Pages

Beautiul_Myanmar

Monday, August 6, 2012

ကိုယ့်ဓာတ်ပုံလေး နဲ့ကိုယ်ပိုင် "Canlendar" ဒီဇိုင်းလုပ်ကြည့်ရအောင်

ကိုယ့် ဓာတ်ပုံ ဒါမှမဟုတ် ကိုယ်နှစ်သက်တဲ့ ပုံလေးတွေနဲ့
"Calendar" လေးတွေ  ဒီဇိုင်းဖော်ကြည့်ရအောင်နော် ........

ပြုလုပ်ပုံကတော့အဆင့် (၆) ဆင့် ရှိတယ်။
အောက်မှာ ပုံလေးနဲ့နည်းနည်း အသေးစိတ်ပြောပြပါ့မယ်။
စိတ်ဝင်စားတဲ့သူငယ်ချင်းတို့ စမ်းသပ်ကြည့်နိုင်ပါတယ်။




အရင်ဆုံး ဒီလင့် နှိပ်ပြီးသွားလိုက်ပါ။
ရောက်ရင်တော့အပေါ်မှာပေးထားတဲ့ ပုံလေးအတိုင်းပုံလုပ်ပုံအဆင့်(၆)ဆင့်ကိုတွေ့ပါလိမ့်မယ်



အဆင့်(၁) ။     ။  "Select a format for your free yearly calendar" ဆိုတဲ့နေရာမှာ
မိမိလိုချင်တဲ့ပုံစံကိုရွေးပါ။ သူကရွေးဖို့(၄)မျိုးပေးထားပါတယ်။ ထက်ထက် ပုံရဲ့နံပါတ်(၁) မှာ
အနီရောင်နဲ့ ရွေးဖို့ပြထားပါတယ်။         


                         

အဆင့်(၂) ။    ။ "Select a year for your free yearly calendar" နေရာမှာ မိမိပြုလုပ်မယ့်
Calendar ရဲ့နှစ်ကိုရွေးချယ်ပေးပါ။  ထက်ထက်ကတော့ အခုနှစ် 2012 ကိုပဲရွေးထားပါတယ်
ကိုယ်ကြိုက်တဲ့နှစ်ကိုရွေးပါ။





အဆင့်(၃)။    ။ "Select a Photo for your free yearly calendar" နေရာမှာ "Browser"
ကိုနှိပ်ပြီး မိမိထည့်ချင်တဲ့ ချစ်သူ သူငယ်ချင်း ရူခင်းပုံ ကို ထည့်လို့ရပါတယ် ။




အဆင့်(၄)။    ။ " Enter a caption for your free yearly calendar" ဆိုပြီးပေးထားတဲ့နေရာ
လေးမှာ ကိုယ့်ပြုလုပ်မဲ့ Calendar လေးမှာကိုယ်ထည့်ချင်တဲ့စာသားလေးတချို့ကိုထည့်ဖို့ပါ။
(English) လိုပဲရမယ်နော်။





အဆင့်(၅)။   ။ "Select a font for your free yearly calendar" နေရာမှာ စောစော က
မိမိရေးလိုက်တဲ့စာသားလေးကို "font" အမျိုးအစားရွေးပေးဖို့ပါ။





အဆင့်(၆)။   ။"Generate your free yearly calendar"ဆိုတဲ့ "Icon" လေး ကို "Click" ပြီး
မိနစ်အနည်းငယ်စောင့်လိုက်ရင် ကိုယ်ကိုတိုင်ဖန်တီးထားတဲ့ "Calendar" လေးရပါပြီနော်။


နမူနာအနေနဲ့ ပုံလေးတစ်ပုံလုပ်ပြထားပါတယ်။ နမူနာပုံပေါ့။





ဒီလိုလေးပေါ်လာလို့သိမ်းမယ်ဆိုရင်





ဒီလိုမသိမ်းချင်ဘူးဆိုရင် အရင်ဆုံး ပုံနဲ့ပြက္ခဒိန်တွဲရက်ကို Ctrl+ Prl Scr Sys Rq ကိုနှိပ်ပါ
ပြီးရင် All Programs ထဲက paint ကိုဖွင့်လိုက်ပါ ပြီးရင် Ctrl+ V ကိုနှိပ်ပါ


စောစောကလုပ်ထားတဲ့ပြက္ခဒိန်လေးထွက်လာပြီဆိုရင် Crop ကိုနှိပ်ပြီး
ပြက္ခဒိန်နဲ့ ကွက်တိ ဖြတ်လိုက်ပါ
နောက်ဆုံးသိမ်းတော့မယ်ဆိုရင် paint ထဲက Save as နဲ့သိမ်းလို့ရပါပြီ

သူငယ်ချင်းတို့အားလုံးအဆင်ပြေပါစေနော်

မူရင်းလင့် http://www.yearlycalendarmaker.net



No comments: