Pages

Beautiul_Myanmar

Monday, July 16, 2012

ကနေဒါမှ အဝလွန်သူများ၏ ဖက်ရှင်ရှိုးပွဲ..... ဓါတ်ပုံများ

ကနေဒါနိုင်ငံ၊ တော်ရန်းတိုးမြို့တွင် ကျင်းပလျက်ရှိ သော နိုင်ငံတကာ အဝလွန်သူအမျိုးသမီး
ဖက်ရှင်ပွဲတော် (2012 International Fuller Woman Expo ) ကျင်းပနေမှုအား ယခုကဲ့သို့ တွေ့မြင်ရသည်။


ယင်းပွဲသည် အဝလွန်သူများ၏ စိတ်ထားလှပမှုနှင့် အပြင်ပန်း အလှအပများကို
ကမ္ဘာမှ သိသာထင်မြင်လာစေ ရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

*** Notepad ကို Save တဲ့အခါ မြန်မာလို မပေါ်ဘူးဆိုရင် ***


ဒီပို့စ်လေးကိုတော့ မသိသေးတဲ့ သူများအတွက်သာ ရည်ရွယ်ပါတယ် ..
လုပ်တက်သွားရင်တော့ လွယ်တယ်လို့ ထင်ရပေမယ့် မသိသေးရင်တော့ တော်တော် ရွာပတ်ပါတယ် ..
ဘာပဲပြောပြော ဒီကောင်လေးကို လိုအပ်ပါတယ် ..့  မှတ်ထားချင်တာလေး တွေကို အလွယ်ရေးပြီး မှတ်ချင်တဲ့ အခါမှာ
Windows Logo + R ကိုနှိပ်ပြီး Run Box ကိုဖွင့်ပြီးရင် Run Box ထဲမှာ
notepad လို့ရိုက်ထည့်ပြီး ပေါ်လာတဲ့ Notepad ထဲမှာ အလွယ်တကူ မှတ်သား တက်ကြပါတယ် ..
့  Notepad မှာ Zawgyi-One Font ကို
မပြောင်း ပေးဘူးဆိုရင်လည်း မြန်မာလို ပေါ်မှာမဟုတ်သလို Save တဲ့အခါမှာလည်း
Unicode ကိုပြောင်းပြီး မ Save ဘူးဆိုရင်လည်း Save တဲ့အခါမှာ
မြန်မာလို ပေါ်မှာ မဟုတ်ပါဘူး .. ဒါကြောင့် Notepad ကိုအသုံးပြု တဲ့အခါမှာ
အခက်အခဲ ဖြစ်နေသူတွေ အတွက် ဖြစ်ပါတယ်



အရင်ဆုံး Keyboard မှ  Windows logoR ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ ..
ပြီးရင် Run Box ထဲမှာ Notepad  လို့ရိုက်ထည့်ပြီး  Enter  ခေါက်လိုက်ပါ ..
ဒါဆို  Notepad လေးပွင့်လာ ပါလိမ့်မယ် ..
အရင်ဆုံး  မြန်မာလို ရိုက်လို့ရအောင် ဖောင့်ဘယ်လို ချိန်းရမယ် ဆိုတာကို ပြပေးသွားပါမယ် ..



အောက်က ပုံအတိုင်း  Unicode ကိုပြောင်းပေးလိုက်ပါ .

Unicode  ကိုပြောင်းပြီး သွားပြီ ဆိုရင်တော့ Save လိုက်ယုံပါပဲ ..
ပြီးရင်တော့ မိမိတို့  Save လိုက်တဲ့  Notepad လေးကို ပြန်ဖွင့်ကြည့်လိုက်ပါ ..
 
မြန်မာဖောင့် ပေါ်နေတာကို တွေ့ ရပါလိမ့်မယ် ..
 

Saturday, July 14, 2012

မိမိရဲ့ FireFox ကိုအလှဆင်ရအောင်နော်

မိမိကွန်ပျုတာမှာ ရှိနေတဲ့ Firefox ကိုအသစ်အဆန်းလေးနဲ့တမျိုးထူးခြားတဲ့ပုံစံလေးနဲ့

အလှဆင်ကြည့်ရအောင်နော်.....


ပုံစံအမျိုးမျိုးနဲ့ဒီဇိုင်းပုံစံဆန်းဆန်းလေးတွေပါ စိတ်ဝင်စားမယ်ဆိုရင် ဒီလင့်လေးကို သွားပါ

Theme လှလှလေးတွေအများကြီးထဲက မိမိကြိုက်ရာကို Click ရွေးလိုက်ပါ။


Continue to Download ကိုအရင်ဆုံး Click နှိပ်လိုက်ပါ


+ Add to Firefox ကိုထပ်နှိပ်လိုက်ပါ။
နောက်ဆုံး  ဒီလိုဘောက်စ်လေးထပ်ကျလာပါလိမ့်မယ်။


Install Now ကို  Click နှိပ်ပါ။
ပြီးရင် Shutdown ဘေးကဒေါင့်ကိုနှိပ်လိုက်ပါ   Restart Now ကိုထပ်နှိပ်လိုက်ပါ။
ပြန်တက်လာရင် အောက်ကပုံလှလှလေးတွေအတိုင်း တွေ့ရပါလိမ့်မယ်။



မိန်းကလေးတွေအတွက် အရောင်နုနုလေးတွေလည်းရှိပါတယ်နော်
ဒီလိုလေးပေါ့
မူရင်းလင့်  http://support.mozilla.org/en-US/kb/use-themes-change-look-of-firefox


သူငယ်ချင်းအားလုံးအဆင်ပြေပါစေနော်

မိမိရဲ့ ကွန်ပျုတာမှာရှိတဲ့ Firefox ကိုအလှဆင်နိုင်ပါစေ

http://www.mmcfamily.org/forum/topic/show?id=3003595%3ATopic%3A1642004&xgs=1&xg_source=msg_share_topic 

Friday, June 22, 2012

ပြန်ကြားရေးဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက်ကို စမ်းသပ်ထုတ်လွှင့်နေ


ပြန်ကြားရေးဝန်ကြီးဌာနသည် ကိုယ်ပိုင်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် www.ministryofinformation.gov.mm ကိုအင်တာနက်ပေါ်၌ စမ်းသပ်လွှင့်တင်ခဲ့သည်ဟု အဆိုပါဝက်ဘ်ဆိုက်ကို ၀င်ရောက်ကြည့်ရှုခဲ့သူများကပြောသည်။ စမ်းသပ်ထုတ်လွှင့်လျှက်ရှိသည့် အဆိုပါဝက်ဘ်ဆိုက်၌

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ကြေညာချက်များ၊ ထုတ်ပြန်ချက်သတင်းများနှင့် ဆောင်းပါးများကို မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသည်။ ကဏ္ဍအလိုက် သတင်းအချက်အလက်များ တင်ဆက်ထားသည့် အဆိုပါဝက်ဘ်၌ ၀န်ကြီးဌာနများ၏ ပြောရေးဆိုခွင့်ရှိသူများစာရင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူများ၊ ၀န်ကြီးဌာန၀က်ဘ်ဆိုက်များနှင့် နေ့စဉ်ထုတ်သတင်းစာများကို အွန်လိုင်းမှ လွယ်ကူစွာရရှိစေရန် ထည့်သွင်းပေးထားကြောင်း အသုံးပြုသူများကဆိုသည်။ လက်ရှိအချိန်၌ အထူးသတင်းအဖြစ် နိုင်ငံတော်၏ ထုတ်ပြန်ကြေညာချက်များကို ရေးသားဖော်ပြထားကြောင်း ၎င်းတို့ကဆိုသည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ၎င်းတို့၏လုပ်ငန်းဆောင်တာ ကိစ္စရပ်များ၌ ထည့်သွင်းအသုံးပြုရန်အတွက် အမှတ်တံဆိပ် (Logo) ပြိုင်ပွဲကို အဆိုပါဝက်ဘ်ဆိုက်မှတစ်ဆင့် ဖိတ်ခေါ်ထားရှိပြီး အမှတ်တံဆိပ်ရွေးချယ်ခံရသူကို ဆုငွေ ၅ သိန်းချီးမြင့်မည်ဟု ကြေညာထားသည်။

