Pages

Beautiul_Myanmar

Monday, February 13, 2012

ထိုင်ဝမ်တွင် လူငယ်တစ်ဦး ဂိမ်းဆိုင်တွင်ဂိမ်းဆာ့ရင်းသေဆုံး




ဖေဖော်ဝါရီ ၃။ ။ထို င်ဝမ်နိုင်ငံ တိုင်ပေမြို့တွင်း အင်တာနက်ဆိုင်တစ်ခုတွင် လူငယ်တစ်ဦး သည် ဂိမ်းဆော့ရင်း သေဆုံးခဲ့သည်။
အသက် ၂၃ နှစ်အရွယ် Chen Rong-yu အမည်ရ ယင်းလူငယ်သည် ပြီးခဲ့သည့် အင်္ဂါနေ့ ညက ယင်းအင်တာနက်ဆိုင်တွင် League of Legendsအွန်လိုင်းဂိမ်း ကိုဆော့ကစား ရင်း သေဆုံးခဲ့ခြင်းဖြစ်ပြီး မည်သူမှ သတိမထားမိခဲ့ချေ။
အမှန်စင်စစ် ချန် ၏ သေဆုံးမှုသည် ကိုးနာရီ ကြာမြင့်ပြီ ဖြစ်ပြီး မော့စ်နှင့် ကီးဘုတ်ကို ကိုင်ထားလျက်သား ခုံတွင် ထိုင်လျက်သာ ဖြစ်သည်။ ထို့ကြောင့် ဆိုင်တွင်လာရောက်ဆော့ ကစားသော လူ ၃၀ ကျော်မှ မည်သူမျှ သတိမထားမိခဲ့ချေ။ ကိုးနာရီ ကြာမြင့်ပြီးနောက်သာ (ဗုဒ္ဓဟူးနေ့မနက်) ဆိုင်တွင် ဝန်ထမ်းအမျိုးသမီး တစ်ဦးလာရောက်ကြည့် ရှုသည့် အခါမှ သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
ချန်သည် ယခင်နှစ် စက်တင်ဘာလက နှလုံးရောဂါကြောင့် ဆေးကုသမှုခံယူထားရသူ ဖြစ်ကြောင်း သူ၏ မိဘများက ပြောကြားခဲ့သည်။ ယခုသေဆုံးမှုလည်း နှလုံး ထိခိုက်မှုကြောင့် နှင့် ခန္ဓာကိုယ်အပူချိန် ကျဆင်းမှု၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ လှုပ်ရှားခြင်း မရှိမှုတို့ကြောင့် ဖြစ်ပြီး ဂိမ်းဆော့နေရင်း heart attack ဖြစ်ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

http://www.futurestars-mm.com/forum/topics/6405389:Topic:260073

No comments: