Pages

Beautiul_Myanmar

Friday, June 22, 2012

ပြန်ကြားရေးဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက်ကို စမ်းသပ်ထုတ်လွှင့်နေ


ပြန်ကြားရေးဝန်ကြီးဌာနသည် ကိုယ်ပိုင်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် www.ministryofinformation.gov.mm ကိုအင်တာနက်ပေါ်၌ စမ်းသပ်လွှင့်တင်ခဲ့သည်ဟု အဆိုပါဝက်ဘ်ဆိုက်ကို ၀င်ရောက်ကြည့်ရှုခဲ့သူများကပြောသည်။ စမ်းသပ်ထုတ်လွှင့်လျှက်ရှိသည့် အဆိုပါဝက်ဘ်ဆိုက်၌

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ကြေညာချက်များ၊ ထုတ်ပြန်ချက်သတင်းများနှင့် ဆောင်းပါးများကို မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသည်။ ကဏ္ဍအလိုက် သတင်းအချက်အလက်များ တင်ဆက်ထားသည့် အဆိုပါဝက်ဘ်၌ ၀န်ကြီးဌာနများ၏ ပြောရေးဆိုခွင့်ရှိသူများစာရင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူများ၊ ၀န်ကြီးဌာန၀က်ဘ်ဆိုက်များနှင့် နေ့စဉ်ထုတ်သတင်းစာများကို အွန်လိုင်းမှ လွယ်ကူစွာရရှိစေရန် ထည့်သွင်းပေးထားကြောင်း အသုံးပြုသူများကဆိုသည်။ လက်ရှိအချိန်၌ အထူးသတင်းအဖြစ် နိုင်ငံတော်၏ ထုတ်ပြန်ကြေညာချက်များကို ရေးသားဖော်ပြထားကြောင်း ၎င်းတို့ကဆိုသည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ၎င်းတို့၏လုပ်ငန်းဆောင်တာ ကိစ္စရပ်များ၌ ထည့်သွင်းအသုံးပြုရန်အတွက် အမှတ်တံဆိပ် (Logo) ပြိုင်ပွဲကို အဆိုပါဝက်ဘ်ဆိုက်မှတစ်ဆင့် ဖိတ်ခေါ်ထားရှိပြီး အမှတ်တံဆိပ်ရွေးချယ်ခံရသူကို ဆုငွေ ၅ သိန်းချီးမြင့်မည်ဟု ကြေညာထားသည်။

http://www.myanmarinternetjournal.com/ij/local-news/4178-2012-06-18-05-32-07 

No comments: