Pages

Beautiul_Myanmar

Monday, March 12, 2012

လှချင်၍ ဆံပင်ဆေး ဆိုး၇ာမှ မျက်လုံးကွယ်ပြိး မျက်နှာ အလှပါ ပျက်ခဲ့ ၇သူ

လှချင်၍ ဆံပင်ဆေးဆိုးရာမှ မျက်လုံးကွယ်၍ မျက်နှာအလှပါ ပျက်စီးခဲ့ရသည့် အမျိုးသမီး



 ဗြိတိန်မှ အမျိုးသမီးတစ်ဦး ၏အဖြစ်မှာ သိပ်လှချင်ကြသည့် ယနေ့ခေတ်အမျိုးသမီးလေးများ အတွက်
သင်ခန်းစာယူစရာပင် ဖြစ်သည်။ ဖြစ်ပုံမှာ အသက် ၂၅ နှစ်အရွယ်ရှိကားမင်းရိုးဟုအမည် ရသော
အမျိုးသမီးသည်သူမ၏ နီညိုရောင်ဆံပင်အား အရောင် ပြောင်းရန် အနက်ရောင်ကာလာ ဆိုးဆေးအသုံးပြုရာမှ
ဓာတ်မတည့်  မှုများကြောင့် မျက်လုံးအမြင်များ ကွယ်၍ မျက်နှာတွင် ဖောင်းအစ် ပျက်စီးလာကာ
ဆေးရုံတက်ရောက်  ကုသမှုခံခဲ့ရသည်။
ရိုးအသုံးပြုသော ဆိုးဆေးမှာ  Claird nsice ဖြစ်ပြီးအသုံးမပြုခင် ဆိုးဆေးတွင်ဖော်ပြထားသော
အညွှန်းများအတိုင်း ၄၈ နာရီကြာ  အရည်ပြားစမ်းသပ်မှုများကိုလည်း ပြုလုပ်ခဲ့ကြောင်းနှင့်
ယခုကဲ့သို့ ဖြစ်ရခြင်းကိုနားမလည်နိုင်ဟု သူမကဆိုသည်။
အသုံးပြုပြီးတစ် ရက်မပြည့်ခင်မှာပင် အမြင်များ ကွယ်သွားပြီးသူမ၏ဦးခေါင်းနှင့် မျက်နှာတွင်
ဖူးရောင်လာပြီး ဘောလုံးကြီးတစ်လုံးကဲ့သို့ပင်ခံစား ရကြောင်း The San သတင်းဌာန သို့ဆက်လက်ပြောကြားခဲ့သည်။

သူမ ဆေးကုသမှုခံယူသော ဆွမ်းဆီးရှိ မောရစ်ဆင်ဆေးရုံမှ အရေပြားဆရာဝန်မှ ဆိုးဆေးတွင် 
ပါဝင်သောဓာတုပစ္စည်းများနှင့် ဓာတ်မတည့်မှုကြောင်အရည်ပြား မှ ဆိုးဆိုးရွားရွားတုန့်ပြန်ခဲ့၍
ယခု ကဲ့သို့ဖြစ်ရကြောင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။


http://www.mmitpalace.com/profiles/blogs/6456788:BlogPost:49700


No comments: