ကွန်ပျူတာဗိုင်းရပ်စ်ဆိုတာ ပုန်းခိုနေအောင် ဖန်တီးထားတဲ. ညွန်ကြားချက်တွေဘဲ။ သူတို.ဟာ programs နဲ. files တွေကို ချိတ်ဆက်ပြိး အလုပ်များစွာကို လုပ်ဆောင်စေပါတယ်။ဆိုးကျိုးများ ဖြစ်စေရန် ကွန်ပျူတာ programmer များ စိတ်ထဲတွင်စွဲနေသော ဗိုင်းရပ်စ်များကို ဖန်တီးခဲ.ပါတယ်။သူတို.ကို hackers or crackers အဖျက်သမားများလို.လဲခေါ်ပါတယ်။
ကွန်ပျူတာဗိုင်းရပ်စ် ၏လုပ်ဆောင်ချက်များ
ကွန်ပျူတာဗိုင်းရပ်စ်တွေမှာ hidden program code တွေ ပါရှိပါတယ်။ သူတို.ဟာ တရားဝင် code အနေနဲ့ ရုပ်ဖျက်ထားပါတယ်။ download လုပ်နေချိန် ၊ ဒါမှမဟုတ် run နေတဲ့အချိန်မှာ programs တွေနဲ့ file တွေမှာ သူကလာချိတ်ဆက်ပါတယ်။ ပုန်းနေတဲ့
ဗိုင်းရပ်စ်တွေက floopy တွေ ၊ network တွေ ၊ bulletin board တွေကနေ ပျံ့နှံ့လာခဲ့တယ်။ တချို့ဗိုင်းရပ်စ်တွေကတော့ ပြဿနာတွေကို တိကျအောင် မဖန်တီးထားပါဘူး။ တချို့ဗိုင်းရပ်စ်တွေကတော့ တိကျတဲ့ ပတ်ဝန်းကျင်ကို ရောက်မှဘဲ အလုပ်လုပ်ပါတယ်။
ဗိုင်းရပ်စ်တွေဟာ ကွန်ပျူတာကို အမျိုးမျိုးသော ဆိုးကျိုးတွေ ဖြစ်ပွါးစေပါတယ်။ program တွေကို နာမည်ပြောင်းခြင်း၊ ကိန်းဂဏန်းတွေကို ပြောင်းခြင်း၊ file တွေကို ကစဥ့်ကလျားဖြစ်စေခြင်း ၊ power ကို ပိတ်ပစ်ခြင်း၊ ၊command တွေကို ပြောင်းပြန်လုပ်ခြင်း တို့ကို ဗိုင်းရပ်စ်တွေက လုပ်ဆောင်ပါတယ်။
ဗိုင်းရပ်စ်တွေရဲ့ ထင်ရှားတဲ့ လက္ခဏာကတော့ ကွန်ပျူတာ system တလျောက်ရွေ့လျားနိုင်အောင် သူတို့ကိုယ်တိုင် ပြုလုပ်ပါတယ်။ တချို့သော virus program များကတော့ ပြသာနာတွေကို ဖြစ်ပွားစေပေမယ့် သူတို့ကိုယ်တိုင် အလုပ်မလုပ်ပါဘူး။
နမူနာအားဖြင့် trojan horse ဟာ တစုံတယောက်ရဲ့ software တွေ data တွေကို ဖျက်ဆီးဖို့ ပြောင်းလဲဖို့ ညွန်ကြားချက်တွေ ပါပါတယ်။ သို့သော်လည်း အဲဒီ program က သူ့ဘာသာသူ ပြန်မထုတ်လုပ်နိုင်ပါဘူး။
worm ဆိုတဲ့ ဗိုင်းရပ်စ်ကတော့ ကွန်ပျူတာ memory ကို ဖြည့်ပေးပါတယ်။ သူ့ဘာသာသူ ထပ်ခါထပ်ခါ ပြန်ရေးပါတယ် system ကို ထိပ်တုံးသဖွယ် ခိုင်းစေပါတယ်။
ထင်ရှားတဲ့ဗိုင်းရပ်စ်တွေကတော့ worms, Trojan horses နဲ့ email virus
တို့ပဲ ဖြစ်ကြပါတယ်။ ကွန်ပျူတာ ဗိုင်းရပ်စ်ရဲ့ အဓိက အုပ်စုတွေကတော့ boot
sector virus, file infectors တွေနဲ့ macro virus တွေပဲဖြစ်ကြပါတယ်။
boot sector virus တွေဟာ ပျက်စီးလွယ်တဲ့ boot program များနဲ့ ချိတ်ဆက်ထား ပါတယ်။ သူတို့တွေဟာ bootable floppy တွေ hard disk တွေcd တွေထဲမှာ store လုပ်ထားခြင်း ခံရပါတယ်။ floppy disk တွေကနေ အထူးသဖြင့် ပျံနှံ့တဲ့ ဗိုင်းရပ်စ်တွေ ဖြစ်ပါတယ်။
file infectors ဗိုင်းရပ်စ်တွေက file တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပါတယ်။ memory ကို သူတို့ဘာသာ load လုပ်နိုင်ပြီး file တွေ program တွေကို ကူးစေပါတယ်။ micro virus တွေကတော့ ပုံမှန်ဗိုင်းရပ်စ်တွေထက် ကို ပျက်စီးမှုများပါတယ်။
ကွန်ပျူတာဗိုင်းရပ်စ်အုပ်စုများအကြောင်း
၁။ Mal ware
Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious နဲ့ Software ကို ပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ။ အဲဒီ Malware က ကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရဘဲ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင်၊ အနှောင့်အယှက် ဖြစ်အောင် ရေးလေ့ရှိကြပါတယ်။
Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits,
spyware, dishonest adware, crimeware and other malicious and unwanted
software တွေ ပါဝင်လေ့ရှိပါတယ်..
၂။ worm
worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားတာပါပဲ။ virus တစ်ခုရဲ့ Sub-class
လို့လည်း ခေါ်လို့ရပါတယ်။ သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူ့ဘာသာ Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက်လုံးဝမပါဘဲ
ပျံ့နှံ့စေတာဖြစ်ပါတယ်။ သူ့ဘာသာ ဖြန့်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။ အကြီးမားဆုံး အန္တရာယ်ကတော့ System file တစ်ခုလို အယောင်ဆောင်ပြီး အလိုလျောက် သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်။ Computer ရဲ့ System memory usage တွေ များလာစေတယ်။ network bandwidth တွေကို တက်လာစေတယ်။ Run ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်။
လူသိများတဲ့ worm ကတော့ Blaster worm ပါ.. ။ ထွင်လိုက်တဲ့ လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်..။ Blaster worm က windows စတက်တာနဲ့ Registry ကီး HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run\windows auto update = msblast.exe မှာ နေရာယူပါတယ်၊ msblast.exe ဆိုတာကတော့ နာမည်တူပေးထားတာပေါ့။
Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..
၃။ Trojan horse
Trojan horse ကို Trojan လို့လည်း ခေါ်ပါတယ်။ Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာသင်ဖူးကြမှာပေါ့။ Tri ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ...။ အဲဒီထဲကလိုပဲ အလုပ်လုပ်တယ်လို့ ပြောလို့ရပါတယ်...။ ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်...။ ဥပမာ - Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင် လုပ်ပေးနေတယ်။ အဲဒီတော့ အဲဒီ Game ကို Trojan horse လို့ခေါ်တာပေါ့။ တကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ..။ ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game ဖြစ်သွားပါတယ်။ နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen saver ပဲ ဖြစ်ပါတယ်..။
Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)
၎။ Spyware
သူကတော့ သူခိုးပေါ့နော်..။ Spy တွေ ဘယ်လိုအလုပ်လုပ်သလဲ။ သူလဲအဲလိုပါပဲ...။
သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်..။ ဒါပေမယ့် ကွန်ပျူတာမှာ သုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်...။
Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်...။ ပြီးရင် သူက Browser home page ကို ပြောင်းထားတတ်ပါတယ်..။ သင့်ကို Error message တွေ အမျိုးမျိုးပြမယ်။ (ဥပမာ- သင့်ကွန်ပျူတာမှာ problems
တွေများနေပြီ။ အဲဒါတွေပြင်ချင်ရင် အောက်က ခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ဘဲနဲ့ အခြား Porn Site တွေ အလိုလို ပွင့်လာမယ် စသဖြင့်ပေါ့။ တချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်..။ တကယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေ ပါလာတတ်တာကြောင့် Spyware Remover တော်တော် များများက Cookie တွေကို ဖျက်ပစ်ကြတာပါ။ Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို ရှောင်တာကောင်းပါတယ်။ Free Spyware Remover
တွေနဲ့လည်း ကာကွယ်နိုင်ပါတယ်...။
၅။ Adware
Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်....။ သူကတော့ Screen မှာ Automatic ပေါ်လာအောင် ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်။ အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်။
၆။ Crimeware
Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာ ပါပါတယ်..။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက် ရည်ရွယ်ပြီးရေးကြတာများပါတယ်။ သူက user password တွေ၊ links တွေ၊ အချက်အလက် တွေကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့။ ဥပမာပြောရရင် ခုခေတ်စားနေတဲ့ key logger တို့ keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်..
ကိုးကား
မျိုးသူရ
http://forverfriends.ning.com/profiles/blogs/2863689:BlogPost:6194886
No comments:
Post a Comment