
ဂျပန် နိုင်ငံမှ နောက်ဆုံး ထုတ်လုပ် လိုက်သည့် CCTV ကင်မရာအမျိုး အစား သည် ၄င်းတပ်ဆင်ထားရာ အရပ်သို့ ဖြတ်လျှောက်သွားသည့် လူများ၏ မျက်နှာ များစွာကို Scan ဖတ်ပေးနိုင်မည် ဖြစ်ပြီး တစ်စက္ကန့်လျှင် မျက်နှာပေါင်း ၃၆ သန်းခန့် ဖမ်းယူနိုင်သည်ဟု ထုတ်လုပ်သူတို့က ဆိုသည်။
Hitachi Hokusai Electric က ဖန်တီး လိုက်သည့် အဆိုပါ နည်းပညာ သစ်သည် လက်ရှိ CCTV ကင်မရာများတွင် မပါဝင်သည့် နည်းပညာအသစ်လည်းဖြစ်သည်။ ထို့ ပြင် လူတစ်ဦး တစ်ယောက် ချင်းစီ၏ ဇီဝဗေဒဆိုင်ရာ အမှတ်အသားများကို မှတ်သားနိုင်မည်ဖြစ်သည့်အတွက် ရှာဖွေရာတွင်လည်း များစွာအထောက်အကူ ပြုမည်ဖြစ်သည်။
ယခုအခါ အဆိုပါ နည်းပညာသစ်ကို ဂျပန်အစိုးရအနေဖြင့် မီးရ ထား ဘူတာရုံများ၊ အဆင့်မြင့်ကုမ္ပဏီကြီးများနှင့် လူစည်ကားရာအရပ်တို့၌ တပ် ဆင်ရန် စီစဉ်လျက်ရှိသည်။
ZZ
No comments:
Post a Comment