Toefl အမှတ်မလိုဘဲ ကျောင်းဝင်ခွင့် လျှောက်လို့ရခြင်းအကြောင်းရင်းနှင့် ပတ်သက်ပြီး မိမိဆက်တက်ခဲ့သည့် အမေရိကန်တက္ကသိုလ်၊ ကောလိပ်များ၏ တာဝန်ရှိသူများကိုယ်တိုင် Toefl မလိုဘဲ လျှောက်လို့ရသည့်အကြောင်းကို သေချာစွာ ရှင်းပြခဲ့ကြကြောင်း။ မိမိကူညီပေးခဲ့သည့် ကျောင်းသားကျောင်းသူ များက အမှတ်မပါဘဲကျောင်းဝင်ခွင့်ကို အောင်အောင်မြင်မြင်နှင့် ကျောင်းဝင်ခွင့် ဝင်လျှောက်နိုင်ခဲ့ကြကြောင်း။
Sochlarship နှင့်ပက်သက်၍ Tofel Score ပေါ်မူတည်ပြီး အပိုင်းနှစ်ပိုင်းရှိ ကြောင်း၊အကယ်၍ Tofel ရှိခဲ့လျှင်ကျောင်းဝင်ခွင့်လျှောက်သည့် အချိန်တည်းမှာပင် Scholarship ပရိုဂရမ်ကို လျှောက်၍ရကြောင်း အကယ်၍ ကျောင်းသူ ကျောင်းသားများအနေနှင့် Tofel Score မပါလျှင် ကျောင်းဝင်ခွင့်ရပြီးတစ်နှစ် အကြာတွင် Scholarship ပရိုဂရမ်ကိုလျှောက်ရန် ကူညီပေးနိုင်ကြောင်း။
လိုအပ်သည့် စာရွက်စာတမ်းအနေဖြင့် ကျောင်းဝင်ခွင့်လျှောက်လွှာကြေး၊ အမေရိကန်သံရုံးကို ပေးသွင်းရမည့် လျှောက်လွှာကြေးများကို တိတိကျကျ လွယ်လွယ်ကူကူ ပေးသွင်းနိုင်အောင် ကူညီပေးမည် ဖြစ်ကြောင်း ကျောင်းလခများအားလည်း စာသင်နှစ်အလိုက် အရစ်ကျ ပေးသွင်းနိုင်အောင် စီစဉ်ပေးထားကြောင်း။
ရှေ့လုပ်ငန်းစဉ် အနေဖြင့် အမေရိကန်ပညာရေး ဝန်ဆောင်မူလုပ်ငန်း အပတ်စဉ် စနေနေ့တိုင်း စိတ်ပါဝင်စားသည့် ကျောင်းသား ကျောင်းသူများနှင့် မိဘများကို ဖိတ်ကြားပြီး ဆွေးနွေးတိုင်ပင်နိုင်ရန် စီစဉ်ထားပါကြောင်း၊ တစ်ဦးချင်းစီအချိန်ယူပြီး ဆွေးနွေးတိုင်ပင်နိုင်ရန် စီစဉ်ထားပါကြောင်း စာရွက်စာတမ်းများကိုလည်း ပြည့်ပြည့်စုံစုံ ဖြည့်စွက်ပြီးသည်နှင့် အမေရိကန် တက္ကသိုလ်၊ ကောလိပ်များသို့ အမြန်ဆုံးလျှောက်ထားနိုင်ရန် အတွက် တာဝန်ယူပါကြောင်း၊ ကျောင်းဝင်ခွင့်ရပြီးသား ကျောင်းသူကျောင်းသားများ၏ နေထိုင်ရေးကိစ္စများကိုလည်း သီးသန့် အကျိုးဆောင်ပေးသွားမည် ဖြစ်ကြောင်း။
မိမိတို့အမေရိကန်ပညာရေး အကျိုးဆောင်လုပ်ငန်းက ဆက်သွယ်ပေးသည့် တက္ကသိုလ်ကောလိပ်များထဲမှ အဓိကကောလိပ်၊ တက္ကသိုလ်နှစ်ခု အကြောင်းကို ရှင်းပြချင်ကြောင်း NOVA ကောလိပ်များ Northen Virginia Community College(NOVA) ကောလိပ်ဖြစ်ကြောင်း NOVA ကောလိပ် သည် အမေရိကန်တစ်နိုင်ငံလုံးတွင် ဒုတိယအကြီးဆုံး ဒီပလိုမာကောလိပ်ကြီး ဖြစ်ကာ ဝါရှင်တန်မြို့အနီးတွင်တည်ရှိကြောင်း၊ ဘွဲ့အမျိုးအစားပေါင်း (၁၆ဝ) ကျော်ရှိကာ ဘာသာရပ်ပေါင်းစုံကို စိတ်ကြိုက်ရွေးချယ်နိုင်ကြောင်း၊ (NOVA) ကောလိပ်သည် ပညာရေးဋ္ဌာန၏ တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင် ရှိသည့် အတွက် ကျောင်းလခမှာ သင့်တင့်မျှတသည့် နှုန်းထားဖြစ်ကြောင်း။
Strayer University သည် Private ကျောင်းဖြစ်ပြီး ထူးခြားချက်မှာ ကျောင်းချိန်အများကြီးနှင့် ဘာသာရပ်အများကြီးကို စုံစုံလင်လင်သင် ကြားပေးနိုင်ကြောင်း၊ ကျောင်းချိန်များသည့် အတွက် အဆင်ပြေပြေ လွယ်လွယ်ကူကူ တက်ရောက် သင်ကြားနိုင်ကြောင်း Strayer University တွင်လက်ရှိ ကမ္ဘာပေါ် တွင်အောင်မြင်ထင်ရှားသူများမှ အတွေ့အကြုံများလာ ရောက်ဖလှယ်ခြင်း၊ ဟောပြောခြင်းများဖြင့် ကျောင်းသား ကျောင်းသူများ၏ အနာဂတ်ကိုလက်တွေ့ကျကျလမ်းညွှန်ပေး လျက်ရှိသည့် တက္ကသိုလ်ကြီး ဖြစ်ကြောင်း ပင်မကျောင်းဆောင်သည် ဝါရှင်တန်မြို့အနီးတွင် တည်ရှိပါကြောင်း''ဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။

(၂ဝဝ၄)ခုနှစ်ကတည်းကစဉ်းစား ဖြစ်ခဲ့ကြောင်း၊(၂ဝဝ၈) ခုနှစ်တွင် ညီ ဖြစ်သူ ဗုံဘုံကို အမေရိကားကို ကျောင်းပို့သည့်အခါ ကြုံတွေ့ရသည့် အဆင့် များကို သိထားသည့်အတွက် သည်လိုလုပ်ပေးလျှင် ကောင်းမည်၊ မိမိ ညီလို တခြားကလေးများလည်း အဆင်ပြေပြေဖြစ်စေချင်သည့်အတွက် ကြိုးစားခဲ့ရင်း အခုမှဖွင့်လှစ်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကျောင်းများနှင့် ချိတ်မိသွားခြင်းမှာ ဗုံဘုံကိုကျောင်းပို့ပေးရင်းက အဓိကယက ဗုံဘုံကြောင့် ချိတ်မိသွားခြင်းဖြစ် ကြောင်း၊ NOVA က လူငယ်ကျောင်းသားတွေ အတွက် သင့်တော်ပြီး Strayer ကလူလတ်ပိုင်း၊ အလုပ်တစ်ပိုင်းနဲ့ လူတွေအတွက် သင့်တော်ကြောင်း၊ မိမိတို့ ဝန်ဆောင်မှုက မိမိက အနုပညာသမားတစ်ဦး ဖြစ်သည့်အတွက် အနုပညာနှင့် ပတ်သက်သည့် ရုပ်ရှင်ရိုက်ကူးခြင်း၊ ဂီတနှင့်ပတ်သက်သည့် အသံဖမ်းခြင်း၊ အနုပညာနှင့် ပတ်သက်သည့် ဝန်ဆောင်မှုမျိုး ပြုလုပ်ပေးမည်ဖြစ်ကြောင်း အဓိက ဝန်ဆောင်မှုက တခြားကျောင်းများနှင့် မတူသည်မှာ Tofel အမှတ်ကသိပ် မလိုအပ်ကြောင်း၊ အမေရိကန်မှာ Tofel အမှတ်ကို တတ်နိုင်အောင် စီစဉ်ပေးထားကြောင်း၊ ပရိုမိုးရှင်းအနေဖြင့် ဝန်ဆောင်မှုသက်သက်တော့ မရှိကြောင်း၊ အမေရိကားရောက်သည်နှင့် အဆင်ပြေအောင် အကောင်းဆုံး ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း၊ အမေရိကားရောက်သည်နှင့် နေထိုင်ဖို့ အဆင်ပြေစေရန် လူခံများနှင့် ချိတ်ပေးသွားမည်ဖြစ်ကြောင်း၊ သွားတတ်လာတတ်အောင် ဒီကနေ ထရိန်နင်ပေးလိုက်မှာ ဖြစ်ကြောင်း၊ မိမိကဝါရှင်တန်ဒီစီမှာ နေခဲ့သည့်အတွက်ကြောင့် အခက်အခဲမရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ ချိတ်ဆက်ပေးသည့် ကျောင်းမှာ မှန်မှန်ကန်ကန် ပညာသင်ပေးသည့် ကျောင်းဖြစ်ကြောင်း၊ ပိုက်ဆံယူပြီး ဒီပလိုမာပေးသည့် ကျောင်းမျိုးလည်း မဟုတ်ကြောင်း၊ တကယ့်ကို မိမိတို့ ကုမ္ပဏီက စေတနာ၊ မေတ္တာ၊ ဝါသနာနှင့် လုပ်ပေးသည့်ကျောင်းများ ဖြစ်ကြောင်း၊ တကယ်ကောင်းမည့် ကျောင်းများနှင့် ချိတ်ပေးထားခြင်းဖြစ်ကြောင်း၊ အမေရိကန်ပညာရေး ဝန်ဆောင်မှုအနေဖြင့် မိမိတို့ ကုမ္ပဏီက ပထမဆုံး လုပ်ခြင်းဖြစ်ကြောင်း'' ရှင်းလင်းပြောကြားခဲ့သည်။
အဆိုတော်သားစိုး တည်ထောင်သည့် Future Investure Co,Ltd နှင့် ဆက်သွယ်လိုပါက အမှတ်(၈၁၉)၊ (၃)လွှာ၊ မဟာဗန္ဓုလလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း(ဝ၁-၂၁ဝ၇၄၂၊ ဝ၉-၇၃၁၂၆၂၈၁) သို့လည်းကောင်း၊ Futureinvestment 11@gmail.com သို့လည်းကောင်း ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။
လျှပ်တပြတ် သတင်းဂျာနယ်မှ ကူးယူဖော်ပြပါသည်
No comments:
Post a Comment