Pages

Beautiul_Myanmar

Thursday, June 21, 2012

ဒီအဖြစ်တွေကို ဘယ်လိုကယ်တင်နိုင်မလဲ

ဒီအဖြစ်တွေကို ဘယ်လိုကယ်တင်နိုင်မလဲ 




ဒါဟာ မုတ္တမ ပင်လယ်ကွေ့ ကျေးရွာ တစ်ရွာဖြစ်တဲ့ က၀ ကျေးရွာသူ၊ ကျေးရွာသားများရဲ့ သောက်ရေကန်ဆိုရင် ဘယ်သူ ယုံနိုင်မလဲ (မယုံရင်တော့ တစ်ခါတစ်ခေါက် အရောက် သွားစေချင်တယ်၊သတ္တိတော့ တော်တော်မွေးသွားရမယ်)



စက်ရေတွင်း တူးရင်လည်း ပေလေးရာလောက် တူးရမယ်၊ အဲဒါလည်း သောက်ရေမရဘူး၊ သုံးရေပဲ၊ သောက်ရေအတွက်ကတော့ ဒီသောက်ရေကန်တွေပဲ အားကိုးရတယ်၊ ခုလို ရေခန်းတဲ့ နွေရာသီတွေ ရောက်ရင်တော့ ရေကျန်တဲ့ သူများရွာတွေက သွားခပ်၊ ခုလိုမျိုးဖြစ်တော့ သူတို့ရွာတွေကလည်း အခပ်မခံတော့ဘူးလေ၊ အဲဒိတော့ ခုလို လာလှူတာကိုပဲ မျှော်ရတယ် (က၀ ရွာသား ကိုဇော်ဇော်မျိုးရဲ့ ရှင်းပြချက်ပါ)...ပိုက်ဆံတတ်နိုင်လို့ စက်ရေတွင်း တူးပေးလည်း သောက်ရေ မရဘူး၊ သုံးရေပဲ ရမယ်...ဆိုတာ့ ဘယ်လို လုပ်ပေးရမလဲ..။



နာတာရှည်ရောဂါသည်လို ခံစားရတဲ့ ဒုက္ခမျိုးပါ(တစ်ရက်မဟုတ်၊ တစ်လ မဟုတ်....) ဒီလို အခက်ခဲမျိုးကို ပြည်တွင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်မတွေ့ရတာတော့ အံသြစရာ...(နိုင်ငံရေးလောက်ပဲ သတင်းလုပ်နေကြတယ်၊ အင်း...ဒီလိုနေရာတွေကို သတင်းထောက်တွေ အပင်ပန်းခံနိုင်ဘို့လည်း မလွယ်ဘူး၊ မနေ့က ရိုက်လာတဲ့ ပုံပါ)



အလွန်ကို ပင်ပန်းဆင်းရဲတဲ့ ခရီးစဉ်ပါ၊ အလှူငွေတွေ ထပ်လှူရင်တောင် ကိုယ်ကိုယ်တိုင် လိုက်နိုင်ဘို့ မလွယ်တော့ပါဘူး...အသက်အန္တရယ်ပါ ရှိနိုင်တယ်..ဆိုတာကို မယုံရင်တော့ တစ်ခါတစ်ခေါက် အလည်ရောက်အောင် သွားကြည့်စေချင်တယ်...



စာနာထောက်ထား...ဒီ..ဘ၀များ...
ကလေးလေး တစ်ယောက်ကို တစ်ဝက်လောက်ကျန်တဲ့ ရေသန့်ပုလင်းလေး ပေးလိုက်တော့...ဘုန်းဘုန်း..ရေက ချိုနေတာပဲနော်...ဒီရေမျိုးနဲ့သာ ထမင်းစားလိုက်ရရင် တစ်အိုးချက်ကို ခဏပဲ ပြတ်သွားမှာ....တဲ့၊ (ရန်ကုန်က ၀ယ်သွားတဲ့ ချိုချဉ်လေးတွေ ဝေတော့..ဘုန်းဘုန်း ချိုချဉ်တွေက အကောင်းစားတွေနော်၊ သားတို့ ရွာမှာ မရှိဘူးလား...ဆိုတော့..မြင်တောင် မမြင်ဖူးဘူး...တဲ့လေ)



သူတို့ရဲ့ အလိုအပ်ဆုံး ဖြစ်တဲ့ သောက်ရေလေးတွေကို လာရောက်ပြီး အပြေးအလွှား အလှူခံကြတာ တွေ့ရတော့ အမောလည်း အသက်တစ်ဝက်လဲလောက်အောင် ပင်ပန်းမှုတွေ ခေတ္တတော့ မေ့ခဲ့တယ် (အပြန်လမ်းကျတော့ ပြန်ပြီး သတိယပြန်ရော...)

http://futurestars-mm.com/profiles/blog/show?id=6405389%3ABlogPost%3A375761 

No comments: