Pages

Beautiul_Myanmar

Friday, September 23, 2011

မိမိရဲ့ ဓါတ်ပုံလေးကို ခဲခြစ် ပန်းချီ ပုံပြုလုပ်ရင်း Photoshop နည်းလေးနှင့်စမ်းကြည့်ရအောင်လား...

မိမိရဲ့ ဓါတ်ပုံလေးကို ခဲခြစ် ပန်းချီ ပုံပြုလုပ်ရင်း Photoshop လေ့ကျင့်ခန်း လုပ်ရအောင်..
လွယ်လွယ်ကလေးလုပ်ကြမယ်နော..



1 – ပထမဆုံး ပြင်မယ့်ပုံကို File -> Open နဲ့ ဖွင့်ပါ…။

2 – ဒီအဆင့်ကတော့ ကိုယ်ပြင်တဲ့ ပုံ ပျက်စီးသွားရင်မူရင်း Layer ကျန်နေစေဖို့ ပုံကို Copy လုပ်ထားတာပါ ။ Duplicate လုပ်တယ် လို့ ခေါ်ပါတယ်။ Ctrl + J ဟာ Duplicate လုပ်တာနဲ့ တူပါတယ်။ အဲ့ဒါကို Copy 1 လို့
နာမည်ပေးရအောင်။

3 – တတိယ အဆင့်ကတော့ Copy ကူးထားတဲ့ Layer ကို Select ပေးပြီး image -> adjustments -> desaturate ကို နှိတ်ပါ ။ အောက်ပါ အတိုင်းပြောင်းသွားပါလိမ့်မယ်။

4 – ဒုတိယ အဆင့်က Copy ကူးထားတဲ့ Layer ကို နောက်ထက် Duplicate Layer ထက်လုပ်ပါ ။ အဲ့ဒါကို Copy 2 လို့ နာမည် ပေးရအောင် ။ ပြီးရင် Copy 2 Layer ကို invert လုပ်ဖို့ အတွက် image -> adjustments -> ivert ။
သူ့ကို Ctrl = i နှိတ်ရင်လည်း ရပါတယ်။

5 – Copy 2 Layer ကို Select ပေးပြီး Blending mode ရဲ့ List မှာ Color Dodge ကို ရွေးချယ်ပေးပါ။

ဒီလိုမြင်ရလိမ့်မယ်။

6 - ဒီအဆင့်ကတော့ Copy 2 Layer ကို Select ပေးပြီး ‘filter – > blur -> gaussian blur’, a radius ကို 4.1 နဲ့ လုပ်ပါတယ် ။

7 - ကဲ လှ သွားပြီမဟုတ်လား…..။သူငယ်ချင်းတွေအားလုံးကျေနပ်ကျမယ်ဆိုရင်ကျွန်တော်ပျော်ပါတယ်..
သူငယ်ချင်းတစ်ယောက်စီက ကူးပြီးဖေါ်ပြထားတာပါ.. သူငယ်ချင်းများအတွက်လဲအဆင်ပြေမယ်ထင်လို့ပါ..
ကြိုးစားလျှက်.. အောင်ကျော်မြ.....osaman92@gmail.com

No comments: