Pages
Beautiul_Myanmar
Tuesday, May 1, 2012
ပါကစ္စတန်မှ ထူးထူးခြားခြားကလေးခြေထောက်ခြောက်ချောင်းပါတဲ့  ကလေးကို အောင်မြင်မှာကူသပေးနိုင်ခဲ့ 
http://www.fusarshinlay.com/profiles/blog/show?id=6384739%3ABlogPost%3A4972272&xgs=1&xg_source=msg_share_post
ရေပြင်ပိုင်နက် အငြင်းပွားမူတွင် မြန်မာကို အနိုင်ရ၍ ဘင်္ဂလာတို့ ဂုဏ်ပြု အောင်ပွဲခံ
အငြင်းပွား ရေပြင်ပိုင်နက်တွင် မြန်မာကို အနိုင်ရရှိခဲ့သဖြင့် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာအား ဂုဏ်ပြုသော အောင်ပွဲ အခမ်းအနားကို ဧပြီလ ၂၈ ရက်နေ့က မြို့တော် ဒက္ကားရှိ ပါလီမန် အဆောက်အအုံ ရှေ့မျက်နာစာတွင် ပြုလုပ်ခဲ့သည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာ လူထုမှ အပ်နှင်းသော အောင်ပွဲဆုကို လက်ခံယူနေစဉ်။
အဆိုပါ ဂုဏ်ပြု အောင်ပွဲကို ဘင်္ဂလာဒေခ်ျ့နိုင်ငံ National Citizens’ Committee မှ ကမကထပြု စီစဉ် ကျင်းပခဲ့ခြင်း ဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်လာသူ လူပေါင်း တစ်သောင်းကျော်မှ ဘင်္ဂလာဒေခ်ျ့ အမျိုးသား သီချင်းကို ပြိုင်တူ သီဆိုကာ ဂုဏ်ပြု အောင်ပွဲကို ဆင်နွဲခဲ့ကြသည်။
အခမ်းအနားတွင် National Citizen’s Committee ဥက္ကဌ ပါမောက္ခ ဇီလူ ရာဟာမန် ဆီဒီကွီမှ ရေပြင်ပိုင်နက် အငြင်းပွားမူတွင် မြန်မာကို အနိုင်ရရှိခဲ့သဖြင့် အစိုးရအဖွဲ့ကို ဦးဆောင်သူ ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသို့ ဂုဏ်ပြု ဆုတံဆိပ် တစ်ခုကို ဘင်္ဂလာဒေခ်ျ့ ပြည်သူများ ကိုယ်စား အဆိုပါ အခမ်းအနားတွင် ပေးအပ်ခဲ့သည်။
အခမ်းအနားကို ဦးဆောင်ကျင်းပသူ တစ်ဦးက " ကျွန်တော်တို့ တိုင်းပြည်ရဲ့ လွှတ်လပ်ရေးတိုက်ပွဲ အတွင်း လူထုကို ကျွန်တော်တို့ရဲ့ အမျိုးသား ဖခင်ကြီး ရှိတ်မူဂျီဘူ ရာဟာမာန်က ဦးဆောင်မူပေးခဲ့တယ်။ အခုအခါမှာလည်း တိုင်းပြည်နဲ့ လူထုကို သူရဲ့ သမီး ရှိတ်ဟာဆီးနာက ဦးဆောင်မူ ပေးနေပြီး သူမရဲ့ မှန်ကန်တဲ့ ဦးဆောင်မူ စွမ်းရည်ကြောင့် ရေပြင်ပိုင်နက် အငြင်းပွားမူမှာ ကျွန်တော်တို့ အနိုင်ရရှိခဲ့တာ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီးနဲ့ သမီးဖြစ်သူတို့ဟာ ပြိုင်စံရှားတဲ့ ခေါင်းဆောင်တွေ ဖြစ်တယ်ဆိုတာ ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းရေးထိုးနိုင်ခဲ့ပါပြီ" ဟု ပြောသည်။
အခမ်းအနားတွင် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟားဆီးနာကလည်း ယခုကဲ့သို့ ပြောကြားသည်။
" ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံး (ITLO) ရဲ့ ဆုံးဖြတ်ချက် အရ ဘင်္ဂလာဒေခ်ျ့နိုင်ငံဟာ ဘင်္ဂလာပင်လယ်အော် အတွင်း ရေပြင် မိုင်ပေါင်း ၂၀၀ ကျော် စီးပွားရေး တည်ဆောက် ပိုင်ခွင့် နဲ့ နယ်မြေဆိုင်ရာ ပိုင်ဆိုင်ခွင့် အခွင့်အရေး ရရှိခဲ့တယ်။ ဒါ့အပြင် မိုင်ပေါင်း ၂၀၀ အပြင်ဘက် ပင်လယ်ပြင်ကိုလည်း အခိုင်အမာ ခွဲဝေ အသုံးပြုခွင့် ရခဲ့ပါတယ်။ စိန်မာတင် ကျွန်းရဲ့ ပတ်လည် ရေမိုင် ၁၂ မိုင်ကိုလည်း ဘင်္ဂလာဒေခ်ျ့ဘက် ရရှိခဲ့ပါတယ်" ဟု ပြောသည်။
အမျိုးသား သီချင်းဖြင့် အောင်ပွဲခံနေသော ပါလီမာန် အဆောက်အဦးရှေ့မှ ဘင်္ဂလီ လူထု။
၎င်းပြင် သူမက ဒီအောင်မြင်မူမှာ နောက် မျိုးဆက်သစ်များ အတွက် ဖြစ်ကြောင်း၊ ယခု အောင်မြင်မူမှာ သူမရဲ့ အောင်မြင်မူ မဟုတ်ပါကြောင်း၊ ပြည်သူများနှင့် သူမ အစိုးရကို ထောက်ခံသူများ၏ အောင်ပွဲသာ ဖြစ်ကြောင်း ပြောကြားသည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာက ယခုကဲ့သို့ အောင်ပွဲ ရခြင်းအတွက် နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ် မူနီ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ဘင်္ဂလာဒေခ်ျ့ ရေတပ်နှင့် အနိုင်ရရှိရေး အတွက် နိုင်ငံတကာ ပင်လယ်ပြင်ဆိုင်ရာ ခုံရုံးသို့ ချဉ်းကပ်ကြိုးစား ဆောင်ရွက်ခဲ့သူများအားလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ဂုဏ်ပြု အောင်ပွဲ အခမ်းအနားသို့ နိုင်ငံကျော် တေးသံရှင်များလည်း တက်ရောက်ခဲ့ပြီး ဘင်္ဂလာ အမျိုးသားရေး သီချင်းများကို သီဆို ဖြေဖျော်ခဲ့ကြသည်။
ဘင်္ဂလာဒေခ်ျ့ဘက်က ရေပြင်ပိုင်နက် အငြင်းပွားမူတွင် မြန်မာကို အနိုင်ရရှိကြောင်း တရားဝင် ထုတ်ဖေါ် ပြောကြားထားသော်လည်း မြန်မာ အစိုးရက ဘင်္ဂလာဒေခ်ျ့ဘက်မှ အနိုင်ရရှိခဲ့ခြင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုပြီး ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးအနေဖြင့် သမာသမတ်ကျစွာ ဆုံးဖြတ်ပေးခဲ့ကြောင်း ထုတ်ဖေါ် ပြောကြားခဲ့သည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံအကြား ရေပြင်ပိုင်နက် သတ်မှတ်ရေးနှင့် ပတ်သက်ပြီး နှစ်နိုင်ငံအကြား ဆွေးနွေးမူများကို ၁၉၇၄မှ ၁၉၈၆ ခုနှစ်အထိ ၀န်ကြီးအဆင့် (၂) ကြိမ် နှင့် ကျွမ်းကျင်သူ အဆင့် (၆) ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ သဘောတူညီမူ မရရှိခဲ့သဖြင့် ၁၉၈၆ ခုနှစ် ဇူလိုင်လမှ စ၍ ဆွေးနွေးမူကို ရပ်ဆိုင်းခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ် နိုဝင်္ဘာလ တွင် မြန်မာမှ အငြင်းပွားရေပြင်ပိုင်နက်တွင် ဂတ်စ် ရှာဖွေ စမ်းသပ်မူများ ပြုလုပ်ခဲ့သဖြင့် နှစ်ဘက် ရေတပ် သင်္ဘောများကို စေလွှတ်ရသည် အထိ နှစ်နိုင်ငံ အကြား တင်းမာခဲ့ကြောင်း၊ ငြိမ်းချမ်းစွာ အဖြေရှာရန် နှစ်နိုင်ငံ အကြား သဘောတူညီမူ ရရှိခဲ့သဖြင့် တင်းမာမူ ပြေလျော့ခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်မတ်လမှ ၂၀၀၉ ခုနှစ် ဇူလိုင်လအထိ နှစ်နိုင်ငံအကြား ကျွမ်းကျင်သူ အဆင့် (၄) ကြိမ်တိုင်တိုင် ဆွေးနွေး ခဲ့ကြောင်း၊ သို့သော်လည်း အဖြေမရသဖြင့် နှစ်နိုင်ငံ အနေဖြင့် ကုလသမဂ္ဂလက်အောက်ခံ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ခုံရုံး ITLO တွင် ဖြေရှင်းရန် သဘောတူညီခဲ့သဖြင့် ITLO က ၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်နေ့က အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။
http://www.narinjara.com/
 မြန်မာတိုင်ရင်းသားတွေကြတော့ အထိမခံ ရွှေပုကန် ၊ငြိမ်း အေး အောင် မလုပ်
တိုင်းတပါးကြတော အရုံးပေးရင်နလုံးတယ်ဆို...
နောင်ဆိုရင် မေးလိမ်မယ်  ..မြန်မာဆိုတာ  ဘာလဲးလို...
Comment by CHOGYI 6 hours ago
နိုင်ငံတကာမော်တော်ကားပြပွဲ၌စိန်စီချယ်ထားသည်မော်ဒယ်ဝတ်စုံရေပန်းစား
ဧပြီးလ 23ရက်နေ့ က တရုတ်နိုင်ငံ ပေကျင်းမြိ့ တွင် ၂၀၁၁ခုနှစ်နိုင်ငဲတကာမော်တော်ကားပြပွဲကို စတင်ကျင်းပပြုလုပ်ခဲ့သည် ။အဆိုပါပြပွဲတွင် တရုတ်နိုင်ငံနှင့်အခြားနိုင်ငံပေါင်း၁၄နိုင်ငံမှ မော်တော်ကားကုမ္ပဏီပေါင်း၂၀၀၀ကျော်ပါဝင်ပြသခဲ့ သည်။၁၀ရက်ကြာမည့်  အဆိုပါပြပွဲတွင် မော်တော်ကား၁၁၂၅စီးကို ပြသထားသည် အဆို ပါကားပြပွဲတွင် မော်ဒယ်များက သရုပ်ပြခဲ့ ရာ စိန်များစီခြယ်ထားသည့် မော်ဒယ်တစ်ဦး၏၀တ်စုံသည် လွန်စွာရေပန်းစားခဲ့ ကြောင်းသိရသည်
ထင်ပေါ့်ကျော်ကြားနှတ်ခမ်းမွှေးများ
Photoshop ၀ါသနာရှင်များနှင့် ကာတွန်းရုပ်ပြောင်ဆွဲချင်သူများအတွက်
ဒီဆော့ဝဲလေးကတော့ ကားတွန်းရုပ်ပြောင်တွေနဲ့  ပုံဆွဲချင်တဲ့သူတွေအတွက် အဆင်
ပြေတဲ့ ဆော့ဝဲကောင်းပါ ။ သုံးရတာလည်း လွယ်ကူသလို အင်တာနက်ချိတ်ပြီးရင်လဲ
ဆွဲနည်း ဗီဒီယိုဖိုင်တွေပါ ထည့်ပေးထားလို့  အလွယ်တကူလိုက်ဆွဲနိုင်ပါတယ် လိုအပ်
သောသူများ  အောက်ကလင့်မှာယူနိုင်ပါကြောင်း..................................................။
ဒီလင့်မှာ Download ယူပါ - http://www.mediafire.com/?Real World Paint
ဒီမှာဆွဲနည်းဗီဒီယို - http://www.youtube.com/watch?v=qPB1mfURS6k
http://www.futurestars-mm.com/profiles/blog/show?id=6405389%3ABlogPost%3A362770&xgs=1&xg_source=msg_share_post
.