Pages

Beautiul_Myanmar

Thursday, September 22, 2011

မင်းသားရဲတိုက်လည်း ဧရာဝတီမြစ်အကြောင်း စိတ်ဝင်စားတယ်


ဧရာဝတီ မြစ်ဆုံဆည်နဲ့ ပတ်သက်လို့ ပြောတဲ့သူတွေထဲမှာ စာရေးဆရာတွေ၊ စာနယ်ဇင်း သမားတွေ၊ ကာတွန်းဆရာတွေ၊ ကဗျာဆရာတွေအပြင် နာမည်ကြီး မင်းသား ရဲတိုက် လိုမျိုးလည်းပါနေပါတယ်။ ကာတွန်း ဟာဂျူလီ (ကသာ) ကတော့ ဧရာဝတီမဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဒေသခံတွေကို အသိပညာ ပေးဖို့ လူသိများတဲ့၊ ပရိသတ်က ချစ်တဲ့ မင်းသား မင်းသမီးတွေက ပြောတာ ပိုထိရောက်တယ်လို့ ဆိုပါတယ်။ ဒီဓာတ်ပုံက ဒီနေ့ အနုပညာရှင်များစွာရဲ့ မြစ်ဆုံပြပွဲကို သွားရောက်ခဲ့တဲ့ မင်းသားရဲတိုက်ပါ။ သူ့ရဲ့ ဧရာဝတီမြစ်ကြီးအပေါ် အမြင်ကို အခုလိုရေးသား ပြသထားပါတယ်။

“ဧရာဝတီဆိုတာကို တိုင်းပြည်ရဲ့ အသက်သွေးကျောအဖြစ် ငယ်ငယ်တုန်းက သင်ခဲ့ရပါတယ်။ သည်သွေးကျောကနေ ပြည်သူတွေကို ကယ်တင်ဖို့ ထုတ်ယူခွင့်ရှိတဲ့ သွေးပမာဏက အကန့်အသတ်ရှိတဲ့အကြောင်း သင်ယူရင်း ... ရဲတိုက်” လို့ ဆိုပါတယ်။ ဓာတ်ပုံ facebook က ယူပါတယ်။



http://quigonjinn03.appspot.com/www.irrawaddyblog.com/2011/09/blog-post_8866.html

No comments: