Pages

Beautiul_Myanmar

Sunday, September 9, 2012

English Grammar For All

Voice and Tense

Noun

Articles

Simple Present Tense

Present Continuous Tense

Present Perfect Tense

Present Perfect Continuous Tense

Simple Past Tense

Past Perfect Tense

Past Continuous Tense

Simple Future Tense

Condition

Unreal Past

V-ing

V - ed ( Past Participle )

PHRASES (1)

PHRASES (2)

CLAUSES (1)

CLAUSES (2) - Adjective Clauses (1)

CLAUSES (3) - Adjective Clauses (2)

CLAUSES (4) - Adverb Clauses

CLAUSES (5) - Adv Clause of Purpose

CLAUSES (6) - Adv Clause of Manner

CLAUSES (7) - Adv Clause of Condition

CLAUSES (8) - Noun Clause

Clauses (9) - Coordinate Clause

CLAUSES (10) - Kinds of Sentences

Sentence Structure (1) - Imperative

Sentence Structure (2)- Passive Voice

Sentence Structure (3) - စကားအစုများ

Sentence Structure (4) - နာမ်ပုဒ်စု... ကြိယာပုဒ်စု

Sentence Structure (5) - Complement

Sentence Structure (6) - Object Complement

Sentence Structure ( 7 ) - ကြိယာနာမ်

Sentence Structure ( 8 )

Sentence Structure ( 9 ) - Word Order-1

Sentence Structure ( 10 ) - Word Order - 2

Sentence Structure (11) – Proximity - နီးကပ်မှု

Sentence Structure (12) – Adverbs

Sentence Structure - (13) - Adjectives

Sentence Structure (14) - Noun


 http://onlinepyadaik.com/forum/topic/show?id=4021190%3ATopic%3A169201&xgs=1&xg_source=msg_share_topic

နာရေးကူညီမှုအသင်း - (ရန်ကုန်) Website ဖွင့်ပြီ။

Website သည် တစ်ကမ္ဘာလုံးကို ဖြန့်ချီပေးနေတဲ့ ကွန်ရက် (World Wide Web) တစ်ခုဖြစ်သည်။
ကမာ့္ဘကုလသမဂ္ဂအဖွဲ့ချုပ်ကြီး (United Nations)မှ ၂ဝ၁ဝ ခုနှစ်၊ မတ်လ (၉) ရက်နေ့တွင် အင်တာနက် လွတ်လပ်ခွင့်
ဆိုင်ရာ ဂျီနီဗာကြေညာစာတမ်း (Geneva Declaration on Internet Freedom)ကို ပြဋ္ဌာန်း ခဲ့သည်။ ထိုကြေညာ
စာတမ်းတွင် အင်တာနက် (Internet)သည် အတွေးအခေါ်များဖလှယ်ရာနှင့် ကူးလူးဆက်သွယ်ရာ အပြည်ပြည်ဆိုင်ရာ
နေရာလေးတစ်ခု (auniversal space) ဖြစ်သည်။ အင်တာနက်သည် လူမျိုး၊ ဘာသာ၊ ပထဝီအနေအထားနှင့် စီးပွားရေး
အခြေအနေများကို ထောက်ထားစရာမလိုပဲ လူ အချင်း ချင်း အပြန်အလှန်နားလည်စေခြင်းနှင့် လွတ်လပ်ခွင့်များကို
လည်း မြှင့်တင်ပေးနိုင်သည်ဟု ဆိုထားသည်။

   
       
၂၇.၈.၂ဝ၁၂ ရက်နေ့ နေ့လည်ပိုင်း၌ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းပိုင်ဝက်ဘ်ဆိုဒ် အား စတင်လွှင့်တင်ခြင်း
နှင့် စာနယ်ဇင်းမိတ်ဆက်ခြင်း အခမ်းအနားအား နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်း
ဝက်ဘ်ဆိုဒ်အား Tun new technology co.,ltd. (TNT)မှ နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် ဝက်ဘ်ဆိုဒ် ရေးဆွဲ
လှူဒါန်းခဲ့ခြင်းဖြစ်သည်။ အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ နာရေးကူညီ
မှုအသင်း(ရန်ကုန်)သည် Website မရှိသည်မှာ မိမိတို့၏ အားနည်းချက်ဖြစ်ကြောင်း၊ အသင်းသည် (၁၂) နှစ်တာကာလ
ရောက်ရှိ သော်လည်း ကိုယ်ပိုင်ဝက်ဘ်ဆိုဒ် မရှိခဲ့ချေ။




