Pages

Beautiul_Myanmar

Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Thursday, October 4, 2012

မြန်မာစကားပုံများ

မြန်မာစကားပုံလေးတွေ ကို စိတ်ဝင်စားသူများအတွက် စကားပုံလေးတွေ တင်ပေးလိုက်ပါတယ်။  


က

၁. “ကြက်ကန်း ဆန်အိုးတိုး”
၂. “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ”
၃. “ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ”
၎. “ကိုယ်ထင် ကုတင်ရွှေနန်း”
၅. “ကျွဲပါး စောင်းတီး”
၆. “ကတုံးပေါ် ထိပ်ကွက်”
၇. “ကျေးဇူးရှိမှ ကျေးစွပ်”
၈. “ကြမ်းကျွံရင် နှုတ်ရ..စကားကျွံရင် နှုတ်မရ”
၉. “ကျန်းမာခြင်းသည်..လဘ်တစ်ပါး”
၁၀. “ကြက်တူရွေးကတော်တော်...မယ်ဘော်က..ကဲ”
၁၁. “ကျူပင်ခုတ်..ကျူငုတ်ပါမကျန်”
၁၂. ကျားဆရာကြောင်...ကြောင်ဆရာကြွက်”
၁၃. “ကြွက်မနိုင်..ကျီမီးနဲ့ရှို့”
၁၄. “ကျီစားသန်က..ရန်များ၏”
၁၅. “က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ”
၁၆. “ကျားကြောက်လို့...ရှင်ကြီးကိုး..ရှင်ကြီး.ကျားထက်ဆိုး”
၁၇. “ကံကိုယုံတော့..စုံလုံးကန်း”
၁၈. “ကျော်တော့..လှေသူကြီး...ညားတော့..လှေထိုးသား”
၁၉. “ကံကိုယုံပြီး...ဆူးပုံနင်း”
၂၀. “ကျားရှေ့...မှောက်ရက်လဲ”

၂၁. “ကြာကြာဝါးမှ..ခါးမှန်းသိ”
၂၂. “ကြာကြာဝါးမယ့်သွား...အရိုးကြည့်ရှောင်”
၂၃. “ကျားကြီး..ခြေရာကြီး”
၂၄. “ကံဆိုးမသွားရာ...မိုးလိုက်လို့ရွာ”
၂၅. “ကြွေတစ်လှည့်...ကြက်တစ်ခုန်”
၂၆. “ကြောင်သူတော်..ကြွက်သူခိုး”
၂၇. “ကျောသားကလည်းသား...ရင်သားကလည်းသား”
၂၈. “ကြွက်သေတစ်ခု....အရင်းပြု”
၂၉. “ကုသိုလ်တစ်ပဲ...ငရဲတစ်ပိဿာ”
၃၀. “ကုလားမနိုင်....ရခိုင်မဲ”
၃၁. “ကြောက်ရင်လာဘ်လွဲ...ရဲလျှင်မင်းဖြစ်”
၃၂. “ကွန်တစ်ချက်....ဟင်းတစ်ခွက်”
၃၃. “ကြောင်အိုတော့...ကြွက်မလေး”
၃၄. “ကြိုက်မရှက်...ငိုက်မရှက်”
၃၅. “ကျင်ကြီးစွန့်ရာ...ကျင်ငယ်ပါ”
၃၆. “ကြောင်ကဲ့သို့.ကျင့်လေ..ညောင်ကဲ့သို့..ကျင့်လေ”
၃၇. “ကောက်သော်..စားမလောက်...ဖြောင့်သော်..စားမနိုင်”
၃၈. “ကိုယ်ကောင်းရင်..ခေါင်းမရွေ့”
၃၉. “ကချင်ရက်...လက်ကျိုး”
၄၀. “ကံသာလျှင်အမိ..ကံသာလျှင်အဖ”
၄၁. “ကျည်ပွေ့ကောင်းလို့..ဆန်ဖြူ”
၄၂. “ကင်းခြေများ.ခြေတစ်ချောင်းကျိုး၍..အသွားမပျက်”
၄၃. “ကျားရဲလည်းသေ...တောလည်းကျေ”
၄၄. “ကြက်မ.တွန်လို့..မိုးမလင်း”
၄၅. “ကိုယ့်ဂုဏ်ကိုယ်ဖော်..မသူတော်ခုနစ်ပါး”
၄၆. “ကွမ်းသီးကြိုက်...တောင်ငူပို့”
၄၇. “ကိုယ့်ဒူး..ကိုယ်ချွန်”
၄၈. “ကြီးလျှင်မှီ..ငယ်လျှင်ချီ”
၄၉. “ကဆုန်.နယုန်..စွေ့စွေ့ခုန်”
၅၀. “ကျေးဇူးမတင်...-င်လှန်ပြ”
၅၁. “ကြပ်ပူထိုးလေ ရောင်လေ”
၅၂. “ကြက်မတွန်၍ မိုးမလင်း၊ ကြက်ဖတွန်မှ မိုးလင်းသည်”
၅၃. “ကိုယ်ဖြစ်.ကိုယ်ခံ”
၅၄. “ကုလားသိုက်...ကျားဝင်ကိုက်”
၅၅. “ကျီးကြည့်...ကြောင်ကြည့်”
၅၆. “ကြက်ကြော်မကြိုက်တဲ့....လူမိုက်”
၅၇. “ကြောင်မရှိ....ကြွက်ထ”
၅၈. “ကလေးကျမှ.လှေခါးထောင်....ရန်သူပြန်မှ..ဒူးလေးပြင်”
၅၉. “ကြိုက်မရှက်....ငိုက်မရှက်...ငတ်မရှက်”
၆၀. “ကြိုးကြာဆို....ဘာငှက်လဲမေး”
၆၁. “ကံကောင်းရင် တစ်ချက်....ကံမကောင်းရင် တစ်သက်”
၆၂. “ကံသည် အလုပ်....အလုပ်သည် ကံ”
၆၃. “ကုန်းပေါ်ရောက်မှ....ရေမမွန်းစေနှင့်”
၆၄. “ကိစ္စများမြောင်....လူတို့ဘောင်”



၁. “ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း”
၂. “ခွေးလေးရောဝင် ပါးလျက်နားလျက်”
၃. “ခေါင်းတစ်လုံးနဲ့..အိုးနှစ်လုံးမရွက်နိုင်”
၎. “ချွေးထွက်များမှ...သွေးထွက်နည်းမည်”
၅. “ခလုတ်ထိမှ...အမိတ”
၆. “ခုစာကလေးကြော်...ခုဆီထမင်း”
၇. “ခွေးမြီးကောက်....ကျည်တောက်စွပ်”
၈. “ချစ်ခြင်းအစ...မျက်စိက”
၉. “ချက်ဆို...နားခွက်က...မီးတောက်”
၁၀. “ခဲလေသမျှ......သဲရေကျ”
၁၁. “ခရုခါးတောင်းကျိုက်ဖမ်း”
၁၂. “ခါချဉ်ကောင်မာန်ကြီးလို့..တောင်ကြီးဖြိုမယ်ကြံ...ခါးကမသန်”
၁၃. “ချောင်းကိုပစ်၍...မြစ်ကိုရှာ”
၁၄. “ခိုးစားတော့ခွေးဟောင်...လယ်လုပ်တော့မိုးခေါင်”
၁၅. “ခဲတစ်လုံးနဲ့...ငှက်နှစ်ကောင်ပစ်”
၁၆. “ချစ်စကိုရှည်စေ..မုန်းစကိုတိုစေ”
၁၇. “ချစ်တိုင်းလည်းမညား...ညားတိုင်းလည်းမချစ်”
၁၈. “ချဉ်ချဉ်တူးတူး...မူးပြီးရော”
၁၉. “ခြေမ.မကောင်း.ခြေမ...လက်မ.မကောင်း..လက်မ”
၂၀. “ခရမ်းသီးပိန်...ဓားတုံး”
၂၁. “ခြောက်ပစ်ကင်း...သဲလဲစင်”
၂၂. “ခွေးဟောင်တိုင်း..ထကြည့်လျှင်..အိပ်ရေးပျက်”
၂၃. “ခွေးရူးဖက်ကိုက်...ခွေးကောင်းနားရွက်ပျက်”
၂၄. “ချောင်းကြီးတော့....မြစ်ဖြစ်”
၂၅. “ချည်ပုဆိုးက..ပိုးပေါင်းချင်”
၂၆. “ချော့တစ်ခါ..ခြောက်တစ်လှည့်”
၂၇. “ခြောက်ပြော..မြှောက်ပြော”
၂၈. “ချီးမွမ်းခုနစ်ရက်..ကဲ့ရဲ့ခုနစ်ရက်”
၂၉. “ချော်လဲ..ရောထိုင်”
၃၀. “-ျီး..ပါခါနီးမှ....-ျီးခံတွင်းပေါက်ရှာ”
၃၁. “ခွေးဟောင်၍ တောင်ပို့မပြေး”
၃၂. “ခွေးဟောင်လို့...တောင်မရွေ့”
၃၃. “ခိုးစားမှ..လူမိ”
၃၄. “ခွေးရူးကောင်းစား...တစ်မွန်းတည့်”
၃၅. “ခုတ်ရာတစ်ခြား..ရှရာတစ်လွဲ”
၃၆. “ခြေမွှေးမီးမလောင်...လက်မွှေးမီးမလောင်”
၃၇. “ခေါင်ကမိုးမလုံလျှင်...တံစက်မြိတ်လည်း...မလုံနိုင်”


http://mhuthaw.blogspot.com/2012/10/blog-post_3.html 





 

Monday, August 6, 2012

က်ရှိထင်ရှား ဒိုင်နိုဆောဥယျာဉ်တည်ထောင်ရန် သြစတြေးလျဘီလျံနာ ရည်ရွယ်

ဩစတြေးလျ နိုင်ငံသား ဘီလျံနာ သူဌေးတစ်ဦးသည် အမှန်တကယ် သက်ရှိထင်ရှား ဒိုင်နိုဆော ဥယျာဉ် တစ်ခုကို တည်ထောင်ရန် ဆန္ဒပြင်းပြနေကြောင်း သိရသည်။ ကလိုက်ဗ်ပါလ်မာသည် Titanic သင်္ဘောကြီး၏ ပုံတူကို တုပတည်ဆောက်မည့် စီမံကိန်း တစ်ခုကို ကြိုတင် ရေးဆွဲပြီးသူ တစ်ဦးဖြစ်သည်။ ယခုအခါ ပါလ်မာသည် နာမည်ကျော် Jurassic Park ဇာတ်ကားမှ ဒိုင်နိုဆောများ ကျက်စားသည့် ဥယျာဉ်မျိုးကိုလည်း လက်တွေ့ တည်ဆောက်သွားနိုင်ရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။



အကယ်၍ အဆိုပါ စိတ်ကူးသာ လက်တွေ့ အကောင်အထည် ပေါ်လာပါက ဟောလီးဝုဒ် ရုပ်ရှင်များကို မှီငြမ်းတုပကာ လက်တွေ့ ဖန်တီးမှုများအနက် အပြောင်မြောက်ဆုံး ခြေလှမ်းလည်း ဖြစ်လာနိုင်ကြောင်း သတင်းများက ဆိုသည်။ သတ္တုတွင်း လုပ်ငန်းရှင်ကြီး ပါလ်မာသည် ဘရစ္စဘိန်းတွင် ၎င်း၏ စိတ်ကူးယဉ် စီမံကိန်းကို သတင်းထောက်များအား အတည်ပြု ကြေညာဖွယ် ရှိနေသည်။



အင်တာနက် သတင်းဌာနများက သိုးမလေး ဒေါ်လီကို ပုံတူပွားယူသည့် နည်းလမ်းမျိုးဖြင့် DNA တုပဖန်တီးကာ ဒိုင်နိုဆော ဥယျာဉ်တစ်ခု တည်ထောင်ရန် ပါလ်မာက စိတ်ကူးယဉ်နေကြောင်း ဖော်ပြသွားသည်။ ပါလ်မာသည် တရုတ်နိုင်ငံမှ CSC ဂျင်လင်း ကုမ္ပဏီကို Titanicနှင့် ပုံစံတူ သင်္ဘောတစ်စင်း တည်ဆောက်ပေးရန် မှာယူထားပြီး (၂၀၁၆)ခုနှစ်တွင် စတင်ခုတ်မောင်းနိုင်ဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။
by planetမှ တင်ပြသည်


http://www.fusarshinlay.com/profiles/blog/show?id=6384739%3ABlogPost%3A5611620&xgs=1&xg_source=msg_share_post 

လက်ထက်လက်စွပ်ကိုဘာလို့လက်သူကြွယ်မှာဝတ်ရတာလဲ

ကဲ…အားလုံး… လက်နှစ်ဖက်ကို ဘုရားရှိခိုးတဲ့ပုံစံကိုပြုလုပ်
လိုက်ပါ...
  လက်ခလယ်ကိုခေါက်လိုက်ပြီး လက်ခလည်ကိုကြောချင်းထိအောင် ခေါက်ကွေးထားဖို့လိုမယ်နော်...
  ကျန်တဲ့လက်ချောင်းများက လက်ထိပ်ချင်းထိနေပါစေ။

  ဒီကစားနည်းကို မကစားခင်မှာ လက်ငါးချောင်းက ဘာကိုရည်ညွှန်းတယ်ဆိုတာကို ပြောပြပါမယ်။
 
  1.  လက်မထိပ်ကို ထိလိုက် ခွါလိုက်လုပ်ကြည့်ပါ...
       လက်မကိုခွါလို့ ရပါတယ်...
       လက်မဆိုတာ မိဘကိုဆိုလိုတာပါ...
       လူတိုင်းမှာ အိုနာသေရမယ်ဆိုတာရှိတယ်...
       ဒါကြောင့်    ခွါလို့ရတာပါ။
 
  2.  နောက်လက်မကိုပြန်ထိလိုက်ပြီး လက်ညှိုးကို ထိလိုက် ခွါလိုက်လုပ်ကြည့်ပါ...
       လက်ညှိုးကတော့ ညီအကိုမောင်နှမ ကိုဆိုလိုတာပါ...
       သူတို့တွေလည်း သူ့အိမ်ထောင်နဲ့ သူဖြစ်သွားရင် သင့်ကို ခွဲသွားမှာပဲ။
 
  3.  နောက်ပြီး လက်ခလယ်ကတော့ ကိုယ်ကိုတိုင်ပဲဖြစ်တယ်... ( ဒါကြောင့်ဘာမှလုပ်စရာမလိုပါဘူး )
 
  4.  နောက်လက်ညှိုးနဲ့လက်မတွေကိုပြန်ထိထားပြီး...
       လက်သန်းလေးကို ထပ်ခွါကြည့်ပါ...
       ဒါကတော့ သားသမီးတွေပါ...
       သူတို့လည်း ခွဲခွါကြမှာပါ။

  5.  ဒါဖြင့် နောက်ဆုံးလက်သူကြွယ်ကို ခွါကြည့်ပါ...
       ခွါလို့ရလား...
       ခွါလို့မရဘူးမဟုတ်လား...
       ဒါဟာ တစ်သက်တာထာဝရလက်တွဲဖော်ပဲဖြစ်တယ်...
       ဒါကြောင့် လက်ထပ်လက်စွပ်ကို လက်သကြွယ်မှာဝတ်ရခြင်းဖြစ်တယ်။

ဆေးပညာအရ အကြောတွေကအရမ်းကပ်နေလို့ ဆိုပြီး သူငယ်ချင်းတွေ ပြောကြတယ်။
ဒါပေမဲ့  ဒီလို လက်ထက်လက်စွပ်ကို လက်သူကြွယ်မှာ စွပ်ရတယ်ဆိုတာကိုကော ဆေးပညာကသတ်မှတ်ထားတာလား။ ဒါမှမဟုတ်တိုက်ဆိုင်လို့များလား။ ဘာပဲဖြစ်ဖြစ်ပါ….. အချစ်စစ်ဆိုတာ ခွဲလို့မရပါဘူး။
 
 

Monday, July 16, 2012

ပညာရှိသုခမိန်ယုဂ်နှင့်ပထမတိပိဋကဆရာတော် ကျေးဇူးရှင်မင်းကွန်းဆရာတော်ဘုရားကြီး၏ဇာတာတော်

ယခုဖော်ပြပါဇာတာတော်မှာ ပထမတိပိဋကဆရာတော် ကျေးဇူးရှင်မင်းကွန်းဆရာတော်ဘုရားကြီး
ဦးဝိစိတ္တသာရာဘိဝံသ၏ ဇာတာတော်မြတ်ဖြစ်ပါသည်။ဤဇာတာတော်အား ဦးမြင့်သွင်R.A(C.P.A)ရေးသား
သော စလေဆရာကြီးဦးပုညအဖွင့်ကျမ်းမှ ကောက်နုတ်ဖော်ပြပါသည်။



     ဇာတာတော်တွင် တနင်္ဂနွေ(၁)၊ဗုဒ္ဓဟူး(၄)၊ကြာသပတေး(၅)တို့သည် ၉-တန့် သုဘဌာန၌ ပူးယှဉ်နေသဖြင့်
ဤသို့ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဖြစ်ရလေသည်။သို့သော်လည်း ဤသို့ဂြိုဟ်သုံးလုံးစလုံးပူးမှ သုခမိန်ယုဂ်
ဖြစ်သည်ဟုတော့ ပုံသေကာကျ မမှတ်သားစေလိုပါ။ဇာတာတွင် ဘာဝသခင်ဂြိုဟ်တို့၏သမ္ဗန္ဓကိုလည်းကြည့်ရ
ပေသေး၏။မည်သို့ဆိုစေ မိမိတို့(သို့)မိမိတို့နှင့်ဆက်နွယ်ပတ်သက်သူများတွင် ယခုဆရာတော်ဘုရားကြီး၏
ဇာတာကဲ့သို့ စက်ဝိုင်းပုံဇာတာကွက်ထဲ၌ တစ်ကွက်ကွက်တွင် ၁၄၅ ဟူ၍ တွဲလဆက်တွေ့ပါက သုခမိန်ဇာတာ
ရသည်ဟု မှတ်လိုက်ပါ။







  သုခမိန်ယုဂ်ဟောကွက်ကို စလေဆရာကြီးဦးပုည၏တေးထပ်ကို ဖော်ပြလိုက်ပါမယ်။“ဂဠုန်နှင့်ဆဒ္ဒန် ကြွက်၊
တစ်စက်တည်းစံပျော်၊ဥစ္စာရှိ ကံပေါ်၊ဉာဏ်အမြင်ထင်ရှား၊ကျမ်းဂန်တတ်သုခမိန် ဖြစ်လိမ့်မမှား၊လက်မှုတတ်
တုမမှီ၊နုပန်းချီထင်ရှား။   ။”တေးထပ်သဘောမှာ ဇာတာတော်တွင် တနင်္ဂနွေ(၁)၊ဗုဒ္ဓဟူး(၄)၊ကြာသပတေး(၅)
တို့သည် တစ်ရာသီအတွင်း၌ အတူပူးယှဉ်၍မွေးဖွားလာသောဇာတာရှင်တို့သည် ဉာဏ်အမြော်အမြင်ကြီးမား၍
ကျမ်းဂန်စာပေတွင် တတ်သိနားလည်သော ပညာရှိသုခမိန်ဖြစ်မည်။အနည်းဆုံး အနုပညာ သုခုမပညာ၊ပန်းချီ၊
ပန်းပု စသည့် လက်မှုပညာတတ်ကျွမ်းသော လက်မှုပညာရှင်ဖြစ်ပေလိမ့်မည်။ဂြိုဟ်ပရိယာယ်အရ ၁-နွေသည်
ဦးခေါင်းကိုညွှန်းဆိုပြီး၊၄-ဟူးက တင်္ခဏုပ္ပတ္တိဉာဏ်ကို ညွှန်းဆိုကာ၊၅-တေးက ပညာကို ညွှန်းဆိုသောဂြိုဟ်
ဖြစ်၍ ထို ၁-နွေ၊၄-ဟူး၊၅-တေးတို့သည် မည်သည့်နေရာတွင်ပူးပူး ဉာဏ်ပညာအမြော်အမြင်ကြီးမားပြီး စာပေ
ကျမ်းဂန်တတ် ပညာရှိသုခမိန်ဖြစ်မည်ဟုတော့ ပုံသေကားကျမမှတ်သင့်သော်လည်း ၁-တန့်၊၅-တန့်၊၉-တန့်
ဖြစ်သော တြိကောဏအိမ်တို့တွင်ဖြစ်က သုခမိန်ယုဂ်အကျိုးပြည့်ဝစွာပေးပေလိမ့်မည်ဟုမှတ်လိုက်ပါ။
တစ်ဆက်တည်း မြန်မာနိုင်ငံ၏ တိပိဋကဆရာတော်များကို ဗဟုသုတအဖြစ်ဖော်ပြပါသည်။
မြန်မာပြည်တွင် ပိဋက(၃)ပုံ နှုတ်ငုံဆောင်တော်မူနိုင်သော သာသနာ့ အာဇာနည် တိပိဋကဓရ တိပိဋက ကောဝိဒ သာသနာ့အာဇာနည် အရှင်မြတ်များ ၁၃ ပါး ပေါ်ထွက်ခဲ့ပါတယ်။ သာသနာ့အာဇာနည် အရှင်မြတ်များမှာ
(၁)မင်းကွန်းတိပိဋကဓရဆရာတော်ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၊ (ဇာတိ - မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျည်းပင်ရွာ၊ မွေးရက် - ၁၂၇၃ခု၊ တန်ဆောင်မုန်းလဆန်း (၁၁)ရက် (ဗုဒ္ဓဟူး)နေ့
(၂)ပခုက္ကူတိပိဋကဓရဆရာတော်ဘဒ္ဒန္တနေမိန္ဒ၊
(၃)ပြည်တိပိဋက ဓရဆရာတော်ဘဒ္ဒန္တကောသလ္လ၊
(၄)ရန်ကုန်တိပိဋကဓရဆရာတော် ဘဒ္ဒန္တ သုမင်္ဂလာလင်္ကာရ၊
(၅)ယောတိပိဋကဓရဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ၊
(၆)ရေစကြိုတိပိဋကဓရဆရာတော် ဘဒ္ဒန္တဝါယာဓိန္ဒာဘိဝံသ၊ (ဇာတိ - မကွေးတိုင်း၊ ရေစကြိုမြို့၊ ရွှေကျောင်းရွာ၊ ၁၆-၃-၁၉၅၅ (ဗုဒ္ဓဟူး)
(၇)မော်ကွန်းတိပိဋကဓရဆရာတော်ဘဒ္ဒန္တ သီလက္ဓန္ဓာဘိဝံသ၊ (ဇာတိ - ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့၊ ပန်းတောစုရွာ၊ ၁၀-၁-၁၉၆၄ (သောင်္ကြာ)
(၈) မြင်းမူတိပိဋကဓရဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရ၊ (ဇာတိ - စစ်ကိုင်းတိုင်း၊ မြင်းမူ၊ ခွက်ခွင်းရွာ။ ၃-၁၁-၁၉၆၅ (ဗုဒ္ဓဟူး)
(၉) မြင်းခြံတိပိဋကဓရဆရာတော် ဘဒ္ဒန္တ ဂန္ဓ မာလာလင်္ကာရ၊ (ဇာတိ - မန္တလေးတိုင်း၊ မြင်းခြံ၊ လေးအိမ်တန်းကျေးရွာ၊ ၄-၃-၁၉၆၈ (တနင်္လာ)
(၁ဝ) မြိုင်တိပိဋကဓရဆရာတော်ဘဒ္ဒန္တသုန္ဒရ၊
(၁၁)ရမ္မာဝတီတိပိဋကဓရဆရာတော် ဘဒ္ဒန္တဣန္ဒပါလ၊ (ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ မန်ကျည်းကျွန်းရွာ၊ ၁၇-၇-၁၉၆၀ (တနင်္ဂနွေ)
(၁၂)စစ်ကိုင်းတိပိဋကဓရဆရာတော် အရှင်အဘိဇာတာဘိဝံသ
(၁၃) စစ်ကိုင်း တိပိဋကဓရ ဆ၇ာတော် အရှင် ဣန္နာစရိယ (ဇာတိ - စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ မြူးတူးရွာ။ ၂၇-၁၂-၁၉၆၄ (တနင်္ဂနွေ)
တို့ ဖြစ်ပါတယ်။"
ဤစာစုဖြစ်မြောက်အောင် မြန်မာနိုင်ငံ၏ တိပိဋကဆရာတော်များကိုကျနော့မေးထဲအား ပေးပို့ပေးပါသောCJMyanmar ကို
ကျေးဇူးအထူးတင်ရှိပါသည်။

http://www.edinooyin.com/profiles/blog/show?id=4347155%3ABlogPost%3A5630012&xgs=1&xg_source=msg_share_post 

Monday, May 14, 2012

ကမ္ဘာပေါ်တွင် ပထမဆုံးသော ခြေထောက်ဖြင့်နင်း၍ မောင်းနင်နိုင်သော ရေငုပ်သင်္ဘော .......!

ကာဗွန်ဖိုက်ဘာ ကိုယ်ထည်ကို အသုံးပြုကာ ရေထုတွင် လွယ်ကူစွာ ထိုးဖောက် ခုတ်မောင်းသွားလာ လှုပ်ရှားနိုင်ရန် ပြေပြစ် သွက်လက် သည့် ပုံသ္ဌာန် ပြုလုပ်ထားသည့် Scubster အမည်ရှိ ခြေနင်း ပြီးမောင်းနှင်ရသော တစ်ယောက်စီး ရေငုပ်သင်္ဘောကို ပြင်သစ် ဒီဇိုင်နာ Minh-Lôc Truong နှင့် Stephane Rousson တို့က တက္ကသိုလ် အင်ဂျင်နီယာ အဖွဲ့၏ အကူအညီဖြင့် တည်ဆောက်ခဲ့သည်။
၂၀၁၀ ဇူလိုင်လ ၂၈ ရက်နေ့က အဆိုပါ ခြေနင်း ရေငုပ်သင်္ဘော Scubster ကို ဒီဇိုင်နာ Stephane Rousson က စီးနင်း လိုက်ပါလျက် ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း ရေပြင်အောက်တွင် အောင်မြင်စွာ စမ်းသပ်မောင်နှင် နိုင်ခဲ့ပြီဖြစ်သည်။ကိုယ်ထည် အဝါရောင် နှင့် တော်ပီဒို တစ်လုံးနှင့် ခပ်ဆင်ဆင်တူသော ထိုခြေနင်း ရေငုပ်သင်္ဘော Scubster ကို အမြန်နှုန်း တစ်နာရီလျင် ၁၀ ကီလိုမီတာ (တစ်နာရီ ၆.၂ မိုင်) အထိသွားနိုင်ပြီး ရေအနက် ၅ မီတာ (၁၆ ပေ) အထိငုပ်နိုင်ရန် ပုံစံထုတ်ထားသည်။
Scubster ကို လွန်ခဲ့သည့် ၂၀၁၁ ဇွန်လတွင် မေရီလန်းရှိ Naval Surface Warfare Center-Carderock Division တွင် ကျင်းပသည့် နိုင်ငံတကာ ရေငုပ်သင်္ဘော ပြိုင်ပွဲ (International Submarine Race) တွင် ပြသခဲ့ကြာင်း သိရသည်။

http://www.futurestars-mm.com/profiles/blog/show?id=6405389%3ABlogPost%3A374828&xgs=1&xg_source=msg_share_post

ASEAN Community

Apa kabar! Sah-bye-dee! min-ga-la-ba! sawat Dee khrap! As-Salamu Alaykum! Kumusta! choom reap sua! xin chao!---->are you ready fron an ASEAN commity in 2015?

if in Europe they have the European Union/EU in southeast Asia we have ASEAN ♥

Let's all be ready..spread ASEAN community page in your facebook,invite more of your friends to like our page, share our links.. let's show brotherhood for the good of our people and nations. we all the admins of AC invite you to help us spreading ASEAN awareness in our Region, be part of the realization of an ASEAN Community in 2015.

click "like" and share our ASEAN community page.
http://www.facebook.com/ASEANCommunity?ref=tn_tnmn

Sunday, April 22, 2012

(...ကရင်လူမျိုးတို့၏..နေ့ထူးနေ့မြတ်များ..)



(၁).....ကရင်နှစ်သစ်ကူးနေ့.................................ပြာသိုလဆန်း  ၁ရက်နေ့....
(၂).....ကရင်တော်လှန်ရေးနေ့.............................ဇန်န၀ါရီလ   ၃၁  ရက်နေ့....
(၃)....ကရင်အမျိုးသား  အစည်းအရုံးနေ့(KNU)........ဖေဖော်ဝါရီလ   ၅ရက်နေ့..
(၄)...ကရင်အမျိုးသားနေ့....................................ဖေဖော်ဝါရီ  ၁၁ရက်နေ့...
(၅)....ကရင်အမျိုးသမီးအစည်းအရုံးနေ့.(KWQ)........ဧပြီလ..၅ရက်နေ့..
(၆)....ကရင်လူငယ်အစည်းအရုံးနေ့.(KYQ)..............မေလ  ၂၃ရက်နေ့..
(၇)..ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့(KNLA).........ဇူလိုင်လ  ၅ရက်နေ့...
(၈)....ကရင်အာဇာနည်နေ့.....................................................သြဂုတ်လ  ၁၂ရက်နေ့...
(၉)..မဟာချည်ဖြူဖွဲ့  မင်္ဂလာပွဲတော်နေ့......................................၀ါခေါင်လပြည့်  ၁ရက်နေ့....
ကရင်လူမျိုးတီု့၏နေ့ထူးနေ့မြတ်များဖြစ်ပါသည်.....


http://www.zwekapinmyae.com/profiles/blog/show?id=2879352%3ABlogPost%3A584726&xgs=1&xg_source=msg_share_post

Saturday, April 21, 2012

ကဲင်မရာမဲန် တို့၏ စတိုင်များ

Photographers adopt different positions for a good picture shot... the best is the last photograph!














Love this pose .... kungfu stance!!!























___________________________

Monday, April 9, 2012

ခေတ်အဆတ်ဆတ် မြန်မာနိုင်ငံ၏ ပိုက်ဆံများ

ဒီပိုက်ဆံတွေကိုတော့သိချင်မှသိကြပါလိမ့်မယ်၊
ကျွှန်တော်တို့ နိုင်ငံ ဘုရင်များလက်တက်မှ ယခု အစိုးရလက်ထက်အထိအသုံးပြုနေတဲ့ ပိုက်ဆံတွေပါ။





http://www.futurestars-mm.com/profiles/blog/show?id=6405389%3ABlogPost%3A337009&xgs=1&xg_source=msg_share_post#axzz1rYJY9khN