ဩစေၾတးလ်
နိုင်ငံသား ဘီလျံနာ သူဌေးတစ်ဦးသည် အမှန်တကယ် သက်ရှိထင်ရှား ဒိုင်နိုဆော
ဥယျာဉ် တစ်ခုကို တည်ထောင်ရန် ဆန္ဒပြင်းပြနေကြောင်း သိရသည်။
ကလိုက်ဗ်ပါလ်မာသည် Titanic သင်္ဘောကြီး၏ ပုံတူကို တုပတည်ဆောက်မည့် စီမံကိန်း
တစ်ခုကို ကြိုတင် ရေးဆွဲပြီးသူ တစ်ဦးဖြစ်သည်။ ယခုအခါ ပါလ်မာသည် နာမည်ကျော်
Jurassic Park ဇာတ်ကားမှ ဒိုင်နိုဆောများ ကျက်စားသည့် ဥယျာဉ်မျိုးကိုလည်း
လက်တွေ့ တည်ဆောက်သွားနိုင်ရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။

အကယ်၍ အဆိုပါ စိတ်ကူးသာ လက်တွေ့ အကောင်အထည် ပေါ်လာပါက ဟောလီးဝုဒ် ရုပ်ရှင်များကို မှီငြမ်းတုပကာ လက်တွေ့ ဖန်တီးမှုများအနက် အပြောင်မြောက်ဆုံး ခြေလှမ်းလည်း ဖြစ်လာနိုင်ကြောင်း သတင်းများက ဆိုသည်။ သတ္တုတွင်း လုပ်ငန်းရှင်ကြီး ပါလ်မာသည် ဘရစ္စဘိန်းတွင် ၎င်း၏ စိတ်ကူးယဉ် စီမံကိန်းကို သတင်းထောက်များအား အတည်ပြု ကြေညာဖွယ် ရှိနေသည်။

အင်တာနက် သတင်းဌာနများက သိုးမလေး ဒေါ်လီကို ပုံတူပွားယူသည့် နည်းလမ်းမျိုးဖြင့် DNA တုပဖန်တီးကာ ဒိုင်နိုဆော ဥယျာဉ်တစ်ခု တည်ထောင်ရန် ပါလ်မာက စိတ်ကူးယဉ်နေကြောင်း ဖော်ပြသွားသည်။ ပါလ်မာသည် တရုတ်နိုင်ငံမှ CSC ဂျင်လင်း ကုမ္ပဏီကို Titanicနှင့် ပုံစံတူ သင်္ဘောတစ်စင်း တည်ဆောက်ပေးရန် မှာယူထားပြီး (၂၀၁၆)ခုနှစ်တွင် စတင်ခုတ်မောင်းနိုင်ဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။
by planetမှ တင်ပြသည်

http://www.fusarshinlay.com/profiles/blog/show?id=6384739%3ABlogPost%3A5611620&xgs=1&xg_source=msg_share_post