တဲ့ နှစ်များကထဲကနေ အခုအချိန်အထိပါ၊ ဒါပေမည့် တရုတ်အာဏာပိုင်တွေက ကချင်ပြည်သူများက မြစ်ဆုံဆည် နဲ့ အခြားဆည်ကြီးများ ကချင်ပြည်နယ်တွင်းမှာ တည်ဆောက်တာကို ကျယ်ကျယ်ပြန့်ပြန့်ကြိုဆိုထောက်ခံကြတယ်လို့ လိမ်ညာကြွေးကြော်ကြပါတယ်၊
ဟိုးဝါးဒူးဝါး ဇော်ဂမ် ဆိုတာ မြစ်ကြီးနားမှာနေတဲ့ အများကြည်ညိုလေးစားတဲ့ ကချင်ခေါင်းဆောင်တယောက်ပါ၊ သူက တရုတ်အစိုးရက ဒီဆည်ကြီးတွေ ဆောက်တာမှာ ရယ်ရွယ်ချက်နှစ်ခုရှိတယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်၊ သူက ဒီလိုပြောပါတယ်၊
"ဒီရေကာတာ ကိစ္စက ရည်ရွယ်ချက်နှစ်ခု ရှိတယ် ထင်တယ်။ ပထမ ရည်ရွယ်ချက်က ရေအားလျှပ် စစ်ရဖို့၊ ဒုတိယ ရည်ရွယ်ချက်က တရုတ်ပြည်က မြန်မာပြည်ကို ကြိုးကိုင်ဖို့၊ လုံခြုံရေး ထိန်းချုပ်ဖို့ ရေကာတာကို ဗုံးတလုံး ထောင်ထားသလို လုပ်ထားတာ။ ဒါကြောင့် ကိုယ့်ပြည်သူတွေ သေမှာကိုကြောက်တဲ့ ခေါင်းဆောင်တွေက သူတို့ (တရုတ်) ဘာပဲပြောပြော နားထောင်ရတော့မှာပဲ။ ကိုယ့်ပြည်သူတွေ သန်းချီသေဖို့ ကိစ္စဖြစ်သွားပြီ။ စဉ်းစားစရာတွေ တသီတတန်းကြီး ဖြစ်သွားပြီ။ ဒါကြောင့် တော်တော်ကြောက်တယ်။ ငါတို့ အကျိုးကနည်းပြီး၊ သူတို့ အကျိုးကများနေတယ်။ ဒါကြောင့်လည်း လက်မှတ်ထိုး အကြုံပြုခဲ့တယ်။ အရင်ဆုံး လက်မှတ်ထိုးခဲ့တယ်။ခေါ်ခဲ့ရင်လဲပြောစရာ အများကြီးရှိပါတယ်။"
ဒူးဝါးဇော်ဂမ်ဟာ သူ့ဘဝသက်တမ်းမှာ ဆည်တွေကျိုးပေါက်လို့ မြစ်ကြီးနားမြို့ကြီး ရေလွှမ်းခံရတာ အကြိမ်ကြိမ်ကြုံဖူးခဲ့သူပါ၊ သူအတွက်တော့ မြစ်ကြီးနားမြို့နဲ့ ၁၈မိုင်လောက်အကွာမှာ တည်ရှိမည့် အထပ် ၅၀အဆောက်အအုံတခုလောက်မြင့်မားမည့် မြစ်ဆုံဆည်ကြီးဟာ အချိန်မရွေးပေါက်ကွဲမည့် ဗုံးအကြီးကြီးတခုပါပဲ၊ ကချင်ပြည်သူတွေဟာ ဒီဆည်ကြီးတွေ ငလျင် နဲ့ မိုးသည်းထန်ခြင်းစတဲ့သဘာဝဘေးရန်ကြောင့်ဖြစ်စေ၊ လူသားရဲ့အမှား ချို့ရွင်းချက်ကြောင့်ဖြစ်စေ၊ ပြိုကျပျက်ဆီးပြီး သူတို့ရဲ့ မြို့၊ ရွာတွေ ရေလွှမ်းဖျက်ဆီးခံရမှာကို ကြောက်ရွံ့စိတ်နဲ့ ရှင်သန်နေကြရမှာပါ၊
ဒါကြောင့်လဲ ၂၀၀၇ ခုနှစ် မေလမှာ မြန်မာစစ်အစိုးရ နဲ့ တရုတ်အစိုးရတို့ ကချင်ပြည် နယ်အတွင်းမှာ ဆည်ကြီး ၇ ခုဆောက်ဖို့ သဘောတူလိုက်ကြတယ်ဆိုတဲ့ သတင်းကို ကြားကြားချင်း ဒူးဝါးဇော်ဂမ်နဲ့ ကခြားကချင်ခေါင်းဆောင် ၁၁ဦးဟာ မြန်မာစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို စာတစောင် လက်မှတ်ရေးထိုးပေးပို့ပြီး ကန့်ကွက်ခဲ့ကြပါတယ်၊
သူတို့ချည်းပဲလားဆိုတော့ မဟုတ်ပါဘူး၊ ကချင်ပြည်နယ်မှာနေထိုင်ကြတဲ့ ထောင်နဲ့ချီတဲ့ ကချင်ပြည်သူတွေ၊ မြန်မာနိုင်ငံတဝှမ်းလုံးက ပြည်သူတွေက ဒီဆည်ဆောက်လုပ်ရေးကို ရပ်တန့်ဖို့ တရုတ် နဲ့မြန်မာ အာဏာပိုင်များထံ အကြိမ်ကြိမ် တောင်းဆိုခဲ့၊ တောင်းဆိုနေကြတာ ၂၀၀၇ ခုနှစ်ကတဲကပါ၊ ဒါပေမည့် တရုတ်အစိုးရကတော့ ဒီအသံတွေကို လုံးလုံးလျားလျားမျက်ကွယ်ပြုပြီး ဆည်တည်ဆောက်ရေးကို ဆက်လက်ဆောင်ရွက်ဖို့ ပိုင်းဖြတ်ထားပုံရပါတယ်၊
စက်တင်ဘာလ ၁၇ ရက်၊ ၂၀၁၁ မှာ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းနဲ့ ပါတ်သက်ပြီးအလုပ်ရုံဆွေးနွေးပွဲ (၃/၂၀၁၁)ကို  နေပြည်တော်မှာ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဦးဆောင်ကျင်းပခဲ့ပြီး ဒီစီမံကိန်းနဲ့ပါတ်သက်နေတဲ့ ဝန်ကြီးဌာနများ၊ ပညာရှင်များ၊ တရုတ်အစိုးရ ကုမ္ပဏီကိုယ်စားလှယ်များက မြစ်ဆုံဆည်တည်ဆောက်ရေးနဲ့ပါတ်သက်ပြီး စာတမ်းတွေ တင်သွင်းခဲ့ကြပါတယ်။
 အဲဒီဆွေးနွေးပွဲမှာ တရုတ်အစိုးရဘက်က CPI Yunnan International Power Investment Co., Ltd (CPIYN) ရဲ့  ဥက္ကဌ မစ္စတာ လီ (Mr. Li Guanghua) တက်ရောက်ပြီး "ဧရာဝတီမြစ်ဝှမ်းဒေသ ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ခြင်းသည် မြန်မာနိုင်ငံလျှပ်စစ်စွမ်းအားလုပ်ငန်းများအတွက် မဟာဗျူဟာကျသော ရွေးချယ်မှုဖြစ်သည်" (Ayeyawady Basin Hydropower Projects are Strategic Selection for Myanmar Electric Power Industry) လို့ ခေါင်းစဉ်တပ်ထားတဲ့ စာမျက်နှာ ၃၀ ရှိတဲ့ စာတမ်းတစောင်ကို တင်သွင်းခဲ့ပါတယ်။
အဲဒီစာတမ်းမှာ မစ္စတာ လီ က "ကချင်လူမျိုးများသည် မြစ်ဆုံဆည်ဆောက်လုပ်ရေးလုပ်ငန်းကို ထောက်ခံကြသည်" လို့ တင်ပြသွားပါတယ်၊ သူက ဒီလိုပြောပါတယ်၊ စီမံကိန်းနဲ့ပါတ်သက်ပြီး လေ့လာသုံးသပ်တဲ့ အဖွဲ့အစည်းတွေဟာ မတူညီတဲ့ ဘာသာတရား၊ ဘဝ၊ လူမျိုးစု၊ ပညာရေး နောက်ခံအသီးသီးက ဒေသခံပြည်သူတွေကိုသူတို့ရဲ့ သဘောထားစစ်တမ်းတွေကို ကောက်ခံခဲ့ပါတယ် တဲ့။
အဲဒီစစ်တမ်းတွေအရ သဘောထားပေးသူပေါင်းရဲ့ ၈၀ ရာခိုင်နှုံးကျော်က ရေအားလျှပ်စစ်စီမံကိန်းဟာ ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ဝင်ငွေမြင့်မားမှုတွေ ဖန်တီးပေးလိမ့်မယ် လို့ ယုံကြည်ကြပါသတဲ့၊
၆၂ ရာခိုင်နှုံးကျော်က   ရေအားလျှပ်စစ်စီမံကိန်းဟာ ဒေသတခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွါးရေးကို သိသိသာသာမြှင့်တင်ပေးလိမ့်မယ်လို့ ယုံကြည်ကြပါသတဲ့၊
ပြီးတော့ သဘောထားပေးသူအများစုက နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီမံကိန်းဆောင်ရွက်မှုများကို ထောက်ခံကြပါသတဲ့၊
မလွဲမရှောင်သာ ၁၄ ရာခိုင်နှုံးလောက်က မထောက်ခံကြောင်းပြောရာမှာတောင်မှ မစ္စတာ လီ က အဲဒီလူတွေဟာ စီမံကိန်းဒေသ မြစ်ဆုံကနေ ပထမဆုံး ရွှေ့ပြောင်းပေးရမည့် တန်ဖဲကျေးရွာက ဖြစ်ပြီး ဒီစီမံကိန်း ကောင်းကြောင်းကိုအသေအချာနားမလည်ကြလို့ ဖြစ်တယ်လို့ ဆင်ခြေပေးပါသေးတယ်၊
အဲဒီ စစ်တမ်းတွေကို ဘယ်တုံးက၊ ဘယ်သူတွေက၊ ဘယ်သူတွေကို၊ ဘယ်မှာ၊ ဘယ်လိုရှင်းပြပြီး ကောက်ယူခဲ့တယ်ဆိုတာတော့ သူက ရှင်းမပြပါဘူး၊ ကချင်လူမျိုးများက ဆည်တည်ဆောက်ရေးစီမံကိန်းများကို ထောက်ခံကြတယ်လို့ သူ အရှင်းဆုံးနဲ့ မောက်မောက်မာမာ ကြွေးကြော်လိုက်တာကတော့ ဒီမြစ်ဆုံဆည်ဆောက်လုပ်ရေးကို ရပ်တန့်ဖို့ နည်းလမ်းပေါင်းစုံနဲ့ တစိုက်မတ်မတ်တောင်းဆိုနေကြတဲ့ ကချင်ပြည်သူများကို အကြီးအကျယ်စော်ကားလိုက်တာပါပဲ၊
(၂) မြန်မာပညာရှင်များ၏ကန့်ကွက်ချက်ကို မျက်ကွယ်ပြုခြင်း
မစ္စတာ လီ ကပြောပါသေးတယ်၊ သူတို့ ကုမ္ပဏီဟာ ပါတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကို အထူးဂရုစိုက်ပါတယ် တဲ့၊ ဒါပေမည့် လက်တွေ့မှာတော့ သူတို့ဟာ သူတို့ရဲ့ အလိုဆန္ဒနဲ့ မကိုက်ညီတဲ့၊ သူတို့ရဲ့ ဆည်စီမကိန်းကို မထောက်ခံတဲ့၊ မြန်မာပညာရှင်များတင်ပြ တဲ့၊ ပါတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာကို လုံးဝလှစ်လျူရှူထားတာ တွေ့ရပါတယ်။
သူ့အဆိုအရ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှာ CPI  ကငှါးရမ်းထားတဲ့ တရုတ်၊ မြန်မာ ပညာရှင် အယောက် ၁၀၀ ကျော်ဟာ ဧရာဝတီမြစ်ဖျားက မြစ်ဆုံနေရာတဝိုက်မှာ ကွင်းဆင်းစစ်ဆေးမှုတွေ ၆လကျော် ဆောင်ရွက်ခဲ့ပါတယ် တဲ့၊ မြန်မာပညာရှင်တွေက BANCA  လို့ခေါ်တဲ့ Biodiversity And Nature Conservation Association ကဖြစ်ပြီး တရုတ်ပညာရှင်တွေကတော့ CISPDR လို့အတိုကောက်ခေါ်တဲ့ Changjiang Institute of Survey, Planning, Design and Research  ကဖြစ်ပါတယ်။
 အဲဒီပညာရှင်တွေဟာ ကွင်းဆင်းစစ်ဆေးမှုတွေပြီးတဲ့နောက် အပြန်အလှန်ဆွေးနွေးမှုတွေကို ၂၀၀၉ ခု ဇွန်လ နဲ့ စက်တင်ဘာလအတွင်း မြစ်ကြီးနား၊ ဝူဟန် နဲ့ အခြားနေရာတွေမှာ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ် တဲ့၊
အဲဒီနောက် ၂၀၁၀ ခုနှစ် မတ်လမှာ CISPDR  က ဧရာဝတီမြစ်ဖျားက ဆည်တည်ဆောက်ရေးလုပ်ငန်းများကြောင့် ပါတ်ဝန်းကျင်ထိခိုက်မှု လေ့လာသုံးသပ်ချက်အစီရင်ခံစာ (Environmental Impact Assessment) (EIA)  ကို CPI ထံ တင်ပြပါတယ် တဲ့၊
အဲဒီ CISPDR   ကတင်သွင်းတဲ့ EIA က ဆည်တည်ဆောက်ရေးလုပ်ငန်းကို ပါတ်ဝန်းကျင်ထိခိုက်မှု အနည်းအကျဉ်းသာရှိလို့ လုပ်သင့်ကြောင်း ထောက်ခံတင်ပြပါသတဲ့၊
ဒါပေမည့် မစ္စတာ လီ က မြစ်ဆုံဆည်တည်ဆောက်ရေးကို စွန့်လွှတ်ဖို့အကြံပြုတဲ့ မြန်မာပညာရှင်များ BANCA ကတင်ပြတဲ့ EIA ကိုတော့ လုံးဝကိုးကားခြင်းမရှိခဲ့ပါ၊
အဲဒီ အလုပ်ရုံဆွေးနွေးပွဲမှာပဲ BANCA ရဲ့ ဥက္ကဌဖြစ်တဲ့ ဒေါက်တာထင်လှ ကလဲ စာတမ်းတစောင် တင်သွင်းပါတယ်၊ သူ့စာတမ်းကနေ မစ္စတာ လီ နဲ့မတူတဲ့၊ ပိုပြီးမှန်တဲ့အချက်အလက်တွေကို သိခွင့်ရလိုက်ပါတယ်။
