Pages

Beautiul_Myanmar

Thursday, April 19, 2012

Hard Disk Patition ကို Format ချနည်း

Hard Disk Patition ကို Format ချနည်း

ဒီနည်းလေးကို ကိုနေရိုင်းက Cbox မှာ တောင်းထားတာနဲ့ တခြားမသိသေးတဲ့ သူများအတွက်ပါ ရည်ရွယ်ပြီး  အရင်တင်ပေးလိုက်ပါတယ်..။ မိမိတို့ရဲ့ ကွန်ပျူတာထဲက Patition လို့ ခေါ်တဲ့ Hard Disk ကို အပိုင်းတွေခွဲပြီး ဝင်းဒိုးနှစ်ခု၊ သုံးခုတင်လို့ ရသလို တခြား မိမိတို့ သိမ်းထားချင်တဲ့ ဖိုင်တွေ ၊ ဆော့ဝဲလ်တွေ ၊ ရုပ်ရှင်တွေ ၊ ဓါတ်ပုံ သီချင်း အားလုံးကို ၄င်း Patition တွေထဲမှာ သိမ်းထားလို့ ရပါတယ်..။ အကြောင်းတခုခုကြောင့် ဝင်းဒိုးကျသွားတဲ့အခါ မိမိတို့ သိမ်းထားတဲ့ ဟာတွေအားလုံး ပျက်မသွားပါဘူး..။ ပြန်ယူလို့ရပါတယ်..။ အခုဒီနည်းကတော့ အဲဒီ Patition တွေကို ဖျက်မှာဖြစ်တဲ့အတွက် အရင်ဆုံး မိမိတို့ လိုချင်တာလေးတွေကို တနေရာရာကို ပြောင်းပြီး သိမ်းထားဖို့ မမေ့ပါနဲ့..။ မလိုတာတွေဆိုရင်တော့ တခါထဲ ဖျက်တဲ့ထဲမှာ ထည့်ဖျက်လိုက်လို့ ရပါပြီ..။ Windows7 အတွက်ဖြစ်ပါတယ်..။
နောက်ပိုင်းပို့စ်တွေမှာတော့ Hard Disk ကို Patition ခွဲနည်းနဲ့ ဝင်းဒိုးတင်နည်းတွေပါ... ဖေါ်ပြပေးသွားပါမယ်..။ ဒီနေ့တော့ ဒါလေးစလိုက်ကြရအောင်... အောက်ကပုံမှာ အနီဝိုင်းပြထားတဲ့ အပိုင်းကို ဖျက်ပြသွားပါမယ်..
အရင်ဆုံး Computer ကနေ manage ကိုသွားလိုက်ပါ.. ပုံမှာပြထားတဲ့အတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..
အနီရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာတွေကတော့ ပြောင်းလဲပေးရမယ့် နေရာတွေနဲ့ ကလစ်ပေးရမယ့် နေရာတွေပါ..
အပေါ်ပုံတွေအတိုင်း အဆင့်ဆင့်ပြီးသွားရင်တော့ အောက်ပုံကအတိုင်း ၄င်း Patition ထဲမှာData တွေမရှိတော့တာကို တွေ့မြင်ရပါပြီ..။

အဲဒီပါတေးရှင်းကို ထပ်ဖျက်ချင်တယ်ဆိုရင်တော့ အောက်ကပုံအတိုင်း လုပ်ပေးလိုက်ပါ..

 ဒါဆိုရင်တော့ ဖျက်ပြီးသွားပါပြီ.. ဒါပေမယ့် နောက်တဆင့် ကျန်ပါသေးတယ်..။
မိမိတို့ဖျက်လိုက်တဲ့ ပါတေးရှင်းဟာ ဒီတိုင်းကြီး ပိုနေပါတယ်..။ သူ့ကိုခွဲထုတ်လာတုန်းက မူရင်းအပိုင်းနဲ့ သွားပြန်ပေါင်းပေးရပါမယ်..။ ဒါမှ မူရင်းအပိုင်းထဲမှာ Data တွေများများထည့် သုံးနိုင်မှာပါ.. အေက်ကပုံလေးတွေ အတိုင်းဆက်လုပ်ပေးလိုက်ပါဗျာ..

Finish ကိုနှိပ်ပြီးရင်တော့ အောက်ပုံကအတိုင်း ပါတေးရှင်း အပိုင်းတပိုင်း ပျောက်သွားပါပြီ..။
ပြီးရင်တော့ My Computer မှာ Double Click နှစ်ချက်တော့ပြီး ဖွင့်ကြည့်လိုက်ပါ..။ အောက်ပုံအတိုင်း မိမိတို့ဖျက်လိုက်တဲ့ ပါတေးရှင်း အပိုင်း မရှိတော့တာကို တွေ့မြင်ရပါလိမ့်မယ်..
အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..
ရေးသားသူ။    ။လွမ်းမင်းဗိုလ်
 
http://www.zwekapinmyae.com/forum/topic/show?id=2879352%3ATopic%3A590433&xgs=1&xg_source=msg_share_topic

No comments: