Pages

Beautiul_Myanmar

Monday, July 16, 2012

ပညာရှိသုခမိန်ယုဂ်နှင့်ပထမတိပိဋကဆရာတော် ကျေးဇူးရှင်မင်းကွန်းဆရာတော်ဘုရားကြီး၏ဇာတာတော်

ယခုဖော်ပြပါဇာတာတော်မှာ ပထမတိပိဋကဆရာတော် ကျေးဇူးရှင်မင်းကွန်းဆရာတော်ဘုရားကြီး
ဦးဝိစိတ္တသာရာဘိဝံသ၏ ဇာတာတော်မြတ်ဖြစ်ပါသည်။ဤဇာတာတော်အား ဦးမြင့်သွင်R.A(C.P.A)ရေးသား
သော စလေဆရာကြီးဦးပုညအဖွင့်ကျမ်းမှ ကောက်နုတ်ဖော်ပြပါသည်။



     ဇာတာတော်တွင် တနင်္ဂနွေ(၁)၊ဗုဒ္ဓဟူး(၄)၊ကြာသပတေး(၅)တို့သည် ၉-တန့် သုဘဌာန၌ ပူးယှဉ်နေသဖြင့်
ဤသို့ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဖြစ်ရလေသည်။သို့သော်လည်း ဤသို့ဂြိုဟ်သုံးလုံးစလုံးပူးမှ သုခမိန်ယုဂ်
ဖြစ်သည်ဟုတော့ ပုံသေကာကျ မမှတ်သားစေလိုပါ။ဇာတာတွင် ဘာဝသခင်ဂြိုဟ်တို့၏သမ္ဗန္ဓကိုလည်းကြည့်ရ
ပေသေး၏။မည်သို့ဆိုစေ မိမိတို့(သို့)မိမိတို့နှင့်ဆက်နွယ်ပတ်သက်သူများတွင် ယခုဆရာတော်ဘုရားကြီး၏
ဇာတာကဲ့သို့ စက်ဝိုင်းပုံဇာတာကွက်ထဲ၌ တစ်ကွက်ကွက်တွင် ၁၄၅ ဟူ၍ တွဲလဆက်တွေ့ပါက သုခမိန်ဇာတာ
ရသည်ဟု မှတ်လိုက်ပါ။







