ဒီ ခေါင်းစဉ်လေး ကတော့စိတ်ဝင်စားစရာပဲ ဗျ။ ဒီ blog ကိုဆရာစံဇာဏီဘို ရဲ့အရောင်နဲ့ပတ်သက်ပြီး ဟောတမ်း မှ ကူးပြီးတင်ထားတာပါ။တစ်ဦးနဲ့တစ်ဦးစိတ်ထားချင်းတော့တူမှာမဟုတ်ပါဘူး။ ဒါပေမယ့် အများစုမှန်လေ့ ရှိတော့ တင်ပေးလိုက်တာပါ။
ပါဝင်တဲ့ အရောင်တွေကတော့ အနက်၊ အစိမ်း၊ အနီ၊ အဖြူ၊ အပြာ၊ ခရမ်း၊ ပန်း၊ မီးခိုး ရောင်တို့ပဲဖြစ်ပါ တယ်။
အနက်ရောင်
အနက်ရောင်သည် ရေနှင့်ပတ်သက် သောဓာတ်သဘာဝကို ကိုယ်စားပြုသည်။အေးချမ်းသည်။ ပေးစွမ်းတတ်သောသဘာဝရှိသည်။ သွားလာလှုပ်ရှား ခြင်းကို နှစ်သက်သည်။ အပြိုင်အဆိုင် အတိုက် အခံများ ကိုကျော်လွှားပြီး အထွတ်အထိပ်သို့ ရောက်ရှိမည်။ ကိုယ့်ထက်နိမ့်ပါး သောသူများအားကူညီ ခြင်း၊ ပေးကမ်းခြင်း အတွက် အမြဲတစေ ရည်သန်သောသဘာသရှိသည်။ ကူညီလွယ်သည်။ လက်လွယ်သည်။ ခရီးသွားမှုကိုနှစ်သက်သည်။ အတားအဆီးတို့ကို ကျော်လွှားနိုင်စွမ်း ရှိသည်။ အလို ရှိရာတို့ကို မရမက ရယူနိုင်စွမ်း ရှိသည်။
အစိမ်းရောင်
အစိမ်းရောင် သည် တောင်တန်းသင်္ကေတကိုဖော် ကျူးသည်။အစိမ်း ရောင်ကို ကြိုက်နှစ် သက်သောသူ များဖြစ်သည်။ တည်ကြည်သည်။ အရာရာအပေါ် ခိုင်မာပြတ်သားစွာ ဆောင်ရွက်နိုင် သည်။ ဆုံးဖြတ်ထားပြီးသည့် အပေါ်ခိုင်ကြည်စွာ ရပ်တည်တတ်သည်။ ငြိမ်သက်မှုကို နှစ်သက်သည်။ မပြောင်းမလဲ ဇွဲကြီးကြီး နှင့်လုပ်ကိုင်ကာ တိုးတက်မှုကို ဖန်တီး လိုသည်။ သဘာဝ ကိုနှစ်သက်သည်။ မြင့်မားသောတောင်တန်းအလား အဆင့်မြင့်စွာ တိုးတက်မှုကို ဖန်တီးရယူလိုသော သဘာဝ ရှိသည်။ ရဲစွမ်းသတ္တိ ရှိသည်။ ခိုက်ရန် ပဋိပက္ခ ကိုမလိုလား။ ငြိမ်းချမ်းမှု၊ အေးချမ်းမှု၊ ဘ၀တည်တံ့ခိုင်မာမှု၊ သူတစ်ပါးအပေါ် အကာအကွယ်ပေးမှု အကြောင်းအရာများကို အခြေတည်၍ သတ္တိစွမ်းပကားပြသ သောသူများဖြစ်သည်။ မွေးရပ်ကိုသော်လည်းကောင်း၊ မိသားစု ကိုသော်လည်းကောင်း နှောင်ဖွဲ့မှု သံယောဇဉ် ကြီးမားသည်။ သူတစ်ပါးအား ကောင်းကျိုးပြု အနစ်နာခံ ရန်အတွက် လူ့လောက သို့ ရောက်ရှိ လာသူများဖြစ်သည်။
အနီရောင်
အနီရောင်သည်ကား မီးလျှံသင်္ကေတကို ကိုယ်စားပြုသည်။အနီရောင်ကို နှစ်သက်သောသူများ သည် မီးတောက်မီးလျှံ နှင့်တူသောသူများဖြစ်သည်။ ကျော်ကြားခြင်း၊ အောင်မြင်ခြင်းကိုလိုလားသည်။ မည်သည့်ကိစ္စကို ဆောင်ရွက်စေလူသိရှင် ကြားဖြစ်တတ်သည်။ ကိုယ်က ထင်ပေါ်အောင်မလုပ်သည့် တိုင်လူအများကြား ထင်ရှားနေ တတ်သည်။အများ အပေါ်အမိန့်ပေးလွှမ်းမိုးနိုင်ခြင်း၊ သြဇာကြီးမား ခြင်း ရှိမည်။တစ်မိပေါက် တစ်ယောက်ထွန်း သြဇာကြီးမားသူများဖြစ်သည်။ စိတ်တိုဒေါသထွက်လျှင် ထိန်းသိမ်းရန်အလွန်ခက်၍ မီးတောက်မီးလျှံအလားပြုမှုတတ်သောသဘာဝ စရိုက်ရှိသည်။ အခက်အခဲအတိုက်အခံများ ကြုံကလည်းကောင်း၊ယှဉ်ပြိုင်သူများနှင့် ကြုံကလည်းကောင်းမီးတောက် မီးလျှံအလား အလျှံတငြီးငြီးနှင့် ၀ါးမျိုတတ်သည်။ တင်းတိမ်ရောင့်ရဲမှုအားနည်းသည်။တစ်ပါးသူထက် ပိုပိုသာသာသည်းသည်းလှုပ်လှုပ် ခံစားဖြစ်တည်တတ်သော သဘာဝရှိသည်။
အဖြူရောင်
အဖြူရောင်သည် လေပြည်ဓာတ်သဘာဝကို ဆောင်သည်။သိမ်မွေ့သည်။နူးညံ့သည်။နှုတ်မှု ရေးရာကျွမ်းကျင်သည်။ အရာရာပေါ်စနစ်တကျ နှံ့နှံ့စပ်စပ်ရှိသည်။ တုံ့ပြန်မှုအားကောင်းသည်။အကဲ ဆတ်သည်။စိတ်ထိခိုက်လွယ်သည်။ဖြူစင်သည်၊ အေးချမ်းသည်။အရောင်အသွေးမရှိ ပကတိငြိမ်းချမ်း ခြင်းနှင့် မူလသဘောဝအတိုင်း အရာအရာအပေါ် ဆောင်ရွက်တတ်သောအလေ့အထရှိသည်။ကျန်တဲ့အရောင်တွေကိုတော့နောက်တစ်ခေါက်မှ ဘဲ တင်လိုက်တော့မယ်နော် အားလုံးအဆင်ပြေပါစေဗျာ။

No comments:
Post a Comment