 ကွင်းဆင်းစစ်ဆေးတဲ့ ပညာရှင် ၁၀၀ ကျော်ဆိုပေမည့် BANCA က မြန်မာပညာရှင်ပေါင်းက ၈၄ ယောက်ပါဝင်တာမို့ တရုတ်ပညာရှင်များရဲ့ အရေအတွက်က ၃၀ ကျော် ၄၀ လောက်ပဲရှိမယ်လို့ နားလည်ရပါတယ်၊ မြစ်ကြီးနားတဝိုက်က ဆည်ဆောက်ဖို့ ရည်ရွယ်တဲ့ နေရာများမှာ စုံစမ်းစစ်ဆေးဖို့ အချိန် ၇ လ သတ်မှတ်ထားပေမည့် တရုတ်ပညာရှင်များဘက်က အကန့်အသတ်တွေကြောင့် ၂၀၀၉ ခု ဇန္နဝါရီ လလယ်ကနေ ဇွန်လအထိ ၅ လပဲ စစ်ဆေးချိန်ရပါသတဲ့။
 ပြီးတော့ BANCA  က မြန်မာပညာရှင်များဟာ မြန်မာနဲ့ တရုတ်အစိုးရအကြားချုပ်ဆိုတဲ့ စာချုပ်စာတမ်းများ၊ နားလည်မှု စာချွန်လွှာများကိုလဲ လေ့လာခွင့် မရရှိခဲ့ပါတဲ့။
 ပူးတွဲကွင်းဆင်းစစ်ဆေးမှု ပြီးတဲ့နောက် ၂၀၀၉ ခုနှစ် အောက်တိုဘာလ မှာ မြန်မာပညာရှင်များက EIA  အစီရင်ခံစာမူကြမ်းကို CPI ထံ တင်ပြခဲ့ပြီး ၂၀၁၀ ခု၊ မတ်လမှာ အပြီးသတ်အစီရင်ခံစာကို CPI ထံ တင်သွင်းခဲ့တယ်လို့ သိရပါတယ်၊
BANCA ရဲ့အစီရင်ခံစာထဲမှာ မြန်မာပညာရှင်များက တရုတ်အာဏာပိုင်များကို
 "မြစ်ဆုံဟာ ကချင်တိုင်းရင်းသားများအတွက်ရော၊ မြန်မာနိုင်ငံသားများ အားလုံးအတွက်ပါ အင်မတန်ကြီးမားလှတဲ့ ယဉ်ကျေးမှုအမွေအနှစ်ကြီး ဖြစ်တာမို့ မြစ်ဆုံဆည်တည်ဆောက်ရေးကို စွန့်လွှတ်ဖို့"
အကြံပြုထားပါတယ်။
 ပြီးတော့လဲ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ဖို့အတွက် ကချင်ပြည်နယ်အတွင်းမှာ  အဆင့်ဆင့်ထပ်ပြီးတည်ဆောက်မည့် အကြီးစား နဲ့ အလတ်စား ဆည်ကြီးများဟာ ဧရာဝတီ မြစ်ကြီးရဲ့ ဖွဲ့စည်းမှု၊ ရေနေသတ္တဝါများ၊ ဇီဝဗေဒ နဲ့ စိုက်ပျိုးမြေများအပေါ် ဆိုးဝါးတဲ့ သက်ရောက်မှုတွေ ရှိမှာဖြစ်တဲ့အပြင် မြန်မာနိုင်ငံသားများအားလုံးရဲ့ ဘဝတွေကို ကြီးမားစွာ ထိခိုက်စေမှာ သေချာသလောက် ရှိပါတယ်" လို့ ရှင်းပြထားပါတယ်၊
ဒါကြောင့်လဲ BANCA ပညာရှင်များက CPI ကို "မြစ်ဆုံဆည်ဆောက်လုပ်ရေးကို စွန့်လွှတ်ပြီး ယင်းဆည်ကြီးအစား မြစ်ဆုံရဲ့ အထက်ဖက် မေခနဲ့ မလိခ မြစ်နှစ်စင်းပေါ်က သင့်တော်မည့် နေရာ ၂ခုမှာ အသေးစား ဆည် နှစ်ခုအစားထိုးဆောက်လုပ်ဖို့" အကြံပြုထားပါတယ်၊
မြန်မာပညာရှင်များရဲ့ အစီရင်ခံစာနဲ့ အကြံပြုချက်တွေကို တရုတ်အာဏာပိုင်များ စိတ်ကြိုက်မတွေ့တာ ထင်ရှားပါတယ်၊ BANCA    က အာဏာပိုင်များကို ကချင်ပြည်နယ်အတွင်း ရေအားလျှပ်စစ် ထုတ်လုပ်ရေးစီမံကိန်းများကို အတည်ပြုကြောင်း မဆုံးဖြတ်ခင် သိပံ္ပနည်းကျ လူမှုဘဝထိခိုက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက်တွေကို အရည်အချင်းပြည့်ဝတဲ့ လူမှုရေးသိပံ္ပပညာရှင်များနဲ့ ဆောင်ရွက်သင့်ကြောင်း အကြံပြုသလို ဆည်များဆောက်လုပ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး အလားအလာတွေကို စီမံကိန်းတွေကို အတည်မပြုခင် သေသေချာချာ မျှမျှတတ သုံးသပ်ဖို့ အလေးအနက်တိုက်တွန်း ထားပါသေးတယ်။
ဒါပေမည့်လဲ မြန်မာပညာရှင်များရဲ့ တာဝန်သိသိတင်ပြမှုတွေကို တရုတ်အာဏာပိုင်များက အလွယ်တကူပဲ အမှိုက်ပုံထဲ လွှတ်ပစ်လိုက်ကြပါတယ်၊ အဲဒီနောက် သူတို့ရဲ့ တရုတ်ပညာရှင်များက တင်သွင်းတဲ့ မြစ်ဆုံဆည်တည်ဆောက်ရေးကို ထောက်ခံတဲ့ EIA အစီရင်ခံစာကိုသာ မြန်မာအာဏာပိုင်များထံ တရုတ်ပညာရှင်များနဲ့ မြန်မာပညာရှင်များ ပူးတွဲရေးသားတဲ့ အစီရင်ခံစာအဖြစ်တင်ပြပြီး ဆောက်လုပ်ခွင့်ရယူခဲ့တယ်လို့ ယူဆရပါတယ်၊ ဒီလိုနဲ့ မြစ်ဆုံဆည် နဲ့ တကွ အခြားဆည်ကြီးများကို ကချင်ပြည်နယ်အတွင်းမှာ ၂၀၁၀ ခုနှစ်က စပြီး ဆောက်လုပ်နေပါပြီ၊
အလုပ်ရှင်ဖြစ်တဲ့ CPI နဲ့ ချုပ်ဆိုထားတဲ့ ကန်ထရိုက်စာချုပ်အရBANCA ဟာ သူ့ EIA အစီရင်ခံစာကို အများပြည်သူထံ ချပြခွင့်မရှိဘူးလို့ ဒေါက်တာထင်လှ ကပြောပါတယ်၊ ဒါပေမည့်လဲ သူကပဲ ပါတ်ဝန်းကျင်ထိခိုက်မှု လေ့လာသုံးသပ်ချက်ဆိုတာ တကြိမ်တခါထဲ လုပ်ပြီး ကျေနပ်ရမည့် ကိစ္စမဟုတ်ပဲ  အကြိမ်များစွာ လုပ်ဖို့၊ ပြည်သူလူထု သိနားလည်မှုနဲ့ ပါဝင်မှု၊ လူထုရဲ့ အကြံပေးချက်တွေကို ထည့်သွင်းစဉ်းစားဖို့လိုအပ်တဲ့ လုပ်ငန်းစဉ်တခုဖြစ်တယ်လို့ ဆွေးနွေးသွားပါတယ်၊
သူ့ရဲ့ အထင်ရှားဆုံး တိုက်တွန်းချက်ကတော့ အာဏာပိုင်တွေအနေနဲ့ နောက်ထပ်ကျန်ရှိနေသေးတဲ့  လေ့လာသုံးသပ်မှုတွေကို ဆက်လက်ဆောင်ရွက်ဖို့ပါ။
(၃) မသေချာတဲ့ အကျိုးအမြတ်များ နဲ့ သေချာတဲ့ ဆုံးရှုံးမှုများ
တရုတ်၊ မြန်မာ အာဏာပိုင်များက ဆည်ကြီးတွေတည်ဆောက်ပြီးစီးရင် မြန်မာနိုင်ငံအတွက် အကျိုးအမြတ်တွေ အများကြီးရရှိလာလိမ့်မယ် ဆိုပြီး ချဲ့ကားပြောနေကြပါတယ်၊ အဲဒီလို မသေချာတဲ့ အကျိုးအမြတ်တွေကို ထပ်ခါထပ်ခါပြောပြီး လူထုကို စည်းရုံးနေပေမည့် သေချာလှတဲ့ ဆုံးရှုံးမှုတွေကိုတော့ မသိချင်ယောင်ဆောင်နေကြပါတယ်။
 မစ္စတာ လီ  က ဒီရေအားလျှပ်စစ်စီမံကိန်းကြီးကြောင့် မြန်မာနိုင်ငံရဲ့ စီးပွါးရေးဟာ တဟုန်ထိုး ထိုးတက်လာမယ်၊ စီမံကိန်းကြီးတခုလုံးက အမေရိကန်ဒေါ်လာ သန်း နှစ်သောင်းကျော်ကုန်ကျမှာမို့ ဒီစီမံကိန်းကြီး ပြီးသွားရင် မြန်မာနိုင်ငံရဲ့ ပုံသေပိုင်ဆိုင်မှု (Fixed Assets) ထဲမှာ နောက်ထပ် အမေရိကန်ဒေါ်လာ သန်း နှစ်သောင်း တိုးလာလိမ့်မယ်လို့ ဆိုပါတယ်။
 ဒီစီမံကိန်းကြီးများပြီးရင် မြန်မာနိုင်ငံက နှစ်စဉ်ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အား မီဂါဝတ် ၂၀၀၀၀ ရဲ့ ၁၀ ရာခိုင်နှုန်း၊ မီဂါဝတ် ၂၀၀၀ ကို အလကားရမယ်၊ လုပ်ငန်းလည်ပါတ်နေတဲ့ အနှစ် ၅၀ အတွင်းမှာ မြန်မာအစိုးရအတွက် နိုင်ငံခြားငွေအကျိုးအမြတ် အမေရိကန်ဒေါ်လာ သန်းပေါင်း ငါးသောင်းလေးထောင် ရမယ်၊ လမ်းတွေ၊ တံတားတွေ၊ ငလျင်တိုင်းတာရေးစခန်းတွေအများကြီးလဲ တရုတ်အစိုးရက အခမဲ့ ဆောက်ပေးဦးမယ်၊ အလုပ်အကိုင်တွေအများကြီးလဲ ဖန်တီးပေးမယ်၊ ပြီးတော့ ကန်ထရိုက်စာချုပ်ပါ သဘောတူညီချက်အရ ဒီဆည်ကြီးတွေကို ဆောက်လုပ်ပြီး အနှစ် ၅၀ လည်ပါတ်ပြီးရင် မြန်မာအစိုးရကို အခမဲ့ လွှဲပြောင်းပေးမှာဖြစ်လို့ ကျနော်တို့ နိုင်ငံက ဒီဆည်ကြီးတွေကို အခမဲ့ ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ဆိုပါတယ်၊ သူပြောသမျှ တွေက မြန်မာနိုင်ငံအတွက် အကောင်းတွေချည်းပါပဲ၊
ဒါပေမည့် အဲဒီ အကျိုးအမြတ်တွေဟာ တကယ်ဖြစ်လာဖို့ အတော့်ကို အခွင့်အလမ်းနည်းပါတယ်၊ လက်တွေ့ဘဝမှာ ဒီလောက်ကြီးမားတဲ့ ဆည်ကြီးတွေ ဆောက်ရာမှာ ကုန်ကျစားရိတ်က ခန့်မှန်းတာထက်ပိုများတတ်၊ ဆောက်လုပ်ရေးကာလက ခန့်မှန်းတာထက် ပိုကြာမြင့်တတ်ပြီး ထွက်လာတဲ့ လျှပ်စစ်ဓာတ်အားကလဲ မျှော်လင့်တာထက် ပိုနည်းတတ်တယ် ဆိုတာ နိုင်ငံတကာ ဆည်များရဲ့ အတွေ့အကြုံအရ သိနေရပါတယ်။
 လက်တင်အမေရိကတိုက်က အာဂျင်တီးနား နိုင်ငံနဲ့ ပါရာဂွေးနိုင်ငံ နှစ်ခုကြားမှာ ဆောက်ထားတဲ့ ရေခရီတာဆည် ကြီး (The Yacyreta Dam) ကို နမူနာပေးချင်ပါတယ်၊ အဲဒီဆည်ကြီးကို အာဂျင်တီးနားသမ္မတဟောင်း ကာလို့စ်မီနန် (Carlos Menem) က "အလွဲသုံးစားလုပ်မှုများ၏ အထိန်းအမှတ် မှတ်တိုင်ံကြီး" (Monument to Corruption) လို့ အမည်ပေးခဲ့ပါတယ်။
ဆောက်လုပ်ရေးကုန်ကျစားရိတ်က မူလခန့်မှန်းထားတဲ့ ဒေါ်လာ သန်းပေါင်း နှစ်ထောင့်ခုနှစ်ရာ ထက်အဆများစွာပိုပြီး ဒေါ်လာ သန်းပေါင်း တစ်သောင်းတစ်ထောင့်ငါးရာ ကုန်ကျခဲ့ပါတယ်၊ ဆောက်လုပ်ချိန်ကာလကလဲ သတ်မှတ်ထားတာထက် ပိုကြာပြီး ၁၉၈၃ ကစတာ ၁၉၉၄ ကျမှပြီးပါတယ်၊ လျှပ်စစ်ဓာတ်အား တနှစ်ကို မီဂါဝတ် ၃၁၀၀ ထုတ်ဖို့ ရည်ရွယ်ထားတာမို့ မြစ်ဆုံဆည်ရဲ့ တဝက်လောက်ပဲ ရှိပါတယ်၊ ဒါပေမည့် လုပ်ငန်းစတင်လည်ပါတ်တဲ့ ၁၉၉၄ ကစပြီး ဒီနှစ် ၂၀၁၁ ခုနှစ်အထိ မျှော်လင့်ထားတဲ့ လျှပ်စစ်ပမာဏရဲ့ ၆၀ ရာခိုင်နှုံးပဲ နှစ်စဉ်ထုတ်လုပ်နိုင်ပါတယ်၊ နောက်လဲ တိုးလာနိုင်စရာမရှိပဲ ဆက်ပြီး လျော့သွားဖို့ပဲ ရှိပါတယ်၊ ဒါဟာဖြင့် မှန်းချေနဲ့ မကိုက်တတ်တဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဆည်ကြီးများရဲ့ ထင်ရှားတဲ့ နမူနာတခုပါ၊
ဒီဥပမာ နဲ့အခြားသော အတွေ့အကြုံများအရ ဖြစ်နိုင်ခြေပိုများတာက မြစ်ဆုံဆည်အပါအဝင် ကချင်ပြည်နယ်မှာ ဆောက်နေတဲ့ ဆည်ကြီးများဟာ ခန့်မှန်းတာထက်ပိုပြီး ကုန်ကျနိုင်တယ်၊ ဆောက်လုပ်ချိန်ကာလလဲ ပိုကြာနိုင်တယ်၊ ပြီးတော့ ထုတ်လုပ်နိုင်မည့် လျှပ်စစ်ပမာဏကလဲ ခန့်မှန်းတာထက် နည်းနိုင်ပါတယ်၊ ဒါကြောင့် မစ္စတာ လီ ပြောနေတဲ့ အကျိုးအမြတ်တွေဟာ အပြည့်အဝတကယ်ဖြစ်လာဖို့ မသေချာလှပါ၊ နောက်တချက်က ဆည်တွေရဲ့ သက်တမ်းပါ၊ ဆည်တွေအားလုံးမှာ အလုပ်လုပ်နိုင်စွမ်း (လျှပ်စစ်ဓာတ်အားထုတ်နိုင်စွမ်း) သက်တမ်းရှိပြီး အဲဒီသက်တမ်းဟာ အနှစ် ၅၀ ထက်မပိုနိုင်ပါ။
မြစ်ရဲ့ အဖျားကနေ စီးလာတဲ့ ရေတွေကို ဆည်ကြီး နဲ့ ပိတ်ဆို့ဟန့်တားပြီး ရေလှောင်ကန်ကြီးထဲမှာ စုစည်းထိန်းသိမ်းလိုက်တဲ့အချိန်မှာ ရေတွေမက ရေနဲ့အတူမျောပါလာတဲ့ နုံးတွေ၊ ရွှံ့တွေပါ ရေလှောင်ကန်ကြီးထဲ ပိတ်မိနေကြတာပါ၊ အဲဒီ နုံးတွေ၊ ရွှံ့တွေ က ရေလှောင်ကန်ကြီးရဲ့ ကြမ်းပြင်မှာ သွားစုပုံကြပါတယ်၊ ရေလှောင်ကန်ရဲ့ ကြမ်းပြင်က ရေထုတ်တံခါးကြီးများရှိတဲ့ အမြင့်ထက်ထက် အများကြီး ပိုနက်တာမို့ ဒီနုံးတွေဟာ ရေတွေလို ရေထုတ်ပေါက်ကနေ မြစ်အောက်ပိုင်းကို စီးမျောနိုင်စွမ်းမရှိပါ၊ ဒီလိုနဲ့ နှစ်တွေကြာလာတာနဲ့ အမျှ ရေလှောင်ကန်ကြမ်းပြင်ဟာ နှစ်ပေါင်းများစွာစုပုံလာတဲ့ နုံးများကြောင့် မြင့်တက်လာပြီး ကန်ထဲမှာ လှောင်ထားနိုင်တဲ့ ရေပမာဏက ပို နည်းလာပါတယ်၊ ရေလှောင်ကန်ထဲ မှာ ရေနည်းတဲ့ အတွက် လျှပ်စစ်ဓာတ်အားထုတ်နိုင်တဲ့ ပမာဏ လျော့နည်းလာပြီး လုံးဝ ဒါမှမဟုတ် စီးပွါးရေးအရ အကျိုးအမြတ်ရှိအောင် မထုတ်နိုင်တဲ့အချိန်မှာ အဲဒီ ဆည်ရဲ့ သက်တမ်းကုန်ပါတယ်။
 ဒီတော့ မစ္စတာလီ ပြောသလို အနှစ် ၅၀ ပြီးလို့ တရုတ်အစိုးရက အဲဒီ ဆည်ကြီးတွေကို မြန်မာနိုင်ငံကို အခမဲ့ လွှဲပေးတဲ့အခါမှာ ကျနော်တို့ ရမှာက နုံးတွေ၊ ခြင်တွေပြည့်နေတဲ့ လူလုပ်အမှိုက်ကန်ကြီးတွေပဲ ဖြစ်နေပါလိမ့်မယ်၊
မစ္စတာ လီ ကပြောပါသေးတယ်၊အခုလက်ရှိမှာ ကချင်ပြည်နယ်က ဆည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ အလုပ်သမားပေါင်း ၄၈၁၉ ယောက် လုပ်ကိုင်နေကြပြီး အဲဒီအထဲက ၁၄၄၀ ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ဆိုပါတယ်၊ ဒါပေမည့် ကျနော်တို့မြန်မာနိုင်ငံသားတွေ ဘယ်လိုအလုပ်မျိုးလုပ်ကိုင်နေရတယ် ဆိုတာတော့ သူကမပြောပါ၊ သူမပြောပေမည့်လဲ အလွယ်တကူမှန်းဆနိုင်ပါတယ်၊ မြေကျင်းတူး၊ ကျောက်ထု၊ အမှိုက်သိမ်း၊ စတဲ့ အခြေခံအလုပ်ကြမ်းတွေပဲ ဖြစ်ပြီး ရမည့်လုပ်အားခကလဲ တရုပ်အလုပ်သမားများထက်အဆမတန်နည်းပါလိမ့်မယ်။
 သူပြောမှပဲ သိရတာက အခုအချိန်မှာ တရုတ်အလုပ်သမားပေါင်း သုံးထောင်ကျော်ဟာ ကချင်ပြည်နယ်အတွင်းမှာ ဝင်ရောက်လုပ်ကိုင်နေကြပြီး အဲဒီအရေအတွက်ဟာ လေးသောင်းအထိ လာမည့်နှစ်များမှာ တိုးလာမယ်လို့ သိရပါတယ်၊ ဒေသခံပြည်သူတွေရဲ့ စကား၊ ယဉ်ကျေးမှုကို နားမလည်တဲ့ နိုင်ငံခြားသားတွေ သောင်းနဲ့ချီပြီး ကချင်ပြည်နယ်အတွင်းကို ကျူးကျော်ဝင်ရောက်ပြီး ကချင်လူမျိုးများရဲ့ အမြတ်တနိုးထားရာ မြစ်ဆုံ၊ အမြဲစိမ်းသစ်တောကြီးတွေ၊ အဘိုးတန် တောင်မြင့်မားကြီးတွေ၊ လှပတဲ့ လွင်ပြင်ကျယ်ကြီးတွေကို ဖျက်ဆီးနေကြတာဟာဖြင့် ဒေသခံ ကချင်ပြည်သူများအတွက် ကြီးမားတဲ့ သက်ရောက်မှုကြီးဖြစ်ပါလိမ့်မယ်။
(၄) မတူညီသော စံနှုံးများ
မစ္စတာ လီ ကပြောပါတယ်၊ သူတို့ တရုတ်အစိုးရက ပြဌန်းထားတဲ့ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ရေးလုပ်ငန်းများဆိုင်ရာ စံချိန်စံညွှန်းတွေဟာ (The Chinese Standards) ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံး၊ အဆင့်အတန်းအမြင့်ဆုံး စံချိန်စံညွှန်းများ ဖြစ်တယ်လို့ ဝင့်ကြွားပြီး မြန်မာနိုင်ငံတွင်းမှာ တရုတ်အစိုးရဆောင်ရွက်နေတဲ့ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ စီမံကိန်းရေးဆွဲတာ၊ ဒီဇိုင်းရေးဆွဲတာက စလို့ တည်ဆောက်ရေးလုပ်ငန်းများအထိ တရုတ်နိုင်ငံရဲ့ (The Chinese Standards) စံချိန်စံညွှန်းများအတိုင်း အတိအကျကျင့်သုံးနေပါတယ် လို့ပြောပါတယ်၊ ဒီတော့ သူပြောသလို တကယ်ဟုတ်၊ မဟုတ် ဆန်းစစ်ကြည့်ကြရအောင်ပါ၊
၂၀၀၃ ခုနှစ် စက်တင်ဘာလမှာ တရုတ်ပြည်သူ့လွှတ်တော်ကနေ သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုများ လေ့လာသုံးသပ်ရေး ဥပဒေ (The Environmental Impact Assessment Law) ကို ပြဋ္ဌန်းခဲ့ပါတယ်၊အဲဒီ ဥပဒေအရ တရုတ်အစိုးရရဲ့ စီးပွါးရေးအဖွဲ့အစည်း အားလုံးဟာ ရည်ရွယ်ထားတဲ့ စီမံကိန်းလုပ်ငန်းကြီးများကို အကောင်အထည်မဖော်မီ သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုများ လေ့လာသုံးသပ်ခြင်း (Environmental Impact Assessment) ကို မဖြစ်မနေပြုလုပ်ရမှာဖြစ်ပါတယ်။
 ပြီးရင် အဲဒီ သုံးသပ်ချက်အစီရင်ခံစာ (EIA) ကို သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်း ရေး ဝန်ကြီးဌာန (Ministry of Environmental Protection) (MEP) ကိုတင်ပြပြီး ဝန်ကြီးဌာနက လက်ခံအတည်ပြုမှ လုပ်ငန်းများစတင်အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်၊
တခါ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလမှာ MEP ဝန်ကြီးဌာနက သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုများ လေ့လာသုံးသပ်ရာမှာ ပြည်သူလူထုရဲ့ ပါဝင်မှု အတွက်လမ်းညွှန်ချက်များ (Provisional Measures for Public Participation in Environmental Impact Assessment) ကိုထုတ်ပြန်ညွှန်ကြားခဲ့ပါတယ်၊
အဲဒီညွှန်ကြားချက်တွေထဲမှာ EIA အတွက် စုံစမ်းစစ်ဆေးမှုများလုပ်ရာမှာ လုပ်ငန်းသဘာဝကို လူထုကို အသိပေးရှင်းပြဖို့၊ လူထုရဲ့ အကြံပြုချက်တွေကို ဖိတ်ခေါ်ဖို့၊ ဘယ်သူတွေပါဝင်သင့်တယ်၊ ဘယ်လိုနည်းလမ်းတွေသုံးပြီး လူထုထံရောက်အောင်ဆောင်ရွက်ရမယ် (လူထုကြားနာပွဲများ၊ အကြံပြုချက်တောင်းခံခြင်းများ၊ ဆွေးနွေးပွဲများ၊ ကျွမ်းကျင်သူများပါဝင်တဲ့ စာတမ်းဖတ်ပွဲများ)၊ နဲ့ လူထုရဲ့ အကြံပြုချက်၊ တင်ပြချက်၊ စိုးရိမ်မှုတွေကို EIA အစီရင်ခံစာထဲမှာ ဘယ်လိုပေါင်းစပ်ဖော်ပြရမည် ဆိုတာတွေကို အသေးစိတ်ညွှန်ကြားထားပါတယ်။
ဆိုတော့ ဒီစံချိန်စံညွှန်း (The Chinese Standards) တွေဟာ မဆိုးဘူးလို့ ယူဆရမှာပါ၊ ဒါပေမည့် အဲဒီ စံချိန်စံညွှန်းတွေကို မြန်မာနိုင်ငံတွင်းက တရုတ်ဆည်တည်ဆောက်ရေးလုပ်ငန်းများမှာ ကျင့်သုံးခဲ့တယ်ဆိုတဲ့အထောက်အထား တခုမှမတွေ့ရပါဘူး။
 မြန်မာပညာရှင်တွေ ရဲ့ EIA ကို တရုတ်အစိုးရက ချောင်ထိုးထားခဲ့ပြီး မြန်မာပညာရှင်များရဲ့ အကြံပြုချက်တွေကိုလဲ ဥပေက္ခာပြုခဲ့ပါတယ်၊BANCA ရဲ့ EIA အစီရင်ခံစာတင်မက မြန်မာအစိုးရနဲ့ တရုတ်အစိုးရကြားချုပ်ဆိုထားတဲ့ စာချုပ်စာတမ်းတွေ၊ အကျိုးစီးပွါးခွဲဝေရေး သဘောတူညီချက်တွေ၊ စီမံကိန်း အသေးစိတ် တွေကိုလဲ အများပြည်သူမသိရှိအောင် လုပ်ငန်းလျှို့ဝှက်ချက် (Trade Secrets) များအဖြစ်ဖုံးကွယ်ထားကြပါတယ်။
 ဆည်ဆောက်လုပ်ရေး စီမံကိန်းကြီးများအကြောင်း လူထုကို ကြိုတင်ရှင်းပြတာ၊ လူထုရဲ့အကြံပြုချက်တွေတောင်းခံတာ၊ လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး၊ ပါတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တိုင်းရင်းသားအရေး ကျွမ်းကျင်သူပညာရှင်များနဲ့ ဆွေးနွေးတိုင်ပင်တာတွေအားလုံး လုပ်ငန်းမစခင်မှာ ဆောင်ရွက်ခြင်းမရှိခဲ့ပါ။
 မြန်မာပြည်သူတွေက ကချင်ပြည်နယ်မှာ တရုတ်ဆည်ကြီးတွေ ဆောက်မည့်အကြောင်းကို အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာက ၂၀၀၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှာတရုတ်၊မြန်မာ ကိုယ်စားလှယ်များ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာလက်မှတ်ထိုးတဲ့ သတင်းကို ဖော်ပြတော့မှပဲ ဝိုးတိုးဝါးတား သိကြရတာပါ၊
မဲခေါင်မြစ်ကော်မရှင် (Mekong River Commission) က သတ်မှတ်ထားပါတယ်၊ ပြီးပြည့်စုံတဲ့ Environmental Impact Assessment (EIA) မှာပါတ်ဝန်းကျင်အကျိုးသက်ရောက်မှု လေ့လာသုံးသပ်ချက် ၁၀ ခုရှိရပါမယ်၊ အဲဒါတွေက
(၁) မြစ်ဝှမ်းနဲ့ မြစ်ညာဒေသ သက်ရှိများတည်ရှိမှုနှင့် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက် (Basin and Catchment Ecosystems and Habitats);
(၂) မြစ်ရေစီးဆင်းမှုနှင့် ရေအနက်တိုင်းတာသုံးသပ်ချက် (River Flows and Water Levels);
(၃) ရေလွှမ်းမိုးမှုသဘာဝ သုံးသပ်ချက်၊(Flooding Patterns) ;
(၄) အနိမ့်ပိုင်း ရေမြုပ်ဒေသ သက်ရှိများတည်ရှိမှုနှင့် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက်၊(Wetlands Ecosystems and Habitats);
(၅) ဆည်မြောင်းရေသွင်းစနစ် စိုက်ပျိုးရေးလုပ်ငန်းများဆိုင်ရာ သုံးသပ်ချက်၊(Irrigated Agriculture);
(၆) အိမ်နှင့် စက်မှုလုပ်ငန်းများတွင် မြစ်ရေသုံးစွဲမှုနှင့် ဆက်နွယ်သော လူဦးရေ တိုးတက်မှုဆိုင်ရာ  လေ့လာသုံးသပ်ချက်၊(Population Growth in Relation to Domestic and Industrial Water Use);
(၇) ရေ၏အရည်အသွေးဆိုင်ရာ  လေ့လာသုံးသပ်ချက် (နုံးမြေလျော့နည်းမှုအပါအဝင်)၊ (Water Quality, including Suspended Sediments);
(၈) မြစ်ဝကျွန်းပေါ်တွင် ဆားငံရေဝင်ရောက်မှုဆိုင်ရာ  လေ့လာသုံးသပ်ချက်၊ (Saline Intrusion in River Delta);
(၉) မြစ်ကမ်းပါးများပြိုကျခြင်းနှင့် နုံးများပို့ချခြင်းဆိုင်ရာ  လေ့လာသုံးသပ်ချက်၊(Riverbank Erosion and Sedimentation/Channel Erosion); နဲ့
(၁၀) မြစ်ဝှမ်းအနိမ့်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်မှာ ရေလွှမ်းမိုးမှု စီမံခံ့ခွဲခြင်းဆိုင်ရာ  လေ့လာသုံးသပ်ချက်၊ (Flood Management in the Lower Basin and Delta); များဖြစ်ကြပါတယ်။
 BANCA  နဲ့ တရုတ်ပညာရှင်များ စုံစမ်းတင်ပြခဲ့တဲ့ EIA ဟာ အထက်ဖော်ပြပါ အဆင့်တွေထဲက ပထအဆင့် မြစ်ကြီးနားမြို့အထက် မြစ်ဝှမ်းနဲ့ မြစ်ညာဒေသ သက်ရှိများတည်ရှိမှုနှင့် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက် သာဖြစ်ပါတယ်၊ နောက်ထပ်ဆောင်ရွက်ရမည့် လေ့လာသုံးသပ်မှုတွေ အများကြီးကျန်နေပါသေးတယ်၊
မစ္စတာ လီ ကပြောပါတယ်၊ အခုဆိုရင်CPIYN က ဧရာဝတီ မြစ်အောက်ပိုင်းမှာ အထူးလေ့လာမှုတွေ စတင်ဆောင်ရွက်နေပါပြီ တဲ့၊ သူပြောတဲ့ လေ့လာမှုတွေက မြစ်အောက်ပိုင်းဒေသမှာ မြစ်ရေစီးဆင်းမှု၊ သုံးစွဲမှုအပေါ် သက်ရောက်မှု၊ မြစ်ခွဲ၊ မြစ်လက်တက်များ၏ ဖွဲ့စည်းဖြစ်ပေါ်မှုအပေါ်သက်ရောက်မှု၊ မြစ်အောက်ပိုင်းမှာတည်ရှိတဲ့ သက်ရှိ၊ သက်မဲ့များရဲ့ တည်ရှိမှုအပေါ်သက်ရောက်မှု၊ နဲ့  မြစ်အောက်ပိုင်း ရေအရင်းအမြစ်ခွဲဝေသုံးစွဲမှုအပေါ် သက်ရောက်မှုတွေ ဖြစ်ပါတယ်။
 နောက်ကျနေပါပြီ၊ ဒီလေ့လာမှုတွေကို ဆည်ကြီးမဆောက်ခင်ကထဲက လုပ်ရမှာပါ၊ ဒီလေ့လာမှုတွေအားလုံးကို ပေါင်းခြုံပြီး၊ လူထုရဲ့ အသံတွေနဲ့ ပေါင်းစပ်၊ မျှမျှတတစဉ်းစားပြီးမှ ဆည်ကြီး ဆောက်သင့်၊ မဆောက်သင့် ဆုံးဖြတ်ရမှာပါ။
(၇) အဆုံးအဖြတ်ပေးရမည့် အချိန်ရောက်ပြီ
မြန်မာပြည်သူတွေဟာ အရင်ကလို အမှောင်ထဲမှာ မဟုတ်တော့ပါဘူး၊ သူတို့ဟာ ကချင်ပြည်နယ်အတွင်းမှာ မြစ်ဆုံဆည်အပါအဝင် တရုတ်ဆည်ကြီးများ တည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်တွေကို ကောင်းကောင်းသိမြင်လာကြပါပြီ။
 ဒူးဝါး ဇော်ဂမ်အပါအဝင် ကချင်ပြည်သူတွေဟာလဲ သူတို့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကျူးကျော်သူ နိုင်ငံခြားသားတွေ ဖျက်ဆီးမည့် ရန်က ကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားကြသူတွေပါ၊ မြန်မာပြည်သူတရပ်လုံးက သူတို့ နိုးနိုးကြားကြား၊ သတိရှိရှိ နဲ့ မကန့်ကွက် မတားဆီးကြရင် သူတို့ချစ်တဲ့ ဧရာဝတီမြစ်ကြီးကို ထာဝရဆုံးရှုံးရလိမ့်မယ်ဆိုတာ သဘောပေါက်နေကြပါပြီ၊
ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံရဲ့၊ အတိတ်၊ ပစ္စုပ္ပန်၊အနာဂတ် ကာလသုံးပါးစလုံးက မြန်မာပြည်သူတွေရဲ့ အသက်သွေးကြောကြီးပါ၊ အမေရိကန်နိုင်ငံက နယူးယောက်မြို့တော်ကြီးလောက် ပမာဏ ရှိတဲ့ ဆည်ကြီးကို ဧရာဝတီ ရဲ့ မူလအစမှာ တည်ဆောက်ပြီး ဧရာဝတီမြစ်ရေကို ထိန်းချုပ်ကန့်သတ်ခြင်းဟာ မိုင် ၁၃၀၀ ကျော်ရှည်လျားတဲ့ ဧရာဝတီမြစ်ကြောင်းတလျှောက် မြန်မာနိုင်ငံရဲ့ ခရီးသွားလာရေး၊ ကုန်းစည်ပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်း၊ သက်ရှိသက်မဲ့ တို့ရဲ့ တည်ရှိမှု၊ ရာသီဥတု၊ စီးပွါးရေး၊ ကျန်းမာရေး၊ လူမှုရေး၊ သဘာဝပါတ်ဝန်းကျင်၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး အားလုံးအပေါ်မှာ ဆိုးဝါးပြင်းထန်တဲ့ သက်ရောက်မှုကြီးတွေ ဖြစ်ပေါ်စေမှာပါ။