http://www.myanmarinternetjournal.com/ij/local-news/4178-2012-06-18-05-32-07 

မိုဘိုင်းဖုန်းများတွင် VZO Chat ကဲ့သို့ ရုပ်မြင်စနစ်ဖြင့် ဖုန်းပြောနိုင်မည်




မိုဘိုင်းဖုန်းများပေါ်တွင် VZO Chat ကဲ့သို့ စကားပြောသူနှစ်ဦး ရုပ်မြင်စနစ်ဖြင့် ဖုန်းပြောနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့အသုံးပြုရာတွင် ဖုန်းအတွင်းသို့ ဆော့ဖ်ဝဲအား ထည့်သွင်းအသုံးပြုရမည်ဖြစ်ပြီး အွန်လိုင်းစနစ်ဖြင့်ချိတ်ဆက်ကာ အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။

မိုဘိုင်းဖုန်းများအား ရုပ်မြင်စနစ်ဖြင့် စကားပြောနိုင်ရန်အတွက် ဆော့ဖ်ဝဲတစ်ခုအား ထည့်သွင်းရမည်ဖြစ်ပြီး WiFi သို့မဟုတ် မိုဘိုင်းဖုန်းအင်တာနက်စနစ်အား အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Video Chat ဆော့ဖ်ဝဲအား ထည့်သွင်းပြီးပါက ဖုန်းအား အွန်လိုင်းစနစ်ဖြင့် ချိတ်ဆက်ပြီး စကားပြောနိုင်မည်ဖြစ်သည်။ အဆိုပါဆော့ဖ်ဝဲအား အသုံးပြုရာတွင် ယင်းဆော့ဖ်ဝဲအား အသုံးပြုထားသော ဖုန်းအချင်းချင်းသာ ရုပ်မြင်စနစ်ဖြင့် Video Chat စနစ်အသုံးပြုနိုင်မည်ဖြစ်ပြီး ၎င်းဆော့ဖ်ဝဲ အသုံးမပြုထားသော အခြားဖုန်းများဖြင့် ချိတ်ဆက်စကားပြောနိုင်မည်မဟုတ်ကြောင်း သိရသည်။ ယင်းစနစ်အား အသုံးပြုရာတွင် ဆော့ဖ်ဝဲအားဖွင့်လိုက်ကာ မိမိအကောင့်တစ်ခုအား ပြုလုပ်ရမည်ဖြစ်ပြီး အကောင့်ပြုလုပ်ပြီးပါက ယင်းဆော့ဖ်ဝဲစနစ်အသုံးပြုထားကာ အွန်လိုင်းသို့ဝင်ရောက်နေသော ဖုန်းများအားလုံးအား မြင်တွေ့နိုင်မည်ဖြစ်သည်။ အဆိုပါဖုန်းများ အကောင့်နာမည်များထဲမှ မိမိပြောလိုသူအား Video Call စနစ်ဖြင့် ခေါ်ဆိုလိုက်ပါက နှစ်ဘက်စလုံးတွင် ရုပ်မြင်စနစ်ဖြင့် ဖုန်းပြောနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကွန်ပျူတာများတွင် အသုံးပြုလျက်ရှိသော VZO Chat နှင့်ပုံစံချင်းဆင်တူပြီး Android OS ဖုန်းများအတွက် သာ သီးသန့်အသုံးပြုနိုင်မည့် ဆော့ဖ်ဝဲတစ်ခုဖြစ်ကြောင်း သိရသည်။ ယင်းဆော့ဖ်ဝဲအား ထည့်သွင်းအသုံးပြုလိုပါက ဖုန်း ၀၉၇၃၀၃၄၄၃၃ တွင် ဆက်သွယ်စုံစမ်း ထည့်သွင်းနိုင်မည်ဖြစ်သည်။

http://www.myanmarinternetjournal.com/index.php?option=com_content&view=article&id=4201:-vzo-chat-&catid=25:mobile-news&Itemid=62