ကာဗွန်ဖိုက်ဘာ
ကိုယ်ထည်ကို အသုံးပြုကာ ရေထုတွင် လွယ်ကူစွာ ထိုးဖောက် ခုတ်မောင်းသွားလာ
လှုပ်ရှားနိုင်ရန် ပြေပြစ် သွက်လက် သည့် ပုံသ္ဌာန် ပြုလုပ်ထားသည့် Scubster
အမည်ရှိ ခြေနင်း ပြီးမောင်းနှင်ရသော တစ်ယောက်စီး ရေငုပ်သင်္ဘောကို ပြင်သစ်
ဒီဇိုင်နာ Minh-Lôc Truong နှင့် Stephane Rousson တို့က တက္ကသိုလ်
အင်ဂျင်နီယာ အဖွဲ့၏ အကူအညီဖြင့် တည်ဆောက်ခဲ့သည်။၂၀၁၀ ဇူလိုင်လ ၂၈ ရက်နေ့က အဆိုပါ ခြေနင်း ရေငုပ်သင်္ဘော Scubster ကို ဒီဇိုင်နာ Stephane Rousson က စီးနင်း လိုက်ပါလျက် ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း ရေပြင်အောက်တွင် အောင်မြင်စွာ စမ်းသပ်မောင်နှင် နိုင်ခဲ့ပြီဖြစ်သည်။





ကိုယ်ထည်
အဝါရောင် နှင့် တော်ပီဒို တစ်လုံးနှင့် ခပ်ဆင်ဆင်တူသော ထိုခြေနင်း
ရေငုပ်သင်္ဘော Scubster ကို အမြန်နှုန်း တစ်နာရီလျင် ၁၀ ကီလိုမီတာ (တစ်နာရီ
၆.၂ မိုင်) အထိသွားနိုင်ပြီး ရေအနက် ၅ မီတာ (၁၆ ပေ) အထိငုပ်နိုင်ရန်
ပုံစံထုတ်ထားသည်။Scubster ကို လွန်ခဲ့သည့် ၂၀၁၁ ဇွန်လတွင် မေရီလန်းရှိ Naval Surface Warfare Center-Carderock Division တွင် ကျင်းပသည့် နိုင်ငံတကာ ရေငုပ်သင်္ဘော ပြိုင်ပွဲ (International Submarine Race) တွင် ပြသခဲ့ကြာင်း သိရသည်။
http://www.futurestars-mm.com/profiles/blog/show?id=6405389%3ABlogPost%3A374828&xgs=1&xg_source=msg_share_post
No comments:
Post a Comment