
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုယ့်ကိုယ် ကိုယ် အဆုံးစီရင်မှုနှုန်း အမြင့်ဆုံးနိုင်ငံများထဲမှတစ်နိုင်ငံ ဖြစ်ပြီး နှစ်စဉ် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သူ ၂၈၇၀၀၀ ခန့်ရှိကြောင်း သိရသည်။
ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သူ ထက်ဝက် ကျော်ခန့်မှာ အမျိုးသမီးဖြစ်နေသကဲ့သို့ အဆုံးစီရင်သူ လေးပုံသုံးပုံခန့်မှာ ကျေးလက်ဒေသများတွင်ဖြစ်ပွားခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာ ကွယ်ရေး CDC၏အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။ ယင်းအစီရင်ခံစာတွင် မည်သည့်အကြောင်း ကြောင့် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သည်ကိုမူ ဖော်ပြ ထားခြင်းမရှိဟုဆိုသည်။ ဒေသခံသတင်းမီဒီယာတို့၏ အဆိုအရ စာသင်ကျောင်းများတွင် ကောင်းစွာစွမ်း ဆောင်မှုရှိစေရန် အလွန်အမင်းဖိအားပေးမှုနှင့် အလုပ် ရှာဖွေနေသောလူငယ်များတွင် ကိုယ့်ကိုယ်ကိုယ်အဆုံး စီရင်မှုများပေါ်ပေါက်နေခြင်းဖြစ်သည်ဟု ဆိုသည်။
လှုပ်ရှားရေးဝါဒီတို့နှင့် လူမှုဗေဒပညာရှင် တို့ကလည်း လူမှုရေးပြဿနာများ ကြီးထွားလာခြင်း ကြောင့် စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျဆင်းမှုများဖြစ်ပေါ် လာခြင်းဖြစ်ကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။ ကွမ်ကျိုး နေ့စဉ်သတင်းစာ၏အဆိုအရ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာမှုအတွင်း ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှု များ တိုးပွားလာခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုသည် တရုတ် နိုင်ငံရှိလူများ သေဆုံးမှု၏ ပဉ္စမမြောက်အကြောင်းရင်း ဖြစ်လာခဲ့သည်ဟု ဆိုသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ အဆိုအရ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် အရှေ့ ဥရောပနိုင်ငံများမှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုနှုန်း အမြင့်ဆုံးနေရာများဖြစ်သည်ဟုဆိုသည်။ ၂၀၀၉ခုနှစ် တွင် လစ်သူယေးနီးယား၌ လူ ၁၀၀၀၀၀ တွင် ကိုယ့် ကိုယ်ကိုယ် သတ်သေသူ ၃၄ဒသမ၁ဦးရှိပြီး ကိုရီးယား တွင် ၃၁ဒသမ၁ဦး၊ ဟန်ဂေရီတွင် ၂၄ဒသမ၆ဦး၊ ဂျပန် တွင် ၂၄ဒသမ၄ဦးနှင့် တရုတ်တွင် ၂၂ဒသမ၂ဦးရှိကြောင်းCDCက ၎င်းင်း၏၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
http://yangonmedia.com/news/news_detail.asp?nid=4537
No comments:
Post a Comment