" က "
ကချင်လျက် ၊ လက်ကနာ ။
ကညာဖြူရွ ၊ ဣတ္ထိယ ၊ ရူပကောင်းလျက် ၊ ဆံထုံးဖျက် ။
ကတုံးပေါ် ထိပ်ကွက် ။
ကတွက်ပေါက် ဗျိုင်းစောင့် ။
ကရဏီယနှင့် ဆွမ်းစား ၊ အံသွားဗထက် ချိုင့်လိုက်ပြီ ။
ကရုဏာလွန်သော်ဒေါသ ။
ကလေးမုန့်ပေးကြိုက်သည် ။
ကလေးရှက်တော့ငို ၊ လူကြီးရှက်တော့ရယ် ။
ကာမကျူးလျှင်မွဲ ၊ သေရည်ကျူးလျှင်ဆဲ ။
ကုလားကျောက်ကြည့်သလို ။
ကုလားတိုက် ကျားဝင်ကိုက်သလို ။
ကုသိုလ်တစ်ပဲ ၊ ငရဲတစ်ပိဿာ ။
ကုသိုလိဖန် ၊ ဗိမာန်အသင့် ၊ ဘုံအသင့် ၊
ကုသိုလ်လည်းရ ၀မ်းလည်းဝ ။
ကုလားမှန်ကြောင်း နှာခေါင်းသက်သေ ။
ကုသိုလ်ကံပေး မရသေး ၊ နှောက်နှေးဗျာပါ မရှိရာ ။
ကံကောင်းတဲ့ကျား သွာရင်းသမင်တွေ့ ။
ကံကောင်းတဲ့ခွေး ၊ ပြေးရင်း ချေးပုံဟတ်မိ ။
ကံကောင်းလျှင်တစ်ချက် ၊ အကြံကောင်းလျှင်တစ်သက် ။
ကံချွန် ၊ လူမွန် ။
ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာ ။
ကံထမ်းလာတာ မမြင်ရ ၊ လှံထမ်းလာတာ မြင်ရသည် ။
ကံမကောင်းတော့ ဖယောင်း သစ်စေးဖြစ် ။
ကံမခိုင် သံတိုင်အိမ်ဆောက်တော့ ကံမှောက်လျှင်ကျိုး ။
ကံမရှိ ညဏ်ရှိတိုင်းမွဲ ။
ကံကိုယုံ၍ ဆူးပုံမနင်းရာ ။
ကံသာအမ ကံသာအဖ ။
ကိုယ်ကျူး ၊ ကိုယ့်ဒူးမှမယုံရ ။
ကိုယ်ကောင်းက ခေါင်းဘယ်မရွေ့  ။
ကိုယ်တင်တဲ့စစ်ကဲ ကိုယ်ချလို့မရ ။
ကိုယ့်ထက်သာ မနာလို့ ။
ကိုယ်ထင် ကုတင်ရွှေ နန်း ။
ကိုယ့်ဖို့ကြုံ သက်လုံကောင်းစေ ။
ကိုယ်မချိ အမိသော်လဲ သားတောခဲ ။
ကိုယ်မလှ ကိုယ်မမြင် ၊ သူမလှ ကိုယ်ရယ်ချင် ။
ကိုယ်မွေးသည့်မျောက် ကိုယ့်ပြန်ခြောက် ။
ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော် ခုနှစ်ပါး ။
ကိုယ့်ကြက်ကိုယချက်စား ။
ကိုယ့်ငါးချဉ် ကိုယ်ချဉ် ။
ကိုယ့်စိတ်နှင့်နှိုင်း မရိုင်း ။
ကိုယ်ပေါင် ကိုယ်လှန်ထောင်း ။
ကိုယ့်ဖိနပ် ကိုယ်ဖုတ်စားသလို ။
ကိုယ့်မျက်ချေး ကိုယ်မမြင် သူမျက်ချေး ကိုယ်မြင် ။
ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်းရောက်ရောက် ။
ကိုယ့်ရှူးကိုယ်ပတ် ။
ကိုယ့်လက်သွားမှ သူလက်လာ ။
ကိုယ့်ဝမ်းနာ ကိုယ်သာသိ ။
ကိုယ့်သွေးလည်း သေဘေးကို ပွားတတ်သည် ။
ကိုယ်အတတ်နှင့်ကိုယ်စူး ။
ကင်းမကောင်းက လှေသားပြော ၊ မယားမကောင်းက ကျွန်ပြော ။
ကမ္ဘာ ပျက်ခါနီး လူဖြစ် ။
ကမ္ဘာ မီးလောက်ရာ ဆီမီးခွက်ထတောက် ။
ကုန်ရှုံးတစ်ခေါက် ၊ လင်ကုန်ရှုံး တစ်သက်လုံး ။
ကုပ်ကုပ်နေ တစ္ဆေ မမှတ်နှင့် ။
ကောက်ညှင်းကမစေး ၊ ဆန်ကြမ်းကစေး ။
ကောက်နှောင်းလျှင် ဆင်စာ ၊ သားနှောင်းလျှင် ကျွန်ရာ ။
ကောက်သင်းကောက်သူက အနှံကြီးကြိုက် ။
ကောင်းကင်မီးလောင် တိမ်တောင်ပျားစွဲ ။
ကောင်းပင်းကောင်းသော်လည်း နှမ်းထောင်းမပါ ။
ကောင်းမှန်းသိ သာအိတစွတ်စွတ် ။
ကောင်းလျှင်စံ ၊ ဆိုးလျှင်ခံ ။
ကိုက်မနိုင် ခဲမရ ။
ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ။
ကိုင်းတောဆင်နင်းသလို ။
ကျားကိုခလုပ် ငုတ်ကိုသင်ဖြူး ။
ကျားကိုက်ပါတယ်ဆိုမှ နာတာရှည်လားမေး ။
ကျားကျား ၊ မီးယပ် ။
ကျားကြီး ခြေရာကြီး ။
ကျားကြောက်လို့ ရှင်ကြီးကိုး ၊ ရှင်ကြီးကျားထက်ဆိုး ။
ကျားခြင်းကိုက်ရာ သမင်ကူးမှား ။
ကျားမရဲတစ် လူမရဲဟစ် ။
ကျားမြီးဆွဲ ရသလို ။
ကျားရဲရာ ကြမ္မာမကိုးသာ ။
ကျားရှေ့မောက်လျက်လဲ ။
ကျားသနားမှ နွားချမ်းသာ ။
ကျားသေမှ လူစွမ်းကောင်းပေါ် ။
ကျားလည်းကြောက်ရ ကျားချေးလည်းကြောက်ရ ။
ကျီးစားသန် ရန်ဖြစ် ။
ကျီးကိုဘုတ်ရိုသေမှ ၊ ဘုတ်ကိုကျီးရိုသေမည် ။
ကျီးကန်းသူကောင်းမြှောက် ချီးခြောက်ကောက်စား ။
ကျီးတစ်ကောင်လော်မာ၍ ကျီးများစွာပျက် ။
ကျူပင်ခုတ် ကျူငုတ်မကျန်စေနှင့် ။
ကျေးဇူးတင်မှ လင်ရ ။
ကျေးဇူးရှိမှ ကျေးစွပ် ။
ကျောချမှ ဓားပြမှန်းသိ ။
ကျော်တော့လှေထိုးသား ညားတော့လှေသူကြီး ။
ကြိုးစားက ဘုရားဖြစ်နိုင်သည် ။
ကျိုးဆော့ ကန်းမော့ ။
ကျည်ပွေ့  အတက်ပေါက်သည် .။
ကျန်းမာမှ ချမ်းသာ ။
ကျမ်းကြည့်ထက် ကျမ်းညှိခက် ။
ကျောက်ဖျာဝက်တူးစား စကားသာရှိ ။
ကျောက်ကျော်ေ၇ပက် မ၀င်သလို ။