ကျနော်တို့ အချိန်မီမတားဆီးနိုင်ခဲ့ရင် နောက်အနှစ် ၂၀ လောက်မှာ ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံရဲ့ မြေပုံပေါ်က ပျောက်ကွယ်သွားနိုင်ပါတယ်။
 မြန်မာပြည်သူအားလုံးက ဧရာဝတီကို ကာကွယ်ရေးဟာ အားလုံးနဲ့ သက်ဆိုင်တဲ့ အမျိုးသားရေးတာဝန်ကြီးတရပ်အဖြစ် သဘောပေါက်နေကြပါပြီ၊
သူတို့အားလုံး အစွမ်းကုန်ကြိုးစားပြီး မြန်မာနိုင်ငံရဲ့ အမျိုးသားအထိန်းအမှတ်၊ အမျိုးသားအမွေအနှစ်၊ အမျိုးသားရတနာ မိခင် ဧရာဝတီကို ကာကွယ်ကြ၊ ကယ်တင်ကြပါလိမ့်မယ်၊
အခုအချိန်ကတော့ သမ္မတ ဦးသိန်းစိန် အစိုးရအတွက် အဆုံးအဖြတ် တခု ပြတ်ပြတ်သားသားချမှတ်ရမည့် အချိန်ပါ၊ လူထုရဲ့ မြစ်ဆုံဆည်ကြီးဆောက်လုပ်ရေးနဲ့ ပါတ်သက်ပြီး အင်အားပြင်းထန်တဲ့ မကျေနပ်မှု၊ ကန့်ကွက်မှုတွေကို သူတို့ နေ့စဉ်ကြားနေရပါပြီ၊
မြန်မာလူထု ရဲ့ တရုတ်အစိုးရအပေါ်မုန်းတီးမှုတွေ၊ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်တွေ က တနေ့တခြားပိုကြီးမားလာနေတယ်ဆိုတာကိုလဲ သူတို့ သဘောပေါက်နေကြပါပြီ၊
အစိုးရအဖွဲ့ထဲက ဝန်ကြီးအချို့က သူတို့ဟာ ပြည်သူတွေရဲ့ ကိုယ်စားလှယ်များဖြစ်တာကြောင့်၊ ပြည်သူတွေရဲ့ ဆန္ဒကို လက်ခံမယ် လို့ အရိပ်အယောင်ပြတာတွေလဲ တွေ့နေရပါပြီ။
တချိန်ထဲမှာ အစိုးရခေါင်းဆောင်အချို့က လူထုအသံကို အရင်ကလိုပဲ မျက်ကွယ်ပြုပြီး ဘယ်သူတွေက ဘယ်လိုပဲ ကန့်ကွက်ပစေ၊ မြစ်ဆုံဆည်ကြီးကို ပြီးအောင်ဆက်ဆောက်မယ်လို့ ကြုံးဝါးနေတာလဲ ကြားနေရပါတယ်။ အဲဒီ ဝန်ကြီးတွေကတော့ တရုတ်အစိုးရငြိုငြင်မှာကို အကြီးအကျယ်စိုးရိမ်တဲ့၊ ဒီစီမံကိန်းကြီးကနေ သူတို့ခံစားနေရတဲ့ ပုဂ္ဂလိကအကျိုးစီးပွါးတွေကို မစွန့်လွှတ်နိုင်ကြတဲ့ လူတွေဖြစ်ပါလိမ့်မယ်၊
ဘယ်လိုပဲဖြစ်ဖြစ် ဦးသိန်းစိန်အစိုးရအနေနဲ့ လူထုအကျိုးစီးပွါးကို ငဲ့ပြီး၊ လူထုအသံကို နားထောင်ပြီး မြစ်ဆုံဆည်တည်ဆောက်ရေးလုပ်ငန်းကြီးကို ရပ်တန့်ဖျက်သိမ်းမလား၊ ဒါမှမဟုတ် တရုတ်အစိုးရရဲ့ အကျိုးစီးပွါးကို ဦးထိပ်ပန်ဆင်ပြီး၊ တရုတ်အစိုးရရဲ့ လက်အောက်ခံဘဝမှာ ဆက်လက်ပျော်မွေ့ပြီး မြစ်ဆုံဆည်ကြီးကို ဆက်ဆောက်မှာလား၊ ဆုံးဖြတ်ချက်ချတခုကို ပြတ်ပြတ်သားသားချရမည့် အချိန်ကို ရောက်နေပါပြီ၊
လူထုရဲ့ အကျိုးစီးပွါးကို ဆန့်ကျင်နေသမျှ၊ လူထုရဲ့ ဆန္ဒကို မလေးစားသမျှ၊ လူထုရဲ့ ဒေါသနဲ့ တုန့်ပြန်မှု၊ စိမ်ခေါ်မှုကို သူတို့ရင်ဆိုင်ရမှာပါ၊ ဧရာဝတီ တော်လှန်ရေး စနေပါပြီ၊
လေးစားစွာ
အောင်ဒင်
စက်တင်ဘာ ၂၂၊ ၂၀၁၁
 
ဒီဆောင်းပါးအတွက် အောက်ပါစာတမ်း၊ စာအုပ်များကို ကိုးကားပါတယ်၊
(၁) Ayeyawady Basin Hydropower Projects are Strategic Selection for Myanmar Electric Power Industry, by Mr. Li Guanghau, CPI Yunnan Intenational Power Investment Co., Ltd (CPIYN), September 2011
(၂) သဘာဝပါတ်ဝန်းကျင်နှင့် လူမှုပါတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု၊ ဒေါက်တာထင်လှ၊ ဥက္ကဌ၊ Biodiversity and Nature Conservation Association (BANCA), September 2011
(၃) Environmental Impact Assessment (Special Investigation) On Hydropower Development of Ayeyawady River Basin above Myitkyina, Kachin State, Myanmar, by Biodiversity And Nature Conservation Association (BANCA), October 2009
(၄) The New Great Wall, A Guide to China’s Overseas Dam Industry, by International Rivers Network, July 2008
(၅) ကချင်လွတ်မြောက်ရေးအဖွဲ့ ဥက္ကဌကြီး လရော်ဇောင်ဟရာ မှ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲ ဟူဂျင်တောင် ထံပေးသောစာ နှင့် ပူးတွဲပါ အထောက်အထားများ၊ မတ် ၁၆၊ ၂၀၁၁
Ref: Links
http://www.scribd.com/doc/65339086/LiGuangHua-CPIYN-20110917
(Illustation - Cartoon Hlaing Bwa/ 88 , Facebook and Cartoon Saw Ngo, MoeMaKa Cartoon Box)