ကျနော် ဒီmessenger လေးမရခင်က ကျနော့်အကောင့်ထဲက သူငယ်ချင်းတွေ
ဘယ်သူဘလော့ထားလဲ စမ်းသပ်ပါသေးတယ် ဂျီတော့မှာ အကောင့်များများ
ဖွင့်လို့ရအောင် လုပ်ထားတဲ့ကွန်ပြူတာသုံးတဲ့သူကိုတော့ ဂျီတော့က
ခေါ်ပြီးစမ်းတဲ့နည်းက အသုံးမ၀င်ပါဘူး။ တစ်ချို့က လိုအပ်ရင်မေးမြန်းဖို့
အကောင့်အက်လာတယ် ပြီးတော့ မတွေ့ချင်ရင် ဘလော့ထားကြရော ဆိုလိုတာက
သူငယ်ချင်းဆိုပြီး အသုံးချချင်နေကြတာ။ အကြောင်းမရှိလို့ မြင်ရတာရှုပ်နေရင်
ဘလော့ထားပါ ဒါပေမယ့် လိုအပ်ရင် မေးပို့ပြီးခေါ်ရင် ပြန်ဖွင့်ပေးပါလို့
ပြောထားပါလျှက်နဲ့ မပြောမဆို ဘလော့ပြီး ခပ်တည်တည် သူတို့မဟုတ်သလို
မျက်နာပြောင်နဲ့ လိမ်နေသူတွေကို ကြည့်မရလို့ ပို့စ်တင်လိုက်တာပါ။
ကျနော့်အကောင့်မှာ ပြန်စစ်ကြည့်တော့ မပြောဆိုပဲ ဘလော့တဲ့လူတွေ
ရှိနေတာကိုတွေ့ရပါတယ်။ ကျနော် ဘယ်သူမှပြန်မဘလော့ပါဘူး ဒါပေမယ့်
စိတ်ဓါတ်လေးတွေသိရတော့ သူငယ်ချင်းတစ်ယောက်ချင်းစီရဲ့ ခင်မင်မှုကို
ဘယ်လိုလဲဆိုတာ သိခဲ့ရပါတယ်။ စာဖတ်သူ သူငယ်ချင်းတို့လည်း မလိုရင်ဘလော့ပြီး
အသုံးချချင်မှ ရှာတတ်တဲ့ သူငယ်ချင်းကို အသုံးချသက်သက် ဆက်ဆံတတ်သူတွေကို
သိချင်ရင်တော့ အဲဒီ messenger လေးကို သုံးကြည့်ကြပါ။ အသုံးပြုပုံကတော့
ဂျီတော့နဲ့ ခပ်ဆင်ဆင်ပါပဲ။ လင့်ကနေသွားပြီးလေ့လာကြည့်ပါ။
ီဒီနေရာလေးမှာ သွားရောက်လေ့လာ ဖတ်ရှုနိုင်ပါတယ်
ီဒီနေရာလေးမှာ သွားရောက်လေ့လာ ဖတ်ရှုနိုင်ပါတယ်
No comments:
Post a Comment