Pages

Beautiul_Myanmar

Thursday, June 21, 2012

အမွှာ ၁၀၁ တွဲပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ရုပ်ခြင်းဆင်တူပြိုင်ပွဲ

အမွှာ ၁၀၁ တွဲပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ရုပ်ခြင်းဆင်တူပြိုင်ပွဲ

၂၀၁၁ ခုနှစ် ဇန်န၀ါ၇ီ ၁၆ ရက်နေ့မှာ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်တဲ့ ရုပ်ခြင်းဆင်တူပြိုင်ပွဲမှာ အမွှာ တစ်တွဲ ဓါတ်ပုံရိုက်နေပုံပဲဖြစ်ပါတယ် ။ ဒီရုပ်ခြင်းဆင်တူပြိုင်ပွဲမှာ အမွှာပေါင်း ၁၀၁ တွဲပါဝင် ယှဉ်ပြိုင်ခဲ့တယ်လို့ သိရ ပါတယ် ။








 




http://www.mmitpalace.com/profiles/blog/show?id=6456788%3ABlogPost%3A134222&xgs=1&xg_source=msg_share_post

GiliSoft File Lock Pro 6.3 (သူများ မမြင်စေချင် မသိစေချင်တဲ့ Folder , Data တွေကို ဖျောက်ထားချင်ရင်)

မိမိ ကွန်ပြူတာထဲက အရေးကြီးတဲ့ ဖိုင်တွေ Data တွေကို Password ပေးပြီး သူများမမြင်အောင် မသိအောင် Lock ချထားပေးတဲ့ ဆော့ဝဲလ် လေးပါ ...။ Folder Lock အကြောင်းကို C-box မှာ သူငယ်ချင်း တစ်ယောက် လာပြောဖူးပါတယ် အသုံးပြုပုံလေးပါ သိချင်ပါတယ်တဲ့....  ဒါနဲ့ ကျနော်လည်း Folder Lock ဆော့ဝဲလ် တွေ တမျိုးပြီး တမျိုး ဒေါင်းယူ စမ်းကြည့်တာ တခုမှ အဆင်မပြေလို့ တင်မပေးဖြစ်တာပါ..:)
ဒီနေ့တော့ ကျနော် လဲ လိုအပ်လို့ မွှေနှောက် ရှာဖွေ ပြီး စမ်းကြည့်တော့ လွယ်ကူ အဆင်ပြေတာလေးမို့ ပြန်လည်မျှဝေလိုက်ပါတယ်....ဖိုင်ဆိုက်ဒ်လေးကလဲ သေးသေးလေးပါ 3.23Mb ပဲရှိပါတယ်။ အသုံးပြုပုံလည်း ရှင်းပြစရာ မလိုလောက်အောင် အရမ်းရိုးရှင်းပါတယ် ...။ 
 ဒေါင်းလို့ ရလာတဲ့  File Lock Pro 6.3 .rar ဖိုင်လေးကို Extract လုပ်ပြီးရင် Setup ဖိုင်လေးကို Double Click ပြီး Install ပါ .. သူများ မမြင်စေချင် မသိစေချင်တဲ့ ဖိုင် တွေ Lock / Unlock လုပ်ဖို့ Password တွေကို Install လုပ်ရင်း တခါတည်း ထည့်ပေးရမှာပါ ... Full Version အဖြစ် အမြဲတမ်းသုံးနိုင်ဖို့ Patch ကိုတော့ သုံးတတ်ကြမယ်ထင်ပါတယ်..။ အသုံးပြုပုံလေးကတော့ အောက်ကပုံလေးကြည့်လိုက်ရင် သဘောပေါက်သွားမှာပါ..။
နံပါတ် 3 က Box လေးမှာ အမှန်ခြစ် လေး ပေးပြီး အောက်က Lock / Unlock လုပ်ပေးရမှာပါ ..။ Lock လုပ်ထားတဲ့ Folder ကို ပြန် ဖွင့်ချင်ရင်တော့ File Lock Pro 6.3 ဆော့ဝဲလ် ကို ဖွင့်ပြီး ပေးထားတဲ့ Password တွေ ထည့်ပေးကာ ပြန်ဖွင့်ချင်တဲ့ Folder ကို အမှန်ခြစ် လေး ပေးပြီး Unlock လေးနှိပ်ပေးရုံပါဘဲ...။ 
ဒါကတော့ Folder တွေ Lock ချတာလေးဘဲ ရှင်းပြနိုင်တာပါ တခြား Function တွေ ပါဝင်ပါသေးတယ် ကျန်တဲ့ Function တွေကိုတော့ ကိုယ့်ဘာသာကိုယ် ကလိကြည့်ရင် သိလာမှာပါ..။
အခြား ပါဝင်တဲ့ Features တွေကတော့ ......
GiliSoft File Lock Pro is a power file encryption software program that can quickly and safely lock and hide files, folder,and drives,and it can use 256-bit AES encryption (Encryption Standard Adopted by the US Government) to protect your files located on HDD drive or any portable media such as USB drives.

Features and Benefits:
• Hide Data :
GiliSoft File Lock Pro can hide your private files folders and drives, to make them completely invisible to users and programs.
• Lock Data :
The locked files/folders/drives are protected from accessing, users can not open, read, modify, move, delete, copy, rename the protected files/folders without password. Files and sub-folders in a locked folder are also protected.
•Encrypt Data :
It can encrypt files and folders of any type.
•Portable Encryption :
It packs and encrypts a folder into an executable (.exe file) with AES encryption algorithm. You can encrypt important data by this method, and then send it over the network or by other means to be used on a machine without Gili File Lock Pro.
• Safe Delete :
GiliSoft File Lock Pro allows you to completely remove sensitive data from your hard drive by overwriting it several times with carefully selected patterns.No one can recover deleted data from your disk if you secure delete it.
• Password Protected:
GiliSoft File Lock Pro is a password-locked software,that is to say,there’s no other way to run or unstall it if you have not the password.
• Hardware Compatible
Fully support Intel® Pentium D Dual-Core Processor and AMD Athlon™ 64X2 Dual-CoreProcessor
 

မြန်မာ ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပြည်ပရောက် မှတ်တမ်းပုံများ စုစည်းမှု

ဥရောပ သြစတေးလျ အမေရိကား မှာ ရှိနေတဲ့ မြန်မာလူမျိုးတွေသာမက နော်ဝေး နိုင်ငံသားတွေနဲ့ လူပင်လယ်ကြီး ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ကို လာရောက်နားထောင်ခဲ့ပါတယ်။
By DVB entertainment's photo.











         

 
ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဗယ်လ် ဆုချီးမြှင့်သည့် အခမ်းအနားတွင် မိန့် ခွန်းပြောပြီ (ဓါတ်ပုံ)
နော်ဝေနိုင်ငံ အော်စလိုမြိုနော်ဝေနိုင်ငံ အော်စလိုမြို့တွင် ကျင်းပလျှက်ရှိသော ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြင့်ပွဲတွင် မိန့်ခွန်းပြောကြားလျှက်ရှိသော ဒေါ်အောင်ဆန်းစုကြည်။ ပြောကြားလျှက်ရှိသော မိန့်ခွန်းကို http://www.nobelprize.org/ တွင် တိုက်ရိုက်ကြည့်ရှု့နိုင်ပါသည်။


နော်ဝေနိုင်ငံ အော်စလိုမြို့တွင်ကျင်းပလျှက်ရှိသော ငြိမ်းချမ်းရေးနိုဘယ်ဆုပေးပွဲမိန့်ခွန်းပြောကြားလျှက်ရှိသော ဒေါ်အောင်ဆန်းစုကြည်။
နော်ဝေနိုင်ငံ အော်စလိုမြို့တွင်ကျင်းပလျှက်ရှိသော ငြိမ်းချမ်းရေးနိုဘယ်ဆုပေးပွဲတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်။


နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ကျင်းပလျှက်ရှိသော ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြင့်ပွဲသို့တက်ရောက်လျှက်ရှိသော ဒေါ်အောင်ဆန်းစု ကြည်၏သားငယ် ကိုထိန်လင်း(ခ) ကင်မ် (အလယ်) ။


နော်ဝေနိုင်ငံ အော်စလိုမြို့တွင်ကျင်းပလျှက်ရှိသောငြိမ်းချမ်းရေးနိုဘယ်ဆုပေးပွဲအ ခမ်းအနား။ အခမ်းအနားသို့ နော်ဝေဘုရင်နှင့်အတူ တော်ဝင်မိသားစုဝင်များလည်း တက်ရောက်လျှက်ရှိကြသည်။


နော်ဝေနိုင်ငံ အော်စလိုမြို့တွင်ကျင်းပလျှက်ရှိသော ငြိမ်းချမ်းရေးနိုဘယ်ဆုပေးပွဲအခမ်းအနားတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်။




ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးနိုဗယ်လ်ဆုချီးမြှင့်သည့်အခမ်းအနားတွင် လန်ဒန်မြို့ မြန်မာသံရုံး ၀န်ထမ်းတစ်ဦးလည်းဖြစ်သေူ စောင်းမောင်နေ၀ါက မေတ္တာရွှေစောင်းသီချင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတီးခတ်ဖျော်ဖြေစဉ်။ ကိုးကား-BBC


By, 7Day News Journal (Facebook)
၂၀၀၉ ခုနှစ်က ချီးမြှင့်ခဲ့သော Ambassador of Conscience Award ကို ၂၀၁၂ ခုနှစ် ဇွန်(၁၈)ရက်နေ့က လက်ခံရယူခဲ့စဉ်

အိုင်ယာလန် သမ္မတ Michael D. Higginsမှ မြန်မာ ပြည်သူလူထု ခေါင်းဆောင်အား သမ္မတရုံးမှာ တွေ့ဆုံစဉ်
ဒီကနေ့ အိုင်ယာလန်နိုင်ငံသို့ U2 အဖွဲ့ခေါင်းဆောင် Bono နဲ့အတူ ရောက်ရှိလာတဲ့ မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အိုင်ယာလန် ဒုဝန်ကြီးချုပ် Eamon Gilmore မှ လေဆိပ်မှာ ကြိုဆိုနှုတ်ဆက်နေစဉ်
Amnesty International ရဲ့ 2009ခုနှစ်က ချီးမြှင့်တဲ့ Ambassador of Conscience Awardဆုအား လက်ခံရယူပြီး အိုင်ယာလန်နိုင်ငံ Dublinမြို့က ခမ်းနားကြီးကျယ်တဲ့ Bord Gais Energy Theatre မှာ ပရိသတ်အား အမှာစကား ပြောကြားနေစဉ်
၂၀၀၉ ခုနှစ်က ချီးမြှင့်ခဲ့သော Ambassador of Conscience Award ကို ၂၀၁၂ ခုနှစ် ဇွန်(၁၈)ရက်နေ့က လက်ခံရယူခဲ့စဉ်
နော်ဝေနိုင်ငံ၊ အော်စလိုမြို့က မြန်မာ့နိုင်ငံရေး 
အကြောင်း ဆွေးနွေးတဲ့ အော်စလိုဖိုရမ်ကို
 တက်ရောက်တဲ့ မြန်မာ့ ဒီမိုကရေစီ
 ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ 
ယူတူး တေးဂီတအဖွဲ့ ခေါင်းဆောင် ဘိုနို
နှင်းဆီပန်းအနီ၊ လုံချည်အနီနဲ့ လန်းဆန်းပြုံးရွှင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်

အဆိုတော် ဘိုနို၊ နော်ဝေ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Jonas Gahr Stoere နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အား အောစလိုဖိုရမ် စင်မြင့်ထက်ဝယ် ဇွန်(၁၈)ရက်နေ့က တွေ့ရစဉ်(ဓာတ်ပုံ-AFP)
ဇွန်(၁၈)ရက်နေ့က အောစလိုဖိုရမ်သို့ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား နော်ဝေ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Jonas Gahr Stoere က ကြိုဆိုနှုတ်ဆက်နေစဉ်(ဓာတ်ပုံ-AFP)
သတင်း-ဓါတ်ပုံ  -Facebook
 

ဒေါ်အောင်ဆန်းစုကြည်အား လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် မြန်မာသံရုံးမှတဆင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ ဖိအားပေးခဲ့သည်မှ စ၍ နောက်ဆက်တွဲ ဖြစ်စဉ်များ..


ဒေါ်အောင်ဆန်းစုကြည်အား လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် မြန်မာသံရုံးမှတဆင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနသို့ ဖိအားပေးခဲ့သည်မှ စ၍ နောက်ဆက်တွဲ ဖြစ်စဉ်များ..

ဇွန်လ (၂)ရက်နေ့ မဲဆောက်ခရီးစဉ်အတွက် နဂိုမူလ စီစဉ်ထားတဲ့ ခရီးစဉ်ကတော့ မဲဆောက်မြို့လေဆိပ်မှ ဒေါက်တာစင်သီယာမောင်မှ ကြိုဆိုပြီး ဒေါက်တာစင်သီယာမောင် ဆေးခန်းကို ဦးစွာသွားရောက်ဖို့ ဖြစ်ပါတယ်..။ ထိုမှ မယ်လဒုက္ခသည်စခန်းသို့ သွားရောက်ပြီး အပြန်မှာ ဒေါက်တာစင်သီယာမောင် ဆေးခန်းသို့ ထပ်မံဝင်ရောက် လေ့လာပြီး တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ နေ့လည်စာ သုံးဆောင်ကာ တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားခဲ့ပါတယ်..။ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအားလည်း မြန်မာအဖွဲ့အစည်းများနဲ့ မဲဆောက်မှ ထိုင်းလုံခြုံရေးများ ပူးတွဲ လုပ်ဆောင်ဖို့ စီစဉ်ထားခဲ့တာပါ..။

မြန်မာသံရုံးမှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ အထက်ပါ သတိပေးအကြောင်းစာ ပေးပို့ပြီးချိန်မှ စ၍ မဲဆောက်ကို သွားရောက်မယ့် ဇွန်လ (၂)ရက်နေ့ မနက်(၆)နာရီမှာတော့ ထိုင်းအာဏာပိုင်များမှ မူလအစီအစဉ်အား ဖျက်သိမ်းခဲ့ပြီး အဖွဲ့အစည်း အသီးသီးအား မယ်လဒုက္ခသည်စခန်းမှာပဲ တွေ့ဆုံဖို့ ဖိတ်ကြားခဲ့ပါတယ်..။ မဲဆောက် လေဆိပ်ရောက်ရှိ စဉ်မှာလည်း ထိုင်းအာဏာပိုင်များရဲ့ အစီအစဉ်နဲ့ မယ်လဒုက္ခသည် စခန်းသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့ပါတယ်..။ မယ်လဒုက္ခသည် စခန်းသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိစဉ်မှာလည်း အသံချဲ့စက် အသုံးပြုပြီးလူထုနဲ့ စကားပြောဆိုခွင့် မရခဲ့သလို မူလစီစဉ်ထားတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ တွေ့ဆုံခွင့် မပေးခဲ့ပါဘူး..။ မယ်လဒုက္ခသည် စခန်းမှ မဲဆောက်လေဆိပ်သို့ ပြန်လည်ရောက်ရှိစဉ်မှာ သတင်းစာရှင်းလင်းပွဲသာ လုပ်ခွင့်ရခဲ့ပါတယ်..။


အထက်ပါ ဖြစ်ရပ်တွေဟာ ထိုင်းအစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား လေးစားသမှုနဲ့ အစိုးရဧည့်သည်တော် တဦးပုံစံ ကြိုဆိုခဲ့ကြပြီး မြန်မာအစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် ဖိအားပေးခဲ့တဲ့ နောက်ပိုင်းမှာ ပြောင်းလဲသွားတဲ့ ဖြစ်ရပ်တွေပါ..။ မြန်မာအစိုးရရဲ့ ထိုင်းအစိုးရအပေါ် လုပ်ရိုးလုပ်စဉ် ဖိအားပေးမှုတွေရဲ့ နောက်ကွယ်မှာ ထိုင်းအစိုးရမှ အလျှော့ပေး ဆက်ဆံရတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့တာကတော့ ယခင် စစ်အစိုးရ သက်တမ်းတလျှောက်ပါပဲ..။ သို့ပေတည့် ထိုင်းအစိုးရမှ အိမ်ရှင် ပီသစွာ လုံခြုံရေးမှ အစ လစ်ဟင်းမှု မရှိအောင် ဆောင်ရွက် ပေးနိုင်ခဲ့ပေမယ့် မြန်မာအစိုးရရဲ့ ဆက်ဆံမှု ထိခိုက်မယ့် အရေးကိုတော့ မဲဆောက်ခရီးစဉ်မှာ ထိန်းချုပ်လုပ်ဆောင် ခဲ့ပါတယ်..။ ထိုင်းအစိုးရမှ မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၂၉ရက်နေ့ ရောက်ရှိစဉ်မှ စပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တွေ့ဆုံခဲ့မှုအထိ နိုင်ငံဧည့်သည်တော် တဦးအလား လေးစားသမှု ပြုခဲ့သလို World Economic Forumမှ လူထုခေါင်းဆောင်ရဲ့ အသံဟာလည်း ကမ္ဘာသို့ ပျံနှံခဲ့ပါပြီ။ 


ဒီဖြစ်ရပ်တွေအတွက် မြန်မာအစိုးရ အတွင်းမှ အပျော့ဂိုဏ်း အမာဂိုဏ်းတွေရဲ့ အခြေအနေတွေကို လှစ်ဟ ဖော်ထုတ် ပြသနေသလို မြင်တွေ့နေရပါတယ်..။ သမ္မတဦးသိန်းစိန် ထိုင်းနိုင်ငံ ချစ်ကြည်ရေး ခရီးဟာလည်း အထက်ပါ ဖြစ်ရပ်တွေနဲ့ ဆက်စပ်နေမလားပဲ...။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကြာခဏ ပြောဆိုခဲ့တဲ့ မြန်မာပြည်တွင်း အပြောင်းအလဲတွေပေါ်မှာ အကောင်းမြင်လွန်း အားကြီးနေမှုကို သတိကြီးစွာနဲ့ ကျတော်တို့ လေ့လာသုံးသပ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်..။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းအစိုးရမှ လေးစားသမှုနဲ့ ကြိုဆိုခဲ့မှု အပေါ် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနသို့ ဖိအားပေး ကန့်ကွက်ခဲ့တဲ့ အမာဂိုဏ်းသား မြန်မာအာဏာပိုင်များ၏ လုပ်ရပ်အားလည်း အပြင်းအထန် ကန့်ကွက် ရှုတ်ချပါသည်..။

ဒီမိုဝေယံ

မြန်မာ့နိုင်ငံအရေး အပြောင်းအလဲများအား အကောင်းမြင်၍ မရသေး...။ ယခင်သတင်း ပြန်ဖတ်ချင်ရင် http://www.demowaiyan.org/2012/06/blog-post_9517.html

ဓာတ်ပုံ... (Post Today) မေလ(၃၁)ရက်နေ့က ထိုင်းအစိုးရ အိမ်တော်မှာ မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း ဒုတိယဝန်ကြီးချုပ် Chalerm Yubamrungတို့ တွေ့ဆုံကြစဉ်.. 
 

ဝင်းဒိုးXP ကို ၀င်းဒိုးမြန်မာ ပြောင်းကြမယ်

window xp သုံးတဲ့ သူငယ်ချင်းများအတွက် ဒီဆော့ဝဲလ် လေး ကို အင်စတေး ( install ) လုပ်လိုက်တာနဲ့

window system ရဲ့ သုံးပုံ နှစ်ပုံလောက်ဟာ မြန်မာ language ပြောင်းသွားတယ်

စမ်းကြည့်ချင်ရင်တော့ အောက်မှာ ဒေါင်းလိုက်ပါ...ရာဖိုင်..ပစ၀ါ့ဒ် ကတော့>>> ayelwin ဖြစ်ပါတယ်



 
ziddu

http://futurestars-mm.com/profiles/blog/show?id=6405389%3ABlogPost%3A416939&xgs=1&xg_source=msg_share_post