Pages

Beautiul_Myanmar

Wednesday, April 25, 2012

အသက်ဆယ်နှစ်အရွယ်ကိုလံဘီသာတိုင်းရင်းသူတစ်ဦးအံသြဖွယ်ကလေးမီးဖွား



 အသက်(၁၀)နှစ်အရွယ် ကိုလံဘီယာ တိုင်းရင်းသူတစ်ဦး အံ့ဩဖွယ် ကလေးမီးဖွား








လူစိတ်မရှိတဲ့ လူတွေများ ပြားလာတဲ့ ကမ္ဘာကြီးနဲ့ လူ့ပတ်ဝန်း ကျင်ဟာ တစ်စစ ပျက်စီးနေ ပါပြီ။ ယောကျာ်း ကလည်း ယောကျာ်းပီသ တဲ့ စိတ်၊ မိန်းမကလည်း မိန်းမပီသ တဲ့စိတ် မရှိကြတော့ ပါဘူး။ အားလုံး ကိုယ့်လိုအင်ဆန္ဒတစ်ခုတည်းကိုပဲ ရှေ့ ရှုတတ်ကြတဲ့ ငို့ဘ သမားတွေ များ လာ တာ တွေ့နေ ရပါတယ်။
ဒီလို ငို့ဘ သမားတစ်ဦးကြောင့် အသက် (၁၀) နှစ်အရွယ် ကိုလံဘီယာမိန်းကလေး တစ်ဦး ကိုယ်ဝန်ဆောင် ကလေးမီး ဖွားပြီး ကမ္ဘာ့အသက်အငယ်ဆုံး မိခင် ဖြစ်လာခဲ့ရပါပြီ။ ဒီသတင်းကြောင့် တစ်ကမ္ဘာလုံး တုန်လှုပ်ချောက်ချား သွားခဲ့ရပါတယ်။ မိန်းကလေးငယ် က ကိုလံဘီယာ မြောက်ပိုင်း La Guajira ကျွန်းဆွယ်မှာ အခြေချနေ ထိုင်ကြတဲ့ Wayuu တိုင်းရင်းသူတစ် ဦးဖြစ်ပြီး (၃၉)ပတ်ကိုယ်ဝန်ကို ဗိုက် ခွဲမွေးခဲ့ရတာပါ။ကိုယ်ဝန်ဆောင်အများ စုဟာ (၃၈)ပတ် ကိုယ်ဝန်ဆောင်လေ့ ရှိကြပါတယ်။ မွေးခါနီး နာကျင်မှု ဝေဒနာကြောင့် အော်ကြီးဟစ်ကျယ် ငိြုွေကးရင်း သွေးတွေနဲ့ဆေးရုံ ရောက် လာချိန်မှာ ဆရာဝန်တွေက သူမရဲ့ အသက်အရွယ်ကြောင့် မိခင်နဲ့ကလေး (၂) ဦးစလုံးအတွက် အန္တရာယ်များ တဲ့ ခွဲစိတ်မှုကို ခက်ခက်ခဲခဲ ဆုံးဖြတ် ချက်ချခဲ့ရပါတယ်။
မွေးကင်းစ မိန်း ကလေးဟာ (၅)ပေါင်သာရှိပြီး မိခင် ကနို့မတိုက်လိုတာကြောင့် နှစ်ဦးစလုံး ကို ဆေးရုံရဲ့ မွေးကင်းစအခန်းထဲမှာ အထူးကြပ်မတ်ထားခဲ့ရပါတယ်။ ဆယ်ကျော်သက်မဟုတ်တဲ့ ဒီအသက် အရွယ်နဲ့ကလေးမီးဖွားခြင်းဟာManaure မြို့မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ကိုလံ ဘီယာရဲတွေက အသက်မပြည့်သူနဲ့ လိင်ဆက်ဆံတဲ့ဖခင်ကို ရှာဖွေတရားစွဲ နိုင်ပေမယ့် နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ Wayuu မျိုးနွယ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားပါတယ်။ ဒါ့ပြင် ဘယ်လိုအမှုမျိုးကိုမဆို သူတို့ က ရေငုံနှုတ်ပိတ်နေလေ့ရှိတာကြောင့် ဖခင်ဘယ်သူဖြစ်မှန်း ဖော်ထုတ်ဖို့ မလွယ်လှပါဘူး။ ဒါပေမယ့် တချို့က အသက်(၁၅)နှစ်လူငယ်တစ်ဦး တချို့ ကလည်း အသက် (၃၀) အမျိုးသား တစ်ဦးဖြစ်မယ်လို့ ယုံကြည်ကြပါ တယ်။

No comments: