မြန်မာ hacker များမှ သွေးချောင်းစီးရေးကို မလိုလားသည့်အတွက် ယခုပြုလုပ်နေသည့် လုပ်ရပ်များ ရပ်တန့်ရန်နှင့် တိုက်ခိုက်မှု့များအား နောက်ဆုတ်ပေးရန်။ မလိုလားအပ်သည့် ပြသနာများကို မဖြစ်ပေါ်စေရန်အတွက်။ သတိပေးတိုက်တွန်းသည့် သဘောဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရ ၀ဘ်ဆိုက်များကို တိုက်ခိုက်ပြီး သတိပေးလိုက်ပါတယ်။ ဒါကို သူတို့အနေနဲ့ တကယ်တမ်းအပြင်မှာတော့ ရပ်တန့်ဖို့အတွက် ဟန်ဆောင်ချင်ဆောင်ပေမယ့် သူတို့ရဲ့ ၀ဘ်ဆိုက်နဲ့ အားလုံးရဲ့ အစီအစဉ်ကတော့ online cyber war လို့ခေါ်တဲ့ online စစ်ပွဲ စတင်ပြုလုပ်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်ဖက်မှ Hacker များကို စတင်စုစည်းပြီး ဖွဲ့နေကြပြီဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် မြန်မာနိုင်ငံပိုင် အစိုးရအဖွဲ့အစည်း ၀ဘ်ဆိုက်များ၊ မြန်မာပြည်သူပိုင်(မြန်မာဘာသာဖြင့်ရေးသားထားသည့် ၀ဘ်ဆိုက်များ)အားလုံးအား သတိပေးလိုက်ပါသည်။ ယခုအချိန် မတိုက်ခိုက်ခင်မှာ website နဲ့ သက်ဆိုင်သည့် အားလုံးကို backup လုပ်ထားဖို့ ကြိုတင် သတိပေးထားလိုက်ပါတယ်။ ကျွန်တော့်အထင် အားလုံးပြီးဆုံးသွားပြီလို့ သက်ပြင်းချခါကျမှ ဒီလိုဖြစ်လာတဲ့အတွက် တော်တော်လေးကို အံ့သြမိပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့ hacker တွေဟာ ဘယ်ဝဘ်ဆိုက်တွေကို target ထားပြီး တိုက်ခိုက်မယ်ဆိုတာကို ကျွန်တော့်အနေနဲ့ မသိသေးပါဘူး။ ဒါပေမယ့် အဖွဲ့စတင်ဖွဲ့နေပြီ ဖြစ်တဲ့အကြောင်းနှင့် ဘယ်သူတွေက သွေးထိုးတယ်။ ကူညီတယ်ဆိုတာကိုတော့ အတိအကျ မသိပါဘူး။ အဲ့တော့ သတိပေးချင်တာကတော့ website သမားများ backup သာ လုပ်ထားကြပါ။ ပြီးတော့ မိုင်းများကိုလည်း သတိထားစေလိုပါတယ်။ ငြိမ်းချမ်းမလိုလိုနဲ့ ဘာဖြစ်လို့ ဒီလိုမျိုး ဆက်ဖြစ်ချင်ရတာလဲ။ ဘာတွေ လိုချင်လို့လဲ။ ပြီးတော့ တစ်ချို့ ရခိုင်ကနေ အစ္စလာမ် ကူးပြောင်းသူတွေကိုတောင် လက်မခံတဲ့အပြင် အစာနဲ့ အဆိပ်ပါတဲ့ ရေတွေကို တိုက်တယ်ဆိုတဲ့ သတင်းပါ ကြားရပါတယ်။ ဒါတွေဟာ မဖြစ်သင့်တဲ့ လုပ်ရပ်တွေပါ။ အဲ့လောက်အထိ မဖြစ်သင့်ပါဘူး။ အပျက်အပျက်နဲ့ နှာခေါင်းသွေး မထွက်စေချင်ပါဘူး။ အခုကတော့ လူလူချင်းမဟုတ်ဘဲနဲ့ ပထမဦးဆုံး online ပေါ်မှာတင် Hacker အချင်းချင်း ဥာဏ်ချင်းပြိုင်မယ့် Cyber War လို့ခေါ်တဲ့ (အင်တာနက် နည်းပညာစစ်ပွဲ)ပါပဲ။
Thursday, June 21, 2012
Cyber War စတင်ရန် အစီအစဉ် (ဘင်္ဂလားဒေ့ရှ်ဖက်မှ) စီစဉ်နေ

Labels:
သတင်း

Subscribe to:
Post Comments (Atom)
No comments:
Post a Comment