Pages

Beautiul_Myanmar

Wednesday, March 20, 2013

တရားဟောပလ္လင်လှူရန် ရွှေဆံကုပ်ရောင်းချရာမှ မိတ္ထီလာတွင် ပဋိပက္ခဖြစ်


တရားဟောပလ္လင်လှူရန် ရွှေဆံကုပ်ရောင်းချရာမှ မိတ္ထီလာတွင် ပဋိပက္ခဖြစ်
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ မြို့မဈေးကြီးတွင် ယနေ့နံနက် ၉နာရီ ခန့်က တရားဟောပလ္လင် လှူရန် ရွှေဆံကုပ်
လာရောင်းသော ဇနီးမောင်နှံ နှင့် ရွှေဆိုင်ပိုင်ရှင်တို့ ခိုက်ရန်ဖြစ်ပွားရာ ဒေသခံလူထုအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့
ကြောင်း ယင်းဒေသခံများ ထံမှ စုံစမ်းသိရှိရသည်။

မိတ္ထီလာမြို့ ကွက်ငယ် အုပ်စု ပြန်ကောက်ရွာ တွင် ခေတ္တ လာရောက်နေထိုင်သူ ဦးခင်မောင်ဝင်း (၄၅နှစ်) နှင့် ဇနီးဖြစ်သူ
ဒေါ်အေးနိုင်(၄၆နှစ်) တို့သည် တရားဟောပလ္လင် လှူဒါန်းရန် ငွေမလုံလောက်သည့်အတွက် မိတ္ထီလာမြို့မဈေး အရှေ့ဘက်
တန်း ရှိ ဝိန့်စိန်ရွှေဆိုင်သို့ ရွှေဆံကုပ်တစ်ခု ကို မတ်လ ၂၀ရက်နေ့ နံနက် ၉နာရီခွဲခန့်တွင် လာရောက် ရောင်းချ၍ ရွှေမှတ်
ကျောက်တိုက်ရာမှ ရွှေဆံကုပ် ကျိုးသွားခဲကြောင်း၊ ယင်း ဆံကုပ်ကိုလည်း မူလပြောထားသည့် ကျပ်တစ်သိန်းနှစ်သောင်း
မပေးဘဲ ကျပ်ငါးသောင်းရှစ်ထောင်ခန့် ဖြင့်သာ ဈေးဖြတ်ခဲ့သည့်အတွက် ရွှေရောင်းချသူ ဦးခင်မောင်ဝင်းနှင့် ရွှေဆိုင်ပိုင်ရှင်
ဦးထွန်းထွန်းဦးတို့အကြား စကားများရာမှ ဦးထွန်းထွန်းဦး က ဦးခင်မောင်ဝင်း ကို လက်သီးဖြင့် စတင်ထိုးခဲ့သည်ဟု ဦးခင်
မောင်ဝင်း က ပြောကြားသည်။

“ကျွန်တော့်ကို လက်သီးနဲ့ထိုးတယ်။ နောက် ဆိုင်ထဲက လူနှစ်ယောက်နဲ့ ဆိုင်ရှင်ရဲ့ အမျိုးသမီး ထွက်လာပြီး ဝိုင်းရိုက်ကြ
တယ်။ဘေးဆိုင်က လူရှစ်ယောက်လောက် ကပါ ဝိုင်းရိုက်မလို့ လာကြတာ။ ကျွန်တော်လည်း လမ်းမပေါ် ထွက်ပြေးပြီး အ
ကူအညီ တောင်းခဲ့ရတယ်”
ဟု ၎င်းက ဆိုသည်။ယင်းသို့ ဝိုင်းဝန်းရိုက်နှက်ရာ ဦးခင်မောင်ဝင်းကို လေးချက်ခန့်ရိုက်မိခဲ့ပြီး ရိုက်နှက်သည့်တုတ်တွင် သံ
ပါသည့်အတွက် ဦးခေါင်း ပေါက်ပြဲခဲ့သည်ဟု ဦးခင်မောင်ဝင်း က ပြောကြားသည်။

အဆိုပါ ရွှေရောင်းချသူ ကို ရိုက်နှက်ခဲ့သည့် လူတစ်စုသည် ပတ်ဝန်းကျင်ရှိ လူများရောက်လာချိန်တွင် အနီးနားရှိ ရွှေဆိုင်
များအတွင်းသို့ ဝင်ရောက် ထွက်ပြေးသွားခဲ့ရာမှ လူထုက မကျေမနပ်ဖြစ်ကာ ယင်းရွှေဆိုင်များကိုဝိုင်းထားခဲ့ကြောင်း ယင်း
ဈေးရှိ ဈေးသူဈေးသားများ က ပြောကြားသည်။

“ကျွန်မ အမျိုးသားကို အသေသတ်ဆိုပြီး ဝိုင်းရိုက်တယ်။
ကျွန်မအကူအညီတောင်း မှ ဘေးက လူတွေက ဝိုင်းဖျန်ဖြေပေးကြတယ်” ဟု အရိုက်ခံရသူ၏ဇနီးဖြစ်သူ ဒေါ်အေးအေးနိုင်
က ဆိုသည်။

ယင်းသို့ ရွှေဆိုင်များ အတွင်း ရွှေဆိုင်ရှင်ဦးထွန်းထွန်းဦးနှင့် အပေါင်းအပါများဝင်ရောက်ပုန်းခိုနေသည်ဟု ယူဆ၍ ရွှေဆိုင်
များကို ဖျက်ဆီးနေသောဒေသခံလူစု ကို မိတ္တီလာ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မောင်မောင်မြင့် ဦးဆောင်၍ မိတ္ထီလာ
မြို့နယ် ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့်လူမှုရေးအသင်းအဖွဲ့များ ဝိုင်းဝန်း ဖျန်ဖြေခဲ့သော်လည်း လူစုမကွဲသေးသည့် အတွက်
သက်ဆိုင်ရာမြို့နယ် သံဃာတော်များလာရောက် ဖျန်ဖြေပေးခဲ့ရာ ညနေသုံးနာရီခွဲခန့်တွင် လူစုကွဲသွားခဲ့ကြောင်း ဒေသခံ
မျက်မြင်သက်သေများ က ပြောကြားသည်။

ယင်း ရွှေဆိုင်ရှင်ဦးထွန်းထွန်းဦး နှင့် အပေါင်းပါ နှစ်ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း၊ ယင်းပုဂ္ဂိုလ်များ၏ဓါတ်ပုံများကို
ပြ၍ လူစုကွဲရန် မေတ္တာရပ်ခဲ့ရသည်ဟု မိတ္ထီလာခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုး က ပြောကြားသည်။

ယင်း ရွှေဆိုင်ပိုင်ရှင် ဦးထွန်းထွန်းဦး (၂၃)နှစ် ၊ ဒေါ်မြင့်မြင့်အေး (၂၅)နှစ်နှင့် ညီညီ( ၁၈)နှစ်တို့ကို (ပ) ၇၄ ၊၂၀၁၃ပုဒ်မ၂၉၄
၊ ၃၂၆ ၊ ၄၂၇ ၊ ၁၁၄ ဖြင့် ဖမ်းဆီး အရေးယူလျက်ရှိကြောင်း မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့စခန်း ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ အခြေအနေ များကြောင့် လတ်တလောတွင် မိတ္ထီလာ မြို့မဈေးကြီး ကို ခေတ္တ ပိတ်ထား လျက်ရှိပြီး လုံခြုံရေး များ
စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A2025625&xgs=1&xg_source=msg_share_post

Saturday, March 16, 2013

ပထမငယ်တန်း စာသင်သားများအတွက် ကျမ်းစာအုပ်များ

ပထမငယ်တန်း ပထမလတ်တန်း ပထမကြီးတန်း ဓမ္မာစရိယတန်း များကို နိုင်ငံတော်မှ ကြီးမှူးကျင်းပသည် ၊ ယခုအခါ အောက်သုံးတန်းကို တိုင်းအလိုက် ပြည်နယ်အလိုက်ကျင်းပသည်၊ ဓမ္မာစရိယတန်းကိုကား တနိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံတော်မှ ကျင်းပပေးသည် ၊ ထပ်မံရှာဖွေ တင်ပြသင့်သည့် စာအုပ်များ ၃။ အာချာတ်ဂိုဏ်း နာမ်ဂိုဏ်းစာအုပ် (မဟာဂန္ဓာရုံဆရာတော်) အခြေပြု သဒ္ဒါ (မဟာဂန္ဓာရုံဆရာတော်) အခြေပြု သဂြိုဟ် (မဟာဂန္ဓာရုံဆရာတော်) သဂြုင်္ိဟ်ရှင်းတမ်း (အရှင်မုနိန္ဒာဘိဝံသ) ပထမငယ်တန်း၊ ရူပသိဒ္ဓိနီတိ (အရှင်ကောဝိဒ) ပထမငယ်တန်း၊ ဠီကာကျော်နီတိ (အရှင်ကောဝိဒ) ပထမငယ်တန်း၊ ကင်္ခါနီတိ (အရှင်ကောဝိဒ) ပထမငယ်တန်း ပုစ္ဆာ + အဖြေစုံ ၊ ၂၀၀၇-ခုနှစ် (ပြည်နယ်နှင့်တိုင်း-၁၇) ... ဇာတကဌကထာ (ဧကကနိပါတ်၊ဣတ္ထိဝဂ်၊မုဒုလက္ခဏဇတ်မှလိတ္တဝဂ်အဆုံးအထိ-၃၅ ဇတ်) (... ဇာတကဌကထာ (ဣတ္ထိဝဂ်-မုဒုလက္ခဏဇတ်မှလိတ္တဝဂ်အဆုံးအထိ -၃၅ ဇတ်) (မော်လူး စီ... (၁၃၇၃ မှ၁၃၇၆-ခုနှစ်အထိပြဌာန်းသည်) ကင်္ခါဝိတရအဋ္ဌကထာ ပထမငယ်တန်း ပုစ္ဆာ + အဖြေစုံ (၂၀၀၆-ခုနှစ်) - အရှင်တိလောကာဘိဝံသ(အင်... ပထမငယ်တန်း ပုစ္ဆာ + အဖြေစုံ (၂၀၀၈-ခုနှစ်) - အရှင်တိလောကာဘိဝံသ(အင်... ပထမငယ်တန်း ပုစ္ဆာ + အဖြေစုံ (၂၀၀၉-ခုနှစ်) - အရှင်တိလောကာဘိဝံသ(အင်... ပထမငယ်တန်း ပုစ္ဆာ + အဖြေစုံ (၂၀၁၀-ခုနှစ်) - အရှင်တိလောကာဘိဝံသ(အင်းစ... ပထမငယ်တန်း ပုစ္ဆာ + အဖြေစုံ (၂၀၁၁-ခုနှစ်) - အရှင်တိလောကာဘိဝံသ(အင်... အာဂုံဆောင်ဇတကဌကထာ - အရှင်စန္ဒဇောတိ ငယ်၊လတ်၊ကြီး၊ သဒ္ဒါ၊ရုပ်ထွက်အက္ခရာဝလီ (အရှင်ဉာဏသာမိ-မြစ်သား) ငယ်၊လတ်၊ကြီး၊ ဝိနယအောင်ပန်း-ပထမတွဲ (အရှင်ဉာဏသာမိ-မြစ်သား) ငယ်၊လတ်၊ကြီး၊ သဒ္ဒါအောင်ပန်း- ပထမတွဲ (အရှင်ဉာဏသာမိ-မြစ်သား) ငယ်၊လတ်၊ကြီး၊ သဒ္ဒါအောင်ပန်း- ဒူတိယတွဲ (အရှင်ဉာဏသာမိ-မြစ်သား) ငယ်၊လတ်၊ကြီး စာမေးပွဲများအတွက် အဘိဓမ္မာအောင်ပန်း - ပထမတွဲ (အရှင်ဉာဏ... ဓာတုကထာအောင်ပန်း - ငယ်၊လတ်၊ ထိက-ဒုကမာတိကာ (အရှင်ဉာဏသာမိ-မြစ်သား) ခရမ်းမြို့ ကိုင်းကုန်း ပါဋိတက္ကသိုလ်ကျောင်းတိုက် ဒုတိယကိုင်းကုန်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတေဇ ပြုစု၍ အရှင်အာစိဏ္ဏ (စာချ) တည်းဖြတ်သော ကိုင်းကုန်းသင်္ဂြိုဟ်ဆိုရိုးကျမ်း ( ဘဒ္ဒန္တတေဇ ) မှတ်ချက်=dhammadownload ဆိုဒ်မှကူးယူတင်ပြသည်

Saturday, January 5, 2013

ကမ္ဘာတွင်တတိယအကြီးဆုံး၊ အရှေ့တောင်အာရှ တွင်အကြီးဆုံးကုန်တွင်းရေတိမ်ဒေသ အင်းတော်ကြီးအိုင်


ကမ္ဘာတွင်တတိယအကြီးဆုံး၊ အရှေ့တောင်အာရှ တွင်အကြီးဆုံးကုန်တွင်းရေတိမ်ဒေသ ဖြစ်သော အင်းတော်ကြီးအိုင် အကြောင်းကိုတင်ပြပေး မှာပါ။ ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မိုးကောင်းနယ်အတွင်း တည်ရှိသည်။ ရေပြင်ဧရိယာစတုရန်းမိုင်၁၀၀ အပါအ၀င်ဧရိယာ ၃၁၄.၆၇ စတုရန်းမိုင် ကျယ်ဝန်းပြီး ကမ္ဘာတွင်တတိယအကြီးဆုံး၊ အရှေ့တောင်အာရှ ကုန်းတွင်းရေနေဒေသထဲမှာ အကြီး ဆုံးဖြစ်သည်။ အင်းတော်ကြီး ကန်ရေပြင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၅၄၆ ပေအမြင့်တွင် တည်ရှိပြီး အမြင့် ပေ ၁၀၀၀ ကျော်မှ ၄၀၀၀ ကျော်ထိ မတ်စောက်မြင့်မားသော တောင်တန်းများ ကျောက်တောင်ကြီးများ ၀န်းရံထားကြောင်းသိရသည်။ တောင် တန်းများတွင် မြစ်ဖျားခံစီးဆင်းလာသော ချောင်းငယ်ပေါင်း ၁၂ သွယ်ဖြင့် အင်းတော်ကြီးအိုင် အရပ်လေးမျက်နှာမှ စီးဝင်လာပြီး အင်းတော်ကြီးချောင်းတစ်ခုထဲမှသာ ပြန်လည် စီးထွက်ကြောင်းသိရသည်။ အင်းတော်ကြီးအိုင်တွင် တစ်နှစ်ပတ်လုံး မိုးရွာသွန်းမှုရှိပြီး နှစ်စဉ်ပျမ်းမျမိုးရေ ချိန် ၇၀ လက်မခန့် ရှိကြောင်းလည်း သိရသည်။ အင်းဘေးဝဲယာတွင် ကျေးရွာအုပ်စု ၁၁စု၊ ရွာပေါင်း ၁၄ ရွာရှိပြီး ရွာအချို့မှာပျောက်ကွယ် သွားခဲ့ကြောင်း သိရသည်။ ရွှေမဉ္ဖူဘုရား သည် ကချင်ပြည်နယ်၏ အဓိကရစေတီတော်ကြီးဖြစ်သည်။ တပေါင်းလဆန်း ဘုရားပွဲတော် ကျင်းပချိန်နီးကပ်လာလျှင် ဘုရားစေတီအရောက် လူလျှောက်သွားနိုင်ရန် သဲလမ်းမကြီးနှစ်လမ်း ပေါ်လာတတ်သည်။ ဘုရားပွဲတော်ပြီးသည့်အခါ သဲလမ်းများရေထဲ ပြန်မြုပ်သွားတတ်သည်။ အင်းတော်ကြီးအင်းကြီးသည် ယခုနှစ် ၂၀၁၀ ခုနှစ်မှာ လူလမ်းအပြင် နတ်လမ်းဟု ခေါ်သော လမ်းနှစ်သွယ် ပေါ်နေခဲ့သည်ကို ထူးဆန်းစွာ တွေရပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်ကတည်းက ပေါ်ထွန်းခြင်းမရှိ သည် မှာ ကြာမြင့်ပြီဖြစ်ပါသည်။ ယခုနှစ်ကျမှာ ထူခြားစွာပေါ်ထွန်းလာခြင်းမှာ ရာသီဥတုဖောက်ပြန်မှုကြောင့် အင်းရေများ ခမ်းခြောက်ခြင်းကြောင့်ဖြစ်နိုင်သော်လည်း ထူးခြားသည်မှာ လူသွားလမ်းဖက်တွင်မူ ထူး၍ ခမ်းခြောက်မှု မရှိသည်ကို တွေရပါသည် .။ မိုးရာသီရောက်၍ မိုများ သည်းထန်စွာ ရွာသွန်းနေသော်လည်း ပျောက်ကွယ်သွားခြင်း မရှိသေးပဲ ယခုဓါတ်ပုံတွင်မြင်တွေ့ရသကဲသို ထင်ရှားစွာ မြင်တွေ့ခဲ့ရပါသည်။ အင်းတော်ကြီးအိုင် ဘေးမဲ့တော တောရိုင်းတိရစ္ဆာန်ပြခန်းရောက်တော့လည်း စိတ်ဝင်တစားဝင်ရောက်ကြည့်ရှုသူ များပြားနေတာ တွေ့ခဲ့ရသည်။''အင်းတော်ကြီးဘေးမဲ့တော သစ်တောကြိုးဝိုင်း ၅ခု၊ ရေပြင်ဧရိယာ ၁ ခု ပေါင်း၆ခုနဲ့ ၁၉၉၉ခုနှစ် မတ်လ ၄ရက်နေ့က စတင်တည်ထောင်ခဲ့တာပါ။ ဒီနေရာမှာအင်းတော်ကြီးအိုင် နေရာ နှင့်ပတ်သတ်ပြီး ရှေးအယူအဆ လေးကို တင်ပြပေးချင်ပါတယ်။ ဥတ္တရစောဖြူမင်း၏ ပျောက်ဆုံးသွားသော ရွှေမြို့တော် ရှေးလွန်လေပြီးသော အတိတ်နှစ်ပေါင်း (၂၅၀၀)ကျော်၊ ဘီစီ(၅၄၄-၅၈၉)ခန့်တွင် ဂေါတမမြတ်စွာ ဘုရားသခင်သည် အနာဂတ်သာသနာတော်တွင်ဖြစ်ပေါ်တွေ့ကြုံမည့် အရေး မျော်တွေးသိမြင်တော်မှုသဖြင့် အခါတစ်ပါးသော မဇ္စျိမဒေသမှ ညီတော်အာနန္ဒာနှင့်တကွ ကောင်းကင် ခရီးဖြင့် ဒေသစာရီကြွချီတော်မှုရာ ယခုအင်းတော်ကြီး ဖြစ်တည်သည့်ဒေသနှင့် ရွှေမဉ္စူ ဘုရားတည်ရှိ သည့်နေရာ၌ ခေတ္တရပ်တန့်ပြီး နာဌာဂီရိတောင် (ဆင်ခေါင်းတောင်)ထိပ်တွင် ရပ်တန့်တော်မှု၏။ နောင် အခါ အနာဂတ်ကာလ၌ အင်းကြီးဖြစ်တည်လတ္တံသောကြောင်းချင်းရာနှင့် သာသနာတော်ထွန်းလင်း တောက်ပသည့် ဗုဓမြတ်ဘုရား၏ ဓါတ်တော် မွေတော်များ ကိန်းအောင်းတော်မှုရာစေတီတော် ဘုရားတည်ရှိလတ္တံ့သော ဗျာဒိတ်စကား မိန့်ကြားတော်မှုခဲ့လေသည်။ မှတ်ချက်။ ။ဗျာဒိတ်တော်ပေးတော်မှုစဉ် ရပ်တန့်တော်မှုရာတောင်၏ အမည်ကိုရှေးသမိုင်း မှုများအရအမည် ကွဲများရှိသော်လည်း နာဌာဂီရိ(ဆင်ခေါင်း) တောင် ဟူ၍သာ အစဉ်အဆက်မှတ်သားရပေသည်။ သာသနာတော် သက္ကရာဇ် ၂၃၀-ခုနှစ်တွင် နဂါးအမျိုး(၄)မျိုး အကျယ်(၁၁၂၄)မျိုးအနက် ဧရာပတ္တနဂါး မျိုးသားအဖ(၃)ဦးနှင့် နဂါးပေါင်း(၃၈၀၁၂)တို့သည် ဘောဂ၀တီနဂါးပြည်မှ (အိုးသစ်၊ အိမ်သစ်၊ အင်းသစ်)ရှာရန် ထွက်ခွာခဲ့လေသည်၏။ သက္ကရာဇ်(၂၆၄)ခုနှစ်တွင် အိမ်ခြေကိုးသန်းရှိသော(ပစ္စန္တရဂန္မာ) ဂုရုရာဇ်တိုင်းတွင် အိမ်ခြေ တစ်သောင်း၊ ကျောင်းပေါင်းတစ်ထောင်(ဗုဒ္ဒအယူ ကျောင်းချင်းမဟုတ်မူ၍ ၀ါဒဘာသာစုံ ကျောင်းပေါင်း စုံဖြစ်ဖွယ်) ရှိသော ဥတ္တရဌာနီ၊ စည်းခမ်း(သျှမ်းအခေါ်မြို့ကို တည်ထောင်တော်မူ၍) နောင်တွင် ဥတ္တရစောဖြူ (ထမံသီမျိုး စ၀်ဆေဖိတ် ကျားဖြူမင်း) စိုးစံအုပ်ချုပ်လေသည်။ သက္ကရာဇ် ၃၆၀-ခုနှစ်၊ ဘီစီ(၁၈၄)တွင် တောင်မြောက်အလျား(၈)တိုင်၊ အရှေ့အနောက်အနံ (၄)တိုင် (ယခုအခေါ် တစ်တိုင်လျှင်နှစ်မိုင်) ကျယ်ဝန်းသောအင်းကြီးကို ရေနတ်နဂါးတို့၏ဘုန်းတန်ခိုး ဖြင့် ဖွဲ့တည်ခဲ့လေသည်ဟူ၏။ထို့ကြောင့် ဘောဂ၀တီ နဂါးပြည်မှ နတ်နဂါးများ လာရောက်ပြီး (အိုးသစ် အိမ်သစ်)အင်းအိုင်ဖွဲ့ တည်ခဲ့ကြသည် ဆိုသော အချက်သည် ရှေးအဆက် ဆက်သော အင်းတော်ကြီး သမိုင်းအရ ခိုင်လုံစွာ ရေးဆိုတင်ပြ မှတ်တမ်းတင် ခဲ့သည်။ ဂေါတမဘုရားရှင် လက်ထက်တွင် သုနာပရန္တတိုင်း ဟူ၍ ခေါ်တွင်သော တိုင်း နိုင်ငံ၏ မြောက်ဘက်နောင်တွင် ဂုရုရာဇ်တိုင်း စိနရဌ(စိမ့်)တိုင်း ဟူ၍ အသီးသီး ခေါ်တွင်ခဲ့လေသည်။ သာသနာ သက္ကရာဇ် ၃၆၀-ခု(ဘီစီ-၁၈၄)တွင် ဂုရုရာဇ်တိုင်း ဥတ္တရဌာနီ စည်းခမ်းမြို့ကြီးကို (ထမံသီ) သျှမ်းလူမျိုး ဥတ္တရစောဖြူမင်း တည်ထောင်ပြီးသည်မှ နှစ်ပေါင်း၉၆နှစ် ပြည့်မြောက် သောနှစ် ပေတည်း။ လေးမျိုးသောနဂါးတို့တွင် ဧရာပတ္တ နဂါးမျိုးဖြစ်သော နဂါးမင်းသားသည် ဥတ္တရစောဖြူမင်း စိုးစံသော ဂုရုရာဇ်တိုင်း ဥတ္တဌာနီ စည်းခမ်းမြို့ကြီးကိုအင်းဖွဲ့ရန် ရွှေတာင်နတ်မင်းကြီး၏အမိန့်ကိုရရှိ သောအခါ ရေနတ်နဂါးမင်းသားက စဉ်းစားတော်မှုသည်မှာ ဤ ထမံသီ လူမျိုးများနေထိုင်ပျော်ပါး သောမြို့ကို ငါအင်းဖွဲ့လိုက်သော် တိုင်းနေပြည်သူလူတို့ သေကြေပျက်စီးကြတော့မည်၊ ထိုသူတို့သေ ကြေလျင် ငါ၌ ပါဏာတိပါတကံ ထိုက်၍အပါယ်ငရဲ၌ ဆင်းရဲကြီးစွာ ခံစားရလိမ့်မည် ဤနေရာကလွဲ လျှင်လဲအခြားနေရာကို ငါသဘောမကျ မနှစ်သက်ခဲ့၊ ဟယ်သို့သောလည်း ဤတိုင်းသူပြည်သား လူအများတို့သည် တရားလည်း မကပ်ကြ၊ ကိုယ်ကျင့်သီလမရှိကြ ငါးပါးသီလကို တစ်ပါးမျှ မတည် အောင် ကိုယ်ကျင့်တရားများ အလွန် ပျက်ပြားကြသည်၊ နေ့စဉ်ညတိုင်း ထိုင်းမှိုင်းတွေ ဝေ၍ ငါးပါးအာရုံ ကာမဂုဏ်ကို စုံစုံမက်မက် နှစ်သက်ပျော်ပါးသူသာ များလေသည်၊ သို့ဖြစ်သည်ကြောင့် အလီလီ တွေးဆ၍ ညသန်းခေါင်ရံအခါ အာကာသ ကောင်းကင်ယံတွင် နတ်မြင်းပျံစီးပြီး ကြီးစွာသော အသံဖြင့် ကြွေးကြော်လေသည်မှာ ဤတိုင်းပြည်၌နေထိုင်ကြကုန်သော အသင်မနုဿလူသားတို့သည် ရှေ့ ခုနှစ်ရက် တိုင်လျင် သင်တို့တိုင်းပြည် ရေပြင်အတိ အင်းကြီးဖြစ်လိမ့်မည်၊ ခုနှစ်ရက်မတိုင်ခင် အကြားခရီးဝေးစွာ ထွက်ခွာသွားကြကုန်လော့ အကယ်၍မသွားဘဲနေကြလျှင် ရေမွန်းနှစ်၍သေကြ ကုန်လတ္တံ့ဟု တစ်တိုင်း ပြည်လုံးကြားလောက်အောင် သုံးကြိမ်သုံးခါတိုင်တိုင် ကြွေးကြော်လေ၏ ဤသို့တစ်ပြည်လုံး ကြားလောက်အောင်ကြွေးကြော်ပါသောလည်း တိုင်းသားပြည်သူများ ဗိုလ်လူတို့၏ မကောင်းမှု ကံစီမံဖန်တီးသဖြင့် အသက်ကြီးသော မုဆိုးမ အဒေါ်အိုတစ်ယောက်အပြင် မည်သူမျှ မကြားမသိကြချေ၊ နံနက် မိုး လင်းသောအခါ အဒေါ်အိုမုဆိုးမက တအိမ်တက်တအိမ်ဆင်းသွား ရောက် ပြောကြားသော်လည်း အယုံ တရားမရှိကြဘဲ အီမုဆိုးမသည် မလှသောမျက်နှာ မသာယာ သော မျက်ခွက်ဖြင့် ငါတို့အား လိမ်လည်လှည့်ဖြား မဟုတ်မမှန်သော စကားကိုပြောကြားလေသည်၊ ငါတို့ဘိုးဘွား မိဘကစ၍ ငါတို့လက်ထက် ကျအောင် ဤတိုင်းပြည်နဂရတွင် ထာဝရကြာရှည်စွာ နေထိုင်ခဲ့ကြသည်၊ ဘယ်အခါဘယ်ကာလမှ မကြားစဘူးထူးဆန်းသော အီစကားကို အဒေါ်အိုမုဆိုးမ ပြောကြားသည် ရူးချင်သလားမသိဟု လူစုပြီးပြန်ပြောဆဲရေး ဆိုလိုက်ကြကုန်သတည်း၊ အဒေါ်အိုက ထိုထိုအိမ်ထက်သို့ တက်၍ တဖန်ဝေးရာသို့ရွေ့ပြောင်း ထွက်ခွါသွားကြရန် သည်း ခံ၍ပြောသော်လည်း မိမိအား အရူးအနှမ်းဖြစ်အောင် မာန်ထောင်ဒေါသ ငေါငေါထ၍ အိမ်ထက်မှ မောင်းနှင်းခြင်းခံရသော ခုနှစ်ရက်မြောက်သောနေ့၌ အဒေါ်အိုသည် ဤမြို့ရွာရှိမိမိဆွေမျိုးညာတိ မြေး၊ မြစ်များကို အပါခေါ်ငင်၍ ဝေးစွာသောမြို့အနောက်ဘက်တို့ထွက်ပြေးကြလေသော် ရေနတ် နဂါးရာဇာက တေဇာကွန့်ဖြိုး နတ်တို့၏ တန်ခိုးအားဖြင့် အမျိုးမျိုးသော မိုးလ်းကြီးလေကြီး မြည်ဟီး ပြင်းချက် လျပ်တထိန်ထိန် အရှိန်ရဲရဲနှင့် ၀င်းနဲလျှပ်ကနဲ မိုးကလည်း သဲသဲမဲမဲရွာချလေသည်။ ထိုအခါ မုဆိုးမသည် ကုန်းမောက်သေလာ ယခုလွဲမွန်ကျေးရွာ၏ ဒက္ခိဏာတောင်ဘက် ယခုအဘယဂီရိခေါ် တောင်ကုန်းပေါ်ထက် သို့တက်ပြေး၍လာရင်း မိမိနောက်ကြော(အရှေ့)ဘက်သို့ မျှော်ကြည့်လိုက်လျှင် ထမန်သီလူမျိုး ဥတ္တရစောဖြူမင်း၏ ဥတ္တရဌာနီစည်းခမ်းမြို့ကြီးသည် ရေပြင်အတိအင်းကြီးဖြစ်၍ ပျောက် ဆုံးနေလေပြီ ကိုတွေ့မြင်ရလေတော့သည်။ ဥတ္တရစောဖြူမင်း၏ ပျောက်ဆုံးနေသော် ရွှေမြို့တော်၏ တည်နေရာသည် ပြည်ထောင်စု မြန်မာနိုင်ငံတော် (ကမ္ဘာ့) မြေပုံအရ အရှေ့လောင်ဂျီတွဒ် (၉၆ံ ၂၃`နှင့် ၉၇ံ)ကြားတွင် လည်းကောင်း၊ မြောက် လတ္တီတွဒ် (၂၅ံ နှင့် ၂၆ံ)ကြားတွင် လည်းကောင်း၊ မြန်မာနိုင်ငံ(အထက်) မြောက်ပိုင်း(ကချင်ပြည်နယ် မိုးညှင်းမြို့ နယ်) တွင် တည်ရှိနေသည်။ အင်းတော်ကြီး အိုင်သည်၊ ယေဘုယျခေါ်ဝေါ်အဆိုပြု ကြသည့်အကျယ်အ၀န်း ပမာဏမှာ အလျား -၁၆မိုင်၊ အနံ-၈မိုင်ရှိသည်ဟုဆိုသည် သို့ရာတွင်မြန်မာ့ စွယ်စုံကျမ်း၌ အကြီးဆုံးသောအင်းသည် အလျား-၁၄မိုင်၊ အနံ-ရမိုင်ရှိသောအင်းသည် မိုးကောင်း ချောင်းဖျားခံရာ၌ရှိပေသည်ဟုဆိုလေသည် အင်းရေပြင်သည် စတုရန်းမိုင်-၁၀၀ခန့်ရှိသည် မိုးညှင်းမြို့ နယ်၏ အမှတ်(၅)ဒေသဟူ၍ လည်းကောင်းအသိမှတ်ပြု ခေါ်တွင်လေသည်။ အင်းတော်ကြီး၏ အင်းဘေးပတ်လည်တွင် ရှေးရာစုနှစ်မှားစွာမှ လူနေအိမ်ခြေမှားတည်ရှိခဲ့သည်။ သိသာထင်ရှားပေသည်။ အင်းတော်ကြီးအိုင် အံ့ဖွယ်ကိုးပါး အင်းတော်ကြီးသည်မြန်မာပြည်တွင် အကြီးဆုံးအင်းဖြစ် ၁- အလျှား - ၈ တိုင်၊ အနံ- ၄ တိုင်း ရှိခြင်းကတပါး။ ၂- အနော် အတ္တအိုင်ကဲ့သို့ အလွန်ရေသန့်ရှင်းခြင်း ကြောင့်တပါး။ ၃- အလွန်ကျယ်ဝန်းသည့် အင်းဖြစ်သော်လည်း အင်းထဲတွင် စိုးဝါသေား မိချောင်း စသည့် ငါးကြီးတို့ကို မစိုးဝါးရ အောင် အင်းတော်ကြီး အရှင်ကထိန်းသိမ်းခြင်းကြောင့်အံ့ဖွယ်တပါး။ ၄- အင်းကြီးထဲတွင် မတော်တဆ လူတို့ကျသေဆုံးရသော်လည်းအနာအဆာမရှိ ငါးကြီးမျာလည်းမစားပဲ ကမ်းစပ်ရှောက်အောင် လှိုင်းပုတ်ခတ်တင်ပေးခြင်း။ ၅- အင်းနားတွင်ရွှေကျင်သော် ရွှေများရရှိခြင်း။ ၆- အမိုက်သရိုက်များကို အင်းထဲတွင် မရှိရအောင် နေ့စဉ်ညတိုင်း ကမ်းသို့အရောက်လှိုင်းပုတ်ခတ်ပေးခြင်း။ ၇- တနှစ် သုံးကြိမ်ကျ သားမက်တော် နမ့်တိမ်းအရှင်က ယောက္ခမထံအရှင်ကြီးထံသို့ ရေပြောင်းပြန် ဆန်တက်ခြင်း။ ၈- စစ်တိုက်ရာပါဝင်ကူညီသော ချောင်းများကို အင်းထဲသို့သန့်ရှင်းစွာ ၀င်ပြုခြင်း။ ၉- နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလမှစ၍ ပြာသိုလအထိ အင်းထဲရှိငါးများကို အင်းတော်ကြီးတောင်ပိုင်း အခြားကွာ(၈)ဘုရားထိ လွဲအိမ်တောင်အရှင်ကြီးက အင်းထဲရှိငါးများကို ဆေးခတ်သဖြင့် ငါးများစွာသေခြင်းဖြင့် အံ့ဖွယ်ကိုးပါးသည်။ (နေလင်းအင်းတော်ကြီး-အင်းတော်ကြီးသမိုင်းမှတ်တိုင်များမှထုတ်နုတ်တင်ပြလိုက်ရပါသည်။) ရွှေမဥူစေတီတော်(ရေလယ်ဘုရား) တည်တော်မှုခြင်း။ သဘာဝ အလျှောက်ဖြစ်တည် ဖန်တီးထားသော သဲသောင်ခုံ သောင်ပြင်ဖြစ်သည်။မြောက်ဖက်သောင်ပြင်ခုံသည် အင်းစပ်မှ ရွှမဥူ စေတီတော်တည်ရှိရာထိ ရှည်လျားစွာတည်ရှိလေသည်။ ကမ္ဘာ့အကြီးဆုံးရေကန်ကတော့ ကက်စ်ပီယန်ပင်လယ်ပဲဖြစ်ပါတယ်။ အီရန်နဲ့ရုရှ ဓနသဟာယ နိုင်ငံနှစ်နိုင်ငံကြားမှာ ရှိပါတယ်။ ပင်လယ်လို့ခေါ်ပေမယ် သူက သမုဒ္ဒရာ နဲ့ဆက်စပ်မနေဘူး။ဒါပေမယ့်ကုန်း တွင်းမှာတည်ရှိနေတဲ့ ဧရာမ ရေကန်ကြီးဖြစ်ပါတယ်။

Sunday, October 14, 2012

PSY - GANGNAM STYLE (강남스타일) M/V

တကမ္ဘာလုံးကဖုန်းအချင်းချင်းပိုက်ဆံမကုန်ဘဲPHONEခေါ်ကြမယ်(FREE)

တကမ္ဘာလုံးက ဖုန်းအချင်းချင်း ပိုက်ဆံမကုန်ဘဲ Phone ခေါ်ကြမယ်. (FREE)
ကျွန်တော်တို့အနေနဲ့
ဖုန်းတွေ အသီးသီး ရှိကြတယ်ဗျာ. ဖုန်းခေါ်ဆိုခတွေ အရမ်းများတယ်။ အဲ့တော့
ပိုက်ဆံမကုန်အောင် ဖုန်းပြောတာတို့၊ မြန်မာလို chat တာတို့၊ message
ပို့တာတို့ မလုပ်ချင်ဘူးလား။ အင်တာနက်ခက တစ်မိနစ်မှ 2 ကျပ်လား 20 လား
ပေးရတာပါ။ တန်ပါတယ်။ အဲ့လိုခေါ်ချင်ရင်တော့ အောက်က အချက်တွေနဲ့
ပြည့်စုံဖို့တော့ လိုအပ်ပါတယ်။ အခု ကျွန်တော် ကွန်ပျူတာကနေ ဟန်းဖုန်းကို
ဖရီးခေါ်ဆိုနိုင်အောင် ကြိုးစားကြည့်နေပါတယ်။
ဖုန်းနံပါတ်ကတော့
လုပ်ယူလို့ရပါတယ်။ ဒါပေမယ့် ခက်တာက android phone(အတု-အစစ်ကဲ့သို့)
တစ်လုံးကို ကွန်ပျူတာပေါ်ကနေ စမ်းသုံးပြီး ဖုန်းခေါ်ဖို့အတွက် ဖုန်းနံပါတ်နဲ့
activate လုပ်ဖို့က ရပြီ။ အဲ့ထဲကို install လုပ်ဖို့အဆင့်တစ်ဆင့်
လိုနေသေးလို့ လုံးဝ ထည့်လို့မရဘူးဖြစ်နေတယ်။ ကဲဒါကထားပါ ကျွန်တော့်ဖက်က
အခက်အခဲပေါ့.
မိမိဖုန်းဟာ iphone (or) android
(or) Black berry (or) window phone အဲ့အမျိုးအစား ၄ မျိုးထဲက
တစ်ခုခုဖြစ်ရပါမယ်။ (အခုအထိတော့ ဒီ ၄ မျိုးပဲ ရှိပါသေးတယ်။ နောက်ထပ်ပြီး
update လုပ်နေပါတယ်။)
မိမိဖုန်းမှာ viber ဆိုတဲ့ free
ခေါ်ဆိုနိုင်တဲ့ software Download လုပ်ဖို့နဲ့ install လုပ်ဖို့ internet
လိုအပ်ပါလိမ့်မယ်။ Download လုပ်ဖို့ခဲယဉ်းနေရင်လည်း ကျွန်တော်
တင်ပေးလိုက်ပါ့မယ်။ မပူပါနဲ့ memory card ထဲကိုသာ အဲ့ viber software
ထည့်ပြီး install လုပ်သွားလိုက်ပါ။ ကျွန်တော့်မှာ samsung Android
အမျိုးအစား ရှိလို့ ကျွန်တော့်ဖုန်းကို ဥပမာထားပြီးတော့ ရေးသားလိုက်ပါ့မယ်။
မိမိကိုယ်တိုင် ဖုန်းမှာ အင်တာနက်ရှိလို့ပဲ
ဖြစ်ဖြစ်၊ wifi ရနေလို့ပဲဖြစ်ဖြစ်ပေါ့၊ အဲ့ဒါမျိုးဆိုခဲ့ရင်
ပိုအဆင်ပြေတာပေါ့။ နိုင်ငံခြားက သူငယ်ချင်းဆီကို ဖုန်းခေါ်ချင်ရင် အင်တာနက်
ကဖေးဆိုင်ကို သွားထိုင်ပြီး တစ်နာရီလောက် ဖုန်းပြောလိုက်ပေါ့။ အဲ့ကပေးတဲ့
wifi နဲ့ ဖုန်းနဲ့ချိတ်ပြီးတော့။ အော်ဒါနဲ့ပြောဖို့ကျန်သွားပါတယ်။
အဲ့လိုခေါ်ဆိုဖို့အတွက် တစ်ဖက်ဖုန်းမှာလည်းပဲ viber software ရှိရပါမယ်။
အဲ့ဒါဆိုရင် သူ့ဖုန်းကို ကိုကခေါ်မယ်ဆိုတာနဲ့ သူကမေးပါလိမ့်မယ်. viber
နဲ့လား Dialer နဲ့လားပေါ့၊ Dialer ကိုရွေးမိရင်တော့ ငါးပါးမှောက်ပါမယ်။
oversea call နဲ့ပေးရပါလိမ့်မယ်။ အဲ့တော့ viber ကိုရွေးပြီး
ကိုခေါ်ချင်တဲ့သူရဲ့ ဖုန်းနံပါတ်ကို ခေါ်လိုက်ပါ။ ဟိုဖက်က ဟန်းဖုန်းမှာ viber
နဲ့သွားမည်ပါလိမ့်မယ်. သူကလည်း ကိုခေါ်တယ်ဆိုတာ တန်းသိပါတယ်။ ဟိုဖက်က
အိုကေနှိပ်တာနဲ့ ပြောပေတော့ပေါ့။
အဲ့တော့
ခုနက ပြောတဲ့ iphone (or) android (or) Black berry (or) window phone
အဲ့အမျိုးအစား ၄ မျိုးမှာ အင်တာနက်ရှိနေခဲ့ရင် http://www.viber.com
ကိုသွားပြီး ကို့ဖုန်းအမျိုးအစားကို ရွေးပြီး Download လုပ်လို့ရသလို၊
Android ဖုန်းဆိုရင်တော့ Play store ကနေ အရင်နှိပ်ပြီး search box ထဲမှာ
viber လို့ရိုက်ထည့်လိုက်တာနဲ့ တန်းပေါ်လာပါလိမ့်မယ်။ ရွေးပြီးတော့သာ
download လုပ်လိုက်ပါ။ download လုပ်ပြီးတာနဲ့ install ကို သူ့ဟာသူ
လုပ်သွားပါလိမ့်မယ်။ activate ဖြစ်ဖို့အတွက် မိမိရဲ့ နိုင်ငံနဲ့
ဖုန်းနံပါတ်ကို ရွေးပေးရပါမယ်။ ရွေးပြီး OK နှိပ်တာနဲ့ ဖုန်းထဲကို message
ရောက်လာပါမယ်။ အဲ့ message ထဲက code ကို viber phone activate
ဖြစ်ဖို့အတွက် တောင်းတဲ့အကွက်ထဲမှာ ရိုက်ထည့်ပေးလိုက်ပါ။ ဒါဆိုရင် viber
ရှိသော မည်သည့် ဖုန်းကိုမဆို ခုခေါ် ခုပြောလို့ရသလို၊ message ပို့ရင်လည်း
ခုပို့ ခုရောက်ပါတယ်။ ကဲပြောမယ့်သူချည်းပဲလို့ ထင်ပါတယ်။
အဲပြောဖို့တစ်ခုကျန်သွားပါတယ်။ play store (or) www.play.google.com ကို
ဝင်ဖို့အတွက် google account လိုအပ်ပါတယ်။ မိမိသုံးနေတဲ့ google account
နဲ့ ၀င်လည်း ရပါတယ်။ ၀င်လို့ရမှသာ application တွေကို ဖရီး Download
လုပ်ခွင့်ရကြမှာပါ။ apple က ထုတ်တဲ့ iphone နဲ့ ipad ကိုတော့ google ကနေ
မထင်မှတ်ဘဲနဲ့ ခဏတာအတွင်း အသုံးပြုသူအရေအတွက်နဲ့ service ကောင်းကောင်းနဲ့
လုပ်ပြလိုက်ပြီဆိုတော့ apple အနေနဲ့တော့ နည်းနည်းမျက်ခုံးလှုပ်သွားမှာ
အမှန်ပါ။ ဘာလို့လဲဆိုတော့ iphone, ipad တွေကို ပြန်သုံးရဖို့အတွက်
jailbreak လုပ်ရလို့ပါပဲ။ android phone မှာ အဲ့ဒါတွေမလိုပါဘူး။
ကြိုက်သလိုသွား၊ ကြိုက်တာ install လုပ်လို့ရပါတယ်။ ကဲအဆင်ပြေမယ်လို့
မျှော်လင့်ပါတယ်။ android သမားများအတွက် မရှာချင်ရင်တော့ အောက်မှာ
တင်ပေးလိုက်ပါပြီ။ မြန်မာနိုင်ငံက အင်တာနက်ရှိတဲ့ဖုန်း၊
အင်တာနက်လိုင်းရတဲ့နေရာကနေ ဖုန်းကတဆင့် ကျွန်တော့်ဖုန်းကို
လှမ်းဆက်လို့ရပါတယ်။ +66862735597 ပါ။ ရတယ်ဆိုရင် စမ်းခေါ်လိုက်ပါ။ phone
number ထည့်လိုက်တာနဲ့ ကို့သူငယ်ချင်းတွေထဲမှာ viber ထည့်ထားတယ်ဆိုရင်
viber ပုံလေး ဖုန်းနံပါတ်နဘေးမှာ ပေါ်နေပါတယ်။ ဘယ်သူထည့်ထားလဲ
ကြည့်လို့ရပါတယ်။ မေးစရာမလိုပါဘူး။
Download Viber.apk
(မှတ်ချက်)ကွန်ပိုတာနည်းပညာမှာကူးယူဖော်ပြခြင်းဖြစ်ပါတယ်မသိသေတယ်သူငယ်ချင်းတွေအတွက်ပါ