ကျောင်းနေကြာလို့ စာမတတ် ... ။
ကြာရိုးကြာစွယ် မြင်မှ ရေတိမ်ရေနက်သိ ။
ကြာကြာဝါးမှခါးမှန်းသိ ။
ကြာကြာဝါးမည်သွား အရိုးကြည့်ရှောင် ။
ကြီးနိုင် ငယ်ညှင်း ။
ကြီးလျှင်မှီ ငယ်လျှင်ချီ ။
ကြေးနှင့်မ၀ယ် ကျွန်မမယ် ။
ကြံကြောက် လှည်းအောက်မအိပ်နှင့် ။
ကြံသာအစဉ်ချို လူအစဉ်ချို ။
ကြိုးချင်းထားကြိုးချင်းငြိ ၊ အိုးချင်းထားအိုးချင်းထိ ။
ကြက်ကမတိုး ပိုက်ကတိုး ။
ကြက်ကလေးကို ကြက်မကြီးလှည့်စား ။
ကြက်မှာမရိုး လူမှာအမျိုး ။
ကြက်ကန်း ဆန်အိုးတိုး။
ကြက်ကောင်းကြိုးမကွာ ။
ကြက်ခေါင်းဆိတ်မခံ ။
ကြက်ခြံထဲက မြင်းစကားပြော။
ကြက်ချည်သောကြိုးနှင် ဆင်ကိုချည်ကပြတ်၏ ။
ဆင်ချည်သောကြိုးနျင် ကြက်ချည်ကလွတ်၏ ။
ကြက်စပါးစား ထရံဒဏ်သင့် ။
ကြက်တူရွေးကတော်တော် မယ်ဘော်ကကဲကဲ ။
ကြက်မ တွန်၍ မိုးမလင်း ။
ကြက်မှာ အမြစ် လူမှာ အချစ် ။
ကြောက်လွဲ ရဲမင်းဖြစ် ။
ကြောက်တစ်သက်ပုံ ကြွက်တစ်မြုံ ။
ကြောင်မရှိ့ ကြွက်မြူး ။
ကြောင်သွား၍ဆီး နှင်းမကြွေ ။
ကြောင်အို ကြွက်မလေး ။
ကွမ်းသီးကြိုက်သူ တောင်ငူပို့  ။
ကြောင်ပုဆိုး ကြမ်းရသလို ။
ကွယ်မေ့ တွေ့ သေအောင်လွမ်း ။
ကျွဲနှစ်ကောင်ခတ်သည့်ကြား မြေစာပင်ညက်ညက်ကြေ ။
ကြက်ဥပြုတ် သံဒုတ်နှင့်ခွဲ ။
ကြက်ဥအရောင် တမ်တောင်သဖွယ် ။
ကြက်ဥ အစရှာ မရ ။
ကြည့်တတ်ဘာဝနာ မကြည့်တတ်တဏှာ ။
ကြမ္မာဆောင် သားကောင်ဆိတ်ခြင်း ။
ကြမ်းကြား လေကြား ။
ကြမ်းကျွံနှုတ်လို့ရ စကားကျွံနှုလို့မရ ။
ကြောက်တတ်ဝန်ကင်း ။
ကြောက်ပါတယ်ဆို့မှ ကြောင်နှင့်တို့လေ ။
ကျွဲပါးစောင်းတီး ။
ကျွန်ယုံတစ်ဖက်ကမ်း သားသမီးယုံစုံလုံးကန်း ။
ကျွန်ဝယ်ရာ ငနှောင်းအဆစ်ပါ ။
ကြွေတစ်လှည့်ကြက်တစ်ခုံ ။
ကြွေးတင်ကျွန်ဖြစ် ။
ကြွေးတင် ရှင်ဘုရင် ဆပ်မည် ။
ကြွေးထူမပူ သန်းထူမယား ။
ကြွက်မနိုင် ကျီမီးနဲ့ရှို့ ။
ကြွက်ခွန်တောင်းလင်းနို့  လင်းနို့ ခွန်တောင်းကြွက် ။
ကြွက်နားရွက်ဝက်တပ် ။
ကြွက်သေတစ်ခုအရင်းပြု ။
No comments:
Post a Comment