နာဂစ်မုန်တိုင်း အချိန်ကာလ၌ နာဂစ်ကယ်ဆယ်ရေးနှင့် ပတ်သက်ပြီး အများပြည်သူတို့အား မည်သည့်နေရာဒေသများ
သို့ သွားရောက်၍ လှူဒါန်းမှုများ ပြုလုပ်နေ ကြောင်းနှင့် လိုအပ်သည့် လှူဒါန်းဖွယ်ပစ္စည်းများတို့အား အလှူရှင်များ
လှူဒါန်းနိုင်ရန်နှင့် ပွင့်ပွင့်လင်းလင်း ချပြနိုင်ရန်အတွက် Website လုပ်ခဲ့၍ ကြိုးစားခဲ့ကြောင်း၊ နောက်ပိုင်း၌ Up date
မလုပ်နိုင်ခဲ့ခြင်းကြောင့် ရပ်ဆိုင်းခဲ့ရပြီး နောက်တစ်ခါထပ်ကြိုးစားကြောင်း၊ ယခုအချိန်သည် စတုတ္ထအကြိမ်မြောက် ကြိုး
စားခဲ့ခြင်း ဖြစ်ပြီး မိမိတို့အသင်းအတွက် အရမ်းလိုအပ်နေသည့် အရာတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး အလှူရှင်များ
လှူဒါန်းထားသည့် အလှူငွေများနှင့် ပစ္စည်းများအား မိမိတို့ မည်သို့ပြန်လည်၍ လှူဒါန်းခြင်း၊ အသုံးချခြင်းများကို တင်ပြ
ရန်အရေးကြီးပါကြောင်းနှင့် အသင်းအတွက် လိုအပ်လျှက်ရှိသော Website ကို လှူဒါန်း ပေးခဲ့သော TNT ကုမ္ပဏီအား
လည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားသွားခဲ့ပါသည်။




ဆက်လက်၍ TNT ကုမ္ပဏီမှ MD ကိုထွန်းထွန်းမှ အသင်း၏ ဝက်ဘ်ဆိုဒ်အား ရေးဆွဲလှူဒါန်းခြင်းနှင့်ပါတ်သက်၍ မိမိ
တို့ TNT ကုမ္ပဏီ၏ (၁) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင်လည်း Website မရှိသေး
သည်အတွက် (၁) နှစ်ပြည့်အခမ်းအနားနှင့် တိုက်ဆိုင်ခြင်းကြောင့် ဝက်ဘ်ဆိုဒ် ပုံစံအကြမ်း ပြသပေးခဲ့ပြီး နာရေးကူညီ
မှုအသင်း(ရန်ကုန်)မှ ကိုကျော်ဟိန်း၊ ကိုဖြိုးကိုကို တို့မှလည်း အစစအရာရာ ကူညီ ပေးသည့်အတွက်ကြောင့် ယခုကဲ့သို့
အထမြောက်သွားကြောင်းနှင့် ၄င်းတို့အားလည်း ကျေးဇူးတင် ပါကြောင်း၊ ဝက်ဘ်ဆိုဒ်စတင်ပြီဆိုပါက အမြဲတမ်း Up to
date ဖြစ်ရမည်ဖြစ်ကြောင်း၊ ဝက်ဘ်ဆိုဒ် သို့ ဝင်ရောက်ကြည့်ရှုကြပြီး နောက်ဆုံးဖြစ်ပျက်နေသည့် သတင်းများ ဖတ်ရှု
လိုချင်ကြပြီး အလှူရှင်များသည် လည်း မိမိတို့လှူဒါန်းလိုက်သည့် အလှူငွေများအား နာရေး၊ ကျန်းမာရေး၊ ပညာရေး၊
သဘာဝဘေး (ရေဘေး၊ မီးဘေး . . . )၊ အရေးပေါ်ကယ်ဆယ်ရေး အစရှိသည့် ကိစ္စရပ်များအား အသုံးပြု၍ လှူဒါန်းမှု
များအား သိရှိနိုင်စေရန်အတွက် ဝက်ဘ်ဆိုဒ်တွင်လိုအပ်သည့် အချက်အလက်များအား ကဏ္ဍအသီးသီးဖြင့် အသေးစိတ်
ဖော်ပြပေးထားကြောင်း၊ မကြာမီကာလအတွင်း အင်္ဂလိပ်ဘာသာဖြင့် နာရေးကူညီမှု အသင်း(ရန်ကုန်) ဝက်ဘ်ဆိုဒ်အား
တင်ပြတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ကာ အသင်းဝက်ဘ်ဆိုဒ် လိပ်စာနှင့် အသုံးပြုပုံအဆင့်ဆင့်ကို ပရိုဂျက်တာဖြင့်
ကြွရောက်လာကြသော စာနယ်ဇင်းသမားများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး
ဒေါ်ရွှေဇီးကွက်၊ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်နှင့် အသင်းသား/သူများတို့အား မိတ်ဆက်ပြသပေးခဲ့ပြီး မီဒီယာ
များ၏ မေးမြန်းချက် များအား ပြန်လည်ဖြေကြားခဲ့ပြီး အောင်မြင်စွာရုပ်သိမ်းခဲ့သည်။




ထို့ကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အများပြည်သူတို့အပေါ် ပေးဆပ်ကူညီဖေးမမှု ကုသိုလ်ရေးလုပ်ငန်းများ
သည် မြန်မာနိုင်ငံ တစ်ခုတည်းတွင် သာမက ကမာ့္ဘနိုင်ငံအသီးသီး တို့မှ ဝက်ဘ်ဆိုဒ်ပေါ်၌ Up to date ပေးဆပ်မှုများ
အား ကြည့်ရှု့နိုင်တော့မည်ဖြစ်ပါသည်။




ကြည့်ရှု့လိုသူများအနေဖြင့် မိမိတို့၏ ကွန်ပြူတာပေါ်တွင် www.ffssyangon.org ဟူ၍ ရိုက်လိုက်ရုံဖြင့် ကျွန်တော်တို့
F.F.S.S(Ygn) နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ အချိန်မရွေးရောက်ရှိနိုင်တော့မည်ဖြစ်သည်။
“အင်တာနက် (Internet)ကို လွတ်လပ်စွာအသုံးပြုစေခြင်းသည် လူ့အခွင့်အရေး၊ နိုင်ငံသားလွတ်လပ်ခွင့် များ၊ လွတ်လပ်
ပြီး ဒီမိုကရေစီဆန်သော လူ့ဘောင်ကို အပြည့်အဝ ခံစားနိုင်ရန် မရှိမဖြစ်လိုအပ်သည်။”



(ဂျီနီဗာကြေညာစာတမ်း ၂ဝ၁ဝ၊ မတ်လ ၉ရက်)

http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1735176&xgs=1&xg_source=msg_share_post

Monday, August 6, 2012

*အင်တာနက် speed အဆ(၂၀)မြန်အောင်ပြုလုပ်ကြရအောင်*

အင်တာနက် speed အဆ(၂၀)မြန်အောင်ပြုလုပ်ကြရအောင်

      ဒါကတော့ speed ကို အဆ(၂၀)မြန်အောင်မြင့်ပေးပါတယ် ... ဒါပေမယ့်တစ်ခုရှိတာကတော့ Bluetooth ဆိုရင်တော့ မမြှင့်ပေးပါဘူး ... USB နဲ့ မိုဘိုင်းဖုန်းကို ဒါရိုက်အင်တာနက် ချိတ်တဲ့သူတွေ အတွက်ကိုသာ မြှင့်ပေးတာပါ ... အဲ့ဒါလေးတော့ သိထားစေချင်ပါတယ်ဗျာ ...
၁။ start >>> Run ကိုသွားပြီး gpedit.msc လို့ရိုက်ပါ။ ပြီးရင် Enter ကိုနှိပ်ပါ၊
၂။ Administrative Templates ကို နှိပ်ပါ။
၃။ Network ကိုနှိပ်ပါ။
၎။ QoS Packet Scheduler ကိုနှိပ်ပါ။
၅။ Limit reservable bandwidth ကိုနှိပ်ပါ။
၆။ Enabled (optional) ကိုရွေးပါ။
၇။ Bandwidth limit (%) ကို 20 ကို 0 ပြောင်းပါ။
၈။ Apply ကိုနှိပ်ပြီး ပေါ်နေတဲ့ Windows တွေအားလုံးပြန်ပိတ်လိုက်ပါ။ သင့် Computer ရဲ့ Internet Speed 20% မြန်သွားပါပြီ။
ကဲအဆင်ပြေကြပါစေဗျာ ...

               နောက်တစ်နည်း

nternet Explorer ၏ အမြန်နှုန်းကိုမြှင့်တင်ခြင်း။
1. Start —- > Run —- > Type regedit
2. HKEY_CURR ENT_USER\Software\Microsoft\Windows\CurrentVersion\Internet Settings ကိုရောက်အောင်သွားပါ။
3. Internet Settings သို့ရောက်လျှင် ညာခြမ်းသို့ သတိပြုကြည့်ပါ။
4. MaxConnec tionsPerS erver နှင့် MaxConnec tionsPer1_0Server. (စာကြောင်းနှစ်ကြောင်းကိုရှာပါ)
5. ရှိနေတယ်ဆိုရင် ပထမဆုံး MaxConnec tionsPerS erver ကိုရွေးပါ။ right click — > Modify ကိုရွေးပါ။ Decimal ကိုရွေးပါ။ တန်ဖိုးကို 6 ရိုက်ပါ။
6. ဒုတိယ MaxConnec tionsPer1 _0Server ကိုလည်း အဆင့် 5 မှ ညွှန်ကြားချက်အတိုင်း ပုံစံတူ လိုက်နာလုပ်ဆောင်ပါ။
ပိတ်ပါ။ Internet Explore ကိုစမ်းကြည့်ပါ။
အဆင့် 4 မှ စာကြောင်းနှစ်ကြောင်းကိုမတွေ့ရှိပါက အောက်ပါအတိုင်းလိုက်ပါလုပ်ဆောင်ပေးပါ။
1. Internet Settings ၏ ညာခြမ်းတွင် အဖြူရောင်ဧရိယာတွင် right click — > New —-> DWORD Value ကိုရွေးပါ။
2. MaxConnec tionsPer1_0Server ရိုက်ပါ။ right click —- > New Value —— > Modify ကိုရွေးပါ။
3. Decimal ကိုရွေးပြီး တန်ဖိုးကို 6 ရိုက်ပါ။
1. Internet Settings ၏ ညာခြမ်းတွင် အဖြူရောင်ဧရိယာတွင် right click — > New —-> DWORD Value ကိုရွေးပါ။
2. MaxConnec tionsPerS erver ရိုက်ပါ။ right click —- > New Value —— > Modify ကိုရွေးပါ။
3. Decimal ကိုရွေးပြီး တန်ဖိုးကို 6 ရိုက်ပါ။ဒါဆိုရင်ရပါပြီ.......



http://www.zwekapinmyae.com/profiles/blog/show?id=2879352%3ABlogPost%3A696243&xgs=1&xg_source=msg_share_post 

ကိုယ့်ဓာတ်ပုံလေး နဲ့ကိုယ်ပိုင် "Canlendar" ဒီဇိုင်းလုပ်ကြည့်ရအောင်

ကိုယ့် ဓာတ်ပုံ ဒါမှမဟုတ် ကိုယ်နှစ်သက်တဲ့ ပုံလေးတွေနဲ့
"Calendar" လေးတွေ  ဒီဇိုင်းဖော်ကြည့်ရအောင်နော် ........

ပြုလုပ်ပုံကတော့အဆင့် (၆) ဆင့် ရှိတယ်။
အောက်မှာ ပုံလေးနဲ့နည်းနည်း အသေးစိတ်ပြောပြပါ့မယ်။
စိတ်ဝင်စားတဲ့သူငယ်ချင်းတို့ စမ်းသပ်ကြည့်နိုင်ပါတယ်။




အရင်ဆုံး ဒီလင့် နှိပ်ပြီးသွားလိုက်ပါ။
ရောက်ရင်တော့အပေါ်မှာပေးထားတဲ့ ပုံလေးအတိုင်းပုံလုပ်ပုံအဆင့်(၆)ဆင့်ကိုတွေ့ပါလိမ့်မယ်



အဆင့်(၁) ။     ။  "Select a format for your free yearly calendar" ဆိုတဲ့နေရာမှာ
မိမိလိုချင်တဲ့ပုံစံကိုရွေးပါ။ သူကရွေးဖို့(၄)မျိုးပေးထားပါတယ်။ ထက်ထက် ပုံရဲ့နံပါတ်(၁) မှာ
အနီရောင်နဲ့ ရွေးဖို့ပြထားပါတယ်။         


                         

အဆင့်(၂) ။    ။ "Select a year for your free yearly calendar" နေရာမှာ မိမိပြုလုပ်မယ့်
Calendar ရဲ့နှစ်ကိုရွေးချယ်ပေးပါ။  ထက်ထက်ကတော့ အခုနှစ် 2012 ကိုပဲရွေးထားပါတယ်
ကိုယ်ကြိုက်တဲ့နှစ်ကိုရွေးပါ။





အဆင့်(၃)။    ။ "Select a Photo for your free yearly calendar" နေရာမှာ "Browser"
ကိုနှိပ်ပြီး မိမိထည့်ချင်တဲ့ ချစ်သူ သူငယ်ချင်း ရူခင်းပုံ ကို ထည့်လို့ရပါတယ် ။




အဆင့်(၄)။    ။ " Enter a caption for your free yearly calendar" ဆိုပြီးပေးထားတဲ့နေရာ
လေးမှာ ကိုယ့်ပြုလုပ်မဲ့ Calendar လေးမှာကိုယ်ထည့်ချင်တဲ့စာသားလေးတချို့ကိုထည့်ဖို့ပါ။
(English) လိုပဲရမယ်နော်။





အဆင့်(၅)။   ။ "Select a font for your free yearly calendar" နေရာမှာ စောစော က
မိမိရေးလိုက်တဲ့စာသားလေးကို "font" အမျိုးအစားရွေးပေးဖို့ပါ။





အဆင့်(၆)။   ။"Generate your free yearly calendar"ဆိုတဲ့ "Icon" လေး ကို "Click" ပြီး
မိနစ်အနည်းငယ်စောင့်လိုက်ရင် ကိုယ်ကိုတိုင်ဖန်တီးထားတဲ့ "Calendar" လေးရပါပြီနော်။


နမူနာအနေနဲ့ ပုံလေးတစ်ပုံလုပ်ပြထားပါတယ်။ နမူနာပုံပေါ့။





ဒီလိုလေးပေါ်လာလို့သိမ်းမယ်ဆိုရင်





ဒီလိုမသိမ်းချင်ဘူးဆိုရင် အရင်ဆုံး ပုံနဲ့ပြက္ခဒိန်တွဲရက်ကို Ctrl+ Prl Scr Sys Rq ကိုနှိပ်ပါ
ပြီးရင် All Programs ထဲက paint ကိုဖွင့်လိုက်ပါ ပြီးရင် Ctrl+ V ကိုနှိပ်ပါ


စောစောကလုပ်ထားတဲ့ပြက္ခဒိန်လေးထွက်လာပြီဆိုရင် Crop ကိုနှိပ်ပြီး
ပြက္ခဒိန်နဲ့ ကွက်တိ ဖြတ်လိုက်ပါ
နောက်ဆုံးသိမ်းတော့မယ်ဆိုရင် paint ထဲက Save as နဲ့သိမ်းလို့ရပါပြီ

သူငယ်ချင်းတို့အားလုံးအဆင်ပြေပါစေနော်

မူရင်းလင့် http://www.yearlycalendarmaker.net



Free Online Radio လုပ်နည်း။ ဘလော့ကာများနှင့် ကိုယ်ပိုင်ရေဒီယိုပြုလုပ်ချင်သူများအတွက်...

မိတ်ဆွေများ မင်္ဂလာပါ....

      အွန်လိုင်းနယ်ပယ်မှာ ဘလော့ပေါင်းမရေမတွက်နိုင်အောင်များပြားစွာရှိကြသည့်အနက်အချို့ မှာ လူသိများသကဲ့သို့ အချို့ မှာလူသိနည်းသည်များလည်းရှိသည်။အချို့ မှာ မိမိဘောလ့ာကိုလှပဝေဆာအောင် အပျော်သဘောမျိုးဖန်တီးလေ့ရှိကြသည်။ှ
အချို့ ဘလော့များမှာဆို အင်တာနက်နယ်ပယ်တွင် တရားဝင်အွန်လိုင်းရေဒီယို ၉ ခုရှိသည့်အနက်မှ မိမိတို့နှစ်သက်သည့်တခုကို ထည့်သွင်းအသုံပြုတတ်ကြသည်။အချို့ မှာမူ မိမိကိုယ်ပိုင် အွန်လိုင်းရေဒီယိုစတေရှင် ထောင်ဖို့ ငွေကြေးနှင့်နည်းပညာအခက်ခဲများရှိကြ
သည်။ထို့ ကြောင့် စိတ်ဆန္ဒရှိသော်လည်း ကိုယ်တိုင် မစွမ်းသဖြင့် တပါးသူအားအကူညီတောင်းသော်လည်း အခက်ခဲများရှိနေသဖြင့်စိတ်ညစ်နေသူများလည်းအများအပြားရှိကြပါတယ်။ထို့သူများအတွက် အခမဲ့ ကိုယ်ပိုင်ရေဒီယိုစတေရှင်ထောင်နိင်မည့် Radio Streaming website များကိုဖော်ပြပေးသွားပါမည်။
အကယ်လို့ အခမဲ့ ကိုသဘောမကျရင်လည်း အခကြေးငွေနဲနဲလေးလစဉ်ပေးရုံဖြင့် အွန်လိုင်းရေဒီယိုထောင့်နိုင်မည့်ဆိုက်ဒ်များကိုအောက်တွင်ဖော်ပြပေးသွားမည်။မိမိသည် Free account ပြုလုပ်ပြီးသည့်အခါ Window Media Player သို့မဟုတ် Winamp များတွင် Port and  Password ထည့်ပြီး အလွယ်တကူ သီချင်းများလွှင့်နိုင်ပါသည်။မိမိတို့ ဘလော့အတွင့် Html Code များထည့်သွင့်ပြီး Radio Play Icon လေးထားပြီး သူငယ်ချင်းနှင့်စာဖတ်ပရိတ်သတ်များအပျင်းပြေနားဆင်နိုင်ရင် အတွက်ပြုလုပ်နိုင်ပါသည်။


Softwares တော်တော်များများကိုအခမဲ့ ရှာဖွေဒေါင်းနိုင်မည့်ဆိုက်ကတော့ ..ဒေါင်းရန်ဤနေရာမှာနှိပ်ပါ
Winamp ..ဒေါင်းရန်ဤနေရာမှာနှိပ်ပါ
Window Media Playerဒေါင်း၇န်ဤနေရာမှနှိပ်ပါ
မိမိအသုံးပြုနေသော Mozilla Firefox နှင့် Google Chrome တွင် သီချင်းသံများ အသံနှင့်ပတ်သက်သည်များမကြားရပါက "ဒီမှာဒေါင်းရန်"
ကဲ ရေဒီယိုStreaming Sever Web site တွေ ဆက်ပေးမယ်နော်..အောက်မှာဒေါင်းပါ။
                     အခမဲ့အွန်လိုင်းရေဒီိယိုပြုလုပ်ရန်  ဒီမှာ Free Account Website-1  &  ဒီမှာ Web site -2ဖွင့်ပါ။ထို့နောက် Window Media Player or Winamp မှာ ထိုအကောင့် Control Pannel ထဲမှ Port and Password ဆိုတာကို ရှာပီးထည့်သုံးပါ။ အခကြေးငွေဖြင့်သုံးချင်ပါကလည်းလည် လစဉ်ဈေးနှုန်းနှင့်နားဆင်သူအရေအတွက်အလိုက် ဈေးနှုန်းများကိုအထက်ပါလင့်ခ်များတွင် နှိပ်ပြီးကြည့်နိုင်ပါသည်။
အခြားအခြားသော Free Radio Streaming Wesite များလည်းရှိပါသေးသည်။မိတ်ဆွေများအတွက်လူသုံးအများဆုံးနှင့် အလွယ်ကူဆုံး ဆိုက်ဒ် ၂ ခုကိုဖော်ပြပေးလိုက်ပါတယ်။နည်းပညာများ အခက်ခဲရှိနေသူများလည်းအလွယ်တကူသဘောပေါက်စေရန် အလွယ်ကူဆုံးဖော်ပြပေးထားပါသည်။အခက်ခဲများမရှိပဲ အဆင်ပြေနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်.....




http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A447087&xgs=1&xg_source=msg_share_post