  သုခမိန်ယုဂ်ဟောကွက်ကို စလေဆရာကြီးဦးပုည၏တေးထပ်ကို ဖော်ပြလိုက်ပါမယ်။“ဂဠုန်နှင့်ဆဒ္ဒန် ကြွက်၊
တစ်စက်တည်းစံပျော်၊ဥစ္စာရှိ ကံပေါ်၊ဉာဏ်အမြင်ထင်ရှား၊ကျမ်းဂန်တတ်သုခမိန် ဖြစ်လိမ့်မမှား၊လက်မှုတတ်
တုမမှီ၊နုပန်းချီထင်ရှား။   ။”တေးထပ်သဘောမှာ ဇာတာတော်တွင် တနင်္ဂနွေ(၁)၊ဗုဒ္ဓဟူး(၄)၊ကြာသပတေး(၅)
တို့သည် တစ်ရာသီအတွင်း၌ အတူပူးယှဉ်၍မွေးဖွားလာသောဇာတာရှင်တို့သည် ဉာဏ်အမြော်အမြင်ကြီးမား၍
ကျမ်းဂန်စာပေတွင် တတ်သိနားလည်သော ပညာရှိသုခမိန်ဖြစ်မည်။အနည်းဆုံး အနုပညာ သုခုမပညာ၊ပန်းချီ၊
ပန်းပု စသည့် လက်မှုပညာတတ်ကျွမ်းသော လက်မှုပညာရှင်ဖြစ်ပေလိမ့်မည်။ဂြိုဟ်ပရိယာယ်အရ ၁-နွေသည်
ဦးခေါင်းကိုညွှန်းဆိုပြီး၊၄-ဟူးက တင်္ခဏုပ္ပတ္တိဉာဏ်ကို ညွှန်းဆိုကာ၊၅-တေးက ပညာကို ညွှန်းဆိုသောဂြိုဟ်
ဖြစ်၍ ထို ၁-နွေ၊၄-ဟူး၊၅-တေးတို့သည် မည်သည့်နေရာတွင်ပူးပူး ဉာဏ်ပညာအမြော်အမြင်ကြီးမားပြီး စာပေ
ကျမ်းဂန်တတ် ပညာရှိသုခမိန်ဖြစ်မည်ဟုတော့ ပုံသေကားကျမမှတ်သင့်သော်လည်း ၁-တန့်၊၅-တန့်၊၉-တန့်
ဖြစ်သော တြိကောဏအိမ်တို့တွင်ဖြစ်က သုခမိန်ယုဂ်အကျိုးပြည့်ဝစွာပေးပေလိမ့်မည်ဟုမှတ်လိုက်ပါ။
တစ်ဆက်တည်း မြန်မာနိုင်ငံ၏ တိပိဋကဆရာတော်များကို ဗဟုသုတအဖြစ်ဖော်ပြပါသည်။
မြန်မာပြည်တွင် ပိဋက(၃)ပုံ နှုတ်ငုံဆောင်တော်မူနိုင်သော သာသနာ့ အာဇာနည် တိပိဋကဓရ တိပိဋက ကောဝိဒ သာသနာ့အာဇာနည် အရှင်မြတ်များ ၁၃ ပါး ပေါ်ထွက်ခဲ့ပါတယ်။ သာသနာ့အာဇာနည် အရှင်မြတ်များမှာ
(၁)မင်းကွန်းတိပိဋကဓရဆရာတော်ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၊ (ဇာတိ - မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျည်းပင်ရွာ၊ မွေးရက် - ၁၂၇၃ခု၊ တန်ဆောင်မုန်းလဆန်း (၁၁)ရက် (ဗုဒ္ဓဟူး)နေ့
(၂)ပခုက္ကူတိပိဋကဓရဆရာတော်ဘဒ္ဒန္တနေမိန္ဒ၊
(၃)ပြည်တိပိဋက ဓရဆရာတော်ဘဒ္ဒန္တကောသလ္လ၊
(၄)ရန်ကုန်တိပိဋကဓရဆရာတော် ဘဒ္ဒန္တ သုမင်္ဂလာလင်္ကာရ၊
(၅)ယောတိပိဋကဓရဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ၊
(၆)ရေစကြိုတိပိဋကဓရဆရာတော် ဘဒ္ဒန္တဝါယာဓိန္ဒာဘိဝံသ၊ (ဇာတိ - မကွေးတိုင်း၊ ရေစကြိုမြို့၊ ရွှေကျောင်းရွာ၊ ၁၆-၃-၁၉၅၅ (ဗုဒ္ဓဟူး)
(၇)မော်ကွန်းတိပိဋကဓရဆရာတော်ဘဒ္ဒန္တ သီလက္ဓန္ဓာဘိဝံသ၊ (ဇာတိ - ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့၊ ပန်းတောစုရွာ၊ ၁၀-၁-၁၉၆၄ (သောင်္ကြာ)
(၈) မြင်းမူတိပိဋကဓရဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရ၊ (ဇာတိ - စစ်ကိုင်းတိုင်း၊ မြင်းမူ၊ ခွက်ခွင်းရွာ။ ၃-၁၁-၁၉၆၅ (ဗုဒ္ဓဟူး)
(၉) မြင်းခြံတိပိဋကဓရဆရာတော် ဘဒ္ဒန္တ ဂန္ဓ မာလာလင်္ကာရ၊ (ဇာတိ - မန္တလေးတိုင်း၊ မြင်းခြံ၊ လေးအိမ်တန်းကျေးရွာ၊ ၄-၃-၁၉၆၈ (တနင်္လာ)
(၁ဝ) မြိုင်တိပိဋကဓရဆရာတော်ဘဒ္ဒန္တသုန္ဒရ၊
(၁၁)ရမ္မာဝတီတိပိဋကဓရဆရာတော် ဘဒ္ဒန္တဣန္ဒပါလ၊ (ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ မန်ကျည်းကျွန်းရွာ၊ ၁၇-၇-၁၉၆၀ (တနင်္ဂနွေ)
(၁၂)စစ်ကိုင်းတိပိဋကဓရဆရာတော် အရှင်အဘိဇာတာဘိဝံသ
(၁၃) စစ်ကိုင်း တိပိဋကဓရ ဆ၇ာတော် အရှင် ဣန္နာစရိယ (ဇာတိ - စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ မြူးတူးရွာ။ ၂၇-၁၂-၁၉၆၄ (တနင်္ဂနွေ)
တို့ ဖြစ်ပါတယ်။"
ဤစာစုဖြစ်မြောက်အောင် မြန်မာနိုင်ငံ၏ တိပိဋကဆရာတော်များကိုကျနော့မေးထဲအား ပေးပို့ပေးပါသောCJMyanmar ကို
ကျေးဇူးအထူးတင်ရှိပါသည်။

http://www.edinooyin.com/profiles/blog/show?id=4347155%3ABlogPost%3A5630012&xgs=1&xg_source=msg_share_post 

No comments: