Samsung, Hauwei, HTC,Sony,စသော Android ဖုန်း အမျိုးအစားအားလုံးအတွက်
ဖုန်းကို
သုံးတာ တစ်နှစ်နီးပါးလောက်ရောက်ရင် ဖုန်း Battery ဟာ သိပ်မခံတော့ပါဘူး…
တစ်ရက်ကို တစ်ခါလောက် အားသွင်းရင်တစ်ရက်လုံး
အားရှိနေရာမှတစ်နှစ်နောက်ပိုင်းတွင် အားသိပ်မခံတော့ပါဘူး… အားရင်အားသလို…
သတိရရင် ရသလို…အခြေအနေပေးရင် ပေးသလို…ရရင်ရသလို… အားသွင်းရတဲ့
အခြေအနေမျိုးရောက်လာတတ်ပါတယ်… အင်တာနက်သုံးရင်တော့ပိုပြီးတော့ အားကုန်တာ
မြန်တတ်ပါတယ်…ဒီလိုမျိုးဖြစ်လာရင် Battery ကို အသစ်အတိုင်း ဖြစ်စေမဲ့
နည်းလမ်းလေးတစ်ခုကို မျှဝေပေးချင်တာပါ… ကျွန်တော်ကိုယ်တိုင်လုပ်ကြည့်တာ
အဆင်ပြေတဲ့အတွက် သူငယ်ချင်းများအတွက်သတင်းကောင်း ပေးလိုက်တာပါ… ၇
ရက်အတွင်းဖုန်းBattery အသစ် အတိုင်းပြန်ဖြစ်စေတဲ့ နည်းလမ်းပါ…
ပထမဦးစွာ ဖုန်းကိုအားကုန်တဲ့အထိ သုံးကြိမ

…ပြီးတော့အားကုန်အောင်သုံးပြီးတိုင်းမှာ ဖုန်းကိုPowerပိတ်ပြီးတော့
အားပြည့်တဲ့အထိအားသွင်းပြီးမှ နောက်တစ်ကြိမ်ပြန်သုံးပါ… သုံးကြိမ်လုပ်ရာ
တွင်လည်းတစ်နေ့တွင်တစ်ကြိမ်သာ လုပ်ပါ…
၎ရက်မြောက်နေ့တွင်မိမိဖုန်းကို အသုံးမပြုလိုတော့သည့်အချိန်
ဥပမာ-ညအိပ်ကာနီးအချိန်တွင် မိမိဖုန်းအား အားပြည့်အောင်အားသွင်းပါ… နောက်
Power ကိုပိတ်ပြီးBattery ကိုဖြုတ်ကာ A-4 စက္ကူ အဖြူတစ်ရွက်ဖြင့်၎င်းBattery
ကိုပတ်ကာ ထားပြီး တစ်ညသိပ်လိုက်ပါ…နောက်နေ့ မနက်တွင်
ပုံမှန်အတိုင်းဖုန်းကို ပြန်ပြီးအသုံးပြုပါ…
၅ရက်မြောက်နေ့တွင်မြန်မာကျပ်ငွေ တစ်သောင်းတန်အသစ်စက်စက် တစ်ရွက်ကို
ရှာထားပါ… ထို့နောက်တွင် ၄ ရက်မြောက်နေ့ကအတိုင်းA-4 စက္ကူ နေရာတွင်
တစ်သောင်းတန်ကိုအစားထိုးသုံးပြီး… တစ်ည ထပ်ထားလိုက်ပါ…
၆ရက်မြောက်နေ့မနက်တွင်တော့အိမ်ရိုက်သံ၃ လက်မ တစ်ချောင်းနှင့်ံဖြင့် တေ့ကာ
တူဖြင့်သုံးချက်တိတိထုချလိုက်ပါ… ရဲရဲတင်းတင်းထုချရန်လိုအပ်ပါသည်…
ရိုက်ချက်မှာ ပြင်းလေကောင်းလေဖြစ်သည်… ထိုအချိန်တွင် သင့်ဖုန်းBattery မှာ
လုံးဝ သုံးမရအောင် ပျက်စီးသွားပြီဖြစ်ပါသည်…ထို့ကြောင့် နောက်ထပ် Battery
အသစ်တစ်လုံးဝယ်ကိုဝယ်ရတော့မည် ဖြစ်ပါသည်… ထို့်နောက်သင့်အိတ်ကပ်ထဲတွ
င်ရှိသော တစ်သောင်းတန်ဖြင့်နီးစပ်ရာ ဖုန်းအရောင်းဆိုင်သို့ သွားရောက်ကာ
မိမိ Phone Model အမျိုးအစားပြောပြီးBattery အသစ်တစ်လုံးကို ဝယ်လိုက်ပါ…
သင့်ဖုန်းအတွက် Battery မှာ အသစ်အတိုင်းအားရှိပြီးသုံးရတာ အဆင်ပြေသွားမှာ
ဖြစ်ပါတယ်…
၇ရက်မြောက်နေ့တွင်တော့သင်ဟာ ဖုန်းကို ခဏခဏအားသွင်းစရာ မလိုတော့ဘဲ အဆင်ပြေပြေ အသုံးပြုနိုင်ပြီဖြစ်ပါသည်…
မှတ်ချက်။ ။ ဖုန်းအမျိုးအစားလိုက်ပြီး ဈေးကွာခြားချက်ရှိသဖြင့် ၅၀၀၀
လောက် အပိုဆောင် သွားသင့်ပါသည်…ကပ်စေး မနည်းပါနဲ့တော့သုံးရတာ အဆင်မပြေရင်
အသစ်ဝယ်လိုက်ပါ…:-P
ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။http://koaungmyotun.ning.com/profiles/blog/show?id=2879352%3ABlogPost%3A989021&xgs=1&xg_source=msg_share_post
No comments:
Post a Comment