



မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ မြို့မဈေးကြီးတွင် ယနေ့နံနက် ၉နာရီ ခန့်က တရားဟောပလ္လင် လှူရန် ရွှေဆံကုပ်
လာရောင်းသော ဇနီးမောင်နှံ နှင့် ရွှေဆိုင်ပိုင်ရှင်တို့ ခိုက်ရန်ဖြစ်ပွားရာ ဒေသခံလူထုအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့
ကြောင်း ယင်းဒေသခံများ ထံမှ စုံစမ်းသိရှိရသည်။
မိတ္ထီလာမြို့ ကွက်ငယ် အုပ်စု ပြန်ကောက်ရွာ တွင် ခေတ္တ လာရောက်နေထိုင်သူ ဦးခင်မောင်ဝင်း (၄၅နှစ်) နှင့် ဇနီးဖြစ်သူ
ဒေါ်အေးနိုင်(၄၆နှစ်) တို့သည် တရားဟောပလ္လင် လှူဒါန်းရန် ငွေမလုံလောက်သည့်အတွက် မိတ္ထီလာမြို့မဈေး အရှေ့ဘက်
တန်း ရှိ ဝိန့်စိန်ရွှေဆိုင်သို့ ရွှေဆံကုပ်တစ်ခု ကို မတ်လ ၂၀ရက်နေ့ နံနက် ၉နာရီခွဲခန့်တွင် လာရောက် ရောင်းချ၍ ရွှေမှတ်
ကျောက်တိုက်ရာမှ ရွှေဆံကုပ် ကျိုးသွားခဲကြောင်း၊ ယင်း ဆံကုပ်ကိုလည်း မူလပြောထားသည့် ကျပ်တစ်သိန်းနှစ်သောင်း
မပေးဘဲ ကျပ်ငါးသောင်းရှစ်ထောင်ခန့် ဖြင့်သာ ဈေးဖြတ်ခဲ့သည့်အတွက် ရွှေရောင်းချသူ ဦးခင်မောင်ဝင်းနှင့် ရွှေဆိုင်ပိုင်ရှင်
ဦးထွန်းထွန်းဦးတို့အကြား စကားများရာမှ ဦးထွန်းထွန်းဦး က ဦးခင်မောင်ဝင်း ကို လက်သီးဖြင့် စတင်ထိုးခဲ့သည်ဟု ဦးခင်
မောင်ဝင်း က ပြောကြားသည်။
“ကျွန်တော့်ကို လက်သီးနဲ့ထိုးတယ်။ နောက် ဆိုင်ထဲက လူနှစ်ယောက်နဲ့ ဆိုင်ရှင်ရဲ့ အမျိုးသမီး ထွက်လာပြီး ဝိုင်းရိုက်ကြ
တယ်။ဘေးဆိုင်က လူရှစ်ယောက်လောက် ကပါ ဝိုင်းရိုက်မလို့ လာကြတာ။ ကျွန်တော်လည်း လမ်းမပေါ် ထွက်ပြေးပြီး အ
ကူအညီ တောင်းခဲ့ရတယ်”
ဟု ၎င်းက ဆိုသည်။ယင်းသို့ ဝိုင်းဝန်းရိုက်နှက်ရာ ဦးခင်မောင်ဝင်းကို လေးချက်ခန့်ရိုက်မိခဲ့ပြီး ရိုက်နှက်သည့်တုတ်တွင် သံ
ပါသည့်အတွက် ဦးခေါင်း ပေါက်ပြဲခဲ့သည်ဟု ဦးခင်မောင်ဝင်း က ပြောကြားသည်။
အဆိုပါ ရွှေရောင်းချသူ ကို ရိုက်နှက်ခဲ့သည့် လူတစ်စုသည် ပတ်ဝန်းကျင်ရှိ လူများရောက်လာချိန်တွင် အနီးနားရှိ ရွှေဆိုင်
များအတွင်းသို့ ဝင်ရောက် ထွက်ပြေးသွားခဲ့ရာမှ လူထုက မကျေမနပ်ဖြစ်ကာ ယင်းရွှေဆိုင်များကိုဝိုင်းထားခဲ့ကြောင်း ယင်း
ဈေးရှိ ဈေးသူဈေးသားများ က ပြောကြားသည်။
“ကျွန်မ အမျိုးသားကို အသေသတ်ဆိုပြီး ဝိုင်းရိုက်တယ်။
ကျွန်မအကူအညီတောင်း မှ ဘေးက လူတွေက ဝိုင်းဖျန်ဖြေပေးကြတယ်” ဟု အရိုက်ခံရသူ၏ဇနီးဖြစ်သူ ဒေါ်အေးအေးနိုင်
က ဆိုသည်။
ယင်းသို့ ရွှေဆိုင်များ အတွင်း ရွှေဆိုင်ရှင်ဦးထွန်းထွန်းဦးနှင့် အပေါင်းအပါများဝင်ရောက်ပုန်းခိုနေသည်ဟု ယူဆ၍ ရွှေဆိုင်
များကို ဖျက်ဆီးနေသောဒေသခံလူစု ကို မိတ္တီလာ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မောင်မောင်မြင့် ဦးဆောင်၍ မိတ္ထီလာ
မြို့နယ် ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့်လူမှုရေးအသင်းအဖွဲ့များ ဝိုင်းဝန်း ဖျန်ဖြေခဲ့သော်လည်း လူစုမကွဲသေးသည့် အတွက်
သက်ဆိုင်ရာမြို့နယ် သံဃာတော်များလာရောက် ဖျန်ဖြေပေးခဲ့ရာ ညနေသုံးနာရီခွဲခန့်တွင် လူစုကွဲသွားခဲ့ကြောင်း ဒေသခံ
မျက်မြင်သက်သေများ က ပြောကြားသည်။
ယင်း ရွှေဆိုင်ရှင်ဦးထွန်းထွန်းဦး နှင့် အပေါင်းပါ နှစ်ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း၊ ယင်းပုဂ္ဂိုလ်များ၏ဓါတ်ပုံများကို
ပြ၍ လူစုကွဲရန် မေတ္တာရပ်ခဲ့ရသည်ဟု မိတ္ထီလာခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုး က ပြောကြားသည်။
ယင်း ရွှေဆိုင်ပိုင်ရှင် ဦးထွန်းထွန်းဦး (၂၃)နှစ် ၊ ဒေါ်မြင့်မြင့်အေး (၂၅)နှစ်နှင့် ညီညီ( ၁၈)နှစ်တို့ကို (ပ) ၇၄ ၊၂၀၁၃ပုဒ်မ၂၉၄
၊ ၃၂၆ ၊ ၄၂၇ ၊ ၁၁၄ ဖြင့် ဖမ်းဆီး အရေးယူလျက်ရှိကြောင်း မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့စခန်း ထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ အခြေအနေ များကြောင့် လတ်တလောတွင် မိတ္ထီလာ မြို့မဈေးကြီး ကို ခေတ္တ ပိတ်ထား လျက်ရှိပြီး လုံခြုံရေး များ
စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A2025625&xgs=1&xg_source=msg_share_post
No comments:
Post a Comment