Pages

Beautiul_Myanmar

Tuesday, October 15, 2013

ရန်ကုန်မြို့ ထရိတ်ဒါးစ် ဟိုတယ်မှာ ဗုံးပေါက်ကွဲ အမေရိကန်တဦး ဒဏ်ရာရ

ရန်ကုန်မြို့ Traders Hotel (921) အခန်းမှာ ယမန်နေ့ ည ၁၁ နာရီ ၂၀ ခန့်က ဗုံးတစ်လုံးပေါက်ကွဲရာ အမေရိကန်နိုင်ငံသူတစ်ဦး ဒဏ်ရာရသွားတဲ့အတွက် ရန်ကုန်ဆေးရုံကြီးတွင်အရေးပေါ်တင်ထားရတယ်လို့ သိရပါတယ်။ 


Traders' Hotel ပေါက်ကွဲအပြီး လှုပ်ရှားမှု မှတ်တမ်း၊ ဓာတ်ပုံ- ဂျေပိုင်း/ စတိဗ်- ဧရာဝတီ

ပေါက်ကွဲမှုဖြစ်ပြီးပြီးချင်း စစ်တပ်နဲ့ ရဲလုံခြုံရေးအဖွဲ့တွေက ကုန်သည်ကြီးများ ဟိုတယ်ကို ရောက်လာပြီး ဗုံးရှင်းလင်းရေးနဲ့ သဲလွန်စ ရှာဖွေရေးတွေ လုပ်ကြပါတယ်။ 

အခုလို ပေါက်ကွဲမှုကြောင့် ပျက်စီးသွားမှုတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို ဧရာဝတီ ဓာတ်ပုံ သတင်းထောက်တွေဖြစ်တဲ့ ဂျေပိုင်နဲ့ စတိဗ်တို့က မှတ်တမ်းတင်ထားပါတယ်။ 

မနေ့က နေ့ခင်းပိုင်းကလည်း အလုံမြို့ သခင်မြ ပန်းခြံတွင်းက Western Park 2 စားသောက်ဆိုင်မှာ မပေါက်ကွဲသေးတဲ့ ချိန်ကိုက်ဗုံး တလုံး တွေ့လို့ လုံခြုံရေးတပ်ဖွဲ့တွေ အချိန်မီ ဖယ်ရှားနိုင်ခဲ့ပါတယ်။ 

အလားတူ မန္တလေးမြို့ ကျုံးအနောက်ဖက် ၁၆ လမ်းနှင့် လမ်း ၈၀ ထောင့်ရှိ ရွှေဘဲ စားသောက်ဆိုင် အနီး လမ်းဘေး အုတ်ခုံတွင် ချိန်ကိုက်ဗုံး တလုံးတွေ့ရှိခဲ့ပြီး စနက်တံဖြုတ်ရန် ခက်ခဲတာကြောင့် နေ့လည် ၃ နာရီ မှာ ဗုံးကို စနစ်တကျ ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ 

အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း အင်းစိန် စော်ဘွားကြီးကုန်း ကားမှတ်တိုင်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးတလုံးလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 

ဒီအပြင် အဲဒီနေ့ ညနေပိုင်းမှာ သာကေတ အခွန်လွတ်ဈေးနား လမ်းဘေး ရပ်ထားတဲ့ ယာဉ်နောက်တွဲ
အောက် က အထုပ်တထုပ်ကို ကလေး ၂ ယောက်က ဖြေကြည့်ရာက ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာ အနည်းငယ်စီ ရသွားကြပါတယ်။ 

အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း တောင်ငူမြို့ ချမ်းမြေ့ တည်းခိုရိပ်သာ အခန်းတွင်းမှာ ဗုံးပေါက် ကွဲလို့ ၂ ဦး သေ၊ တဦး ဒဏ်ရာ ရခဲ့ပါသေးတယ်။ 

ဒီမတိုင်မီ ၉ ရက်နေ့ကလည်း ဖြူး မြို့နယ်မှာ ညောင်လေးပင် က မောင်းလာတဲ့ ကားပေါ်က မသင်္ကာဖွယ် အထုပ်တွေ့လို့ သက်ဆိုင်ရာက ဖောက်ခွဲ ဖျက်ဆီးပစ်လိုက်ရပါသေးတယ်။ 

အခု ပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး လုံခြုံရေးတင်းကြပ်မှုတွေ ရှိနေသလို လက်သည်ကို စုံစမ်းနေဆဲဖြစ် တယ်လို့ လုံခြုံရေးတာဝန်ခံတွေက ပြောဆိုထားပါတယ်။ ဒါပေမယ့်အခုထိတော့ ဘယ်သူ့ လက်ချက်ဆို တာ မပြောနိုင်ကြသေးပါဘူး။ ဘယ်သူကမှလည်း သူတို့ လုပ်တာလို့ ထုတ်ဖော်ပြောဆိုတာမျိုး မလုပ်ကြ
သေး ပါဘူး။ 

မနေ့ညက ကုန်သည်ကြီးများ ဟိုတယ်ဗုံးပေါက်ကွဲမှု အပြီး မြင်ကွင်းများကို ပြန်လည် ဖော်ပြပေး လိုက်ပါတယ်။ 

















အိမ့်သံစဉ် ~ 

http://blog.irrawaddy.org/2013/10/blog-post_7297.html 

Tuesday, June 25, 2013



ဝန်ကြီးဌာနမျာ
စဉ်
ဝန်ကြီးဌာနအမည်
ဝန်ကြီး
ဝက်ဘ်ဆိုက်
၁။
ပြည်ထဲရေးဝန်ကြီးဌာန
ဒုတိယဗိုလ်ချုပ်ကြီးကိုကို

၂။
ကာကွယ်ရေးဝန်ကြီးဌာန
ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်

၃။
နယ်စပ်ရေးရာဝန်ကြီးဌာန
ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း

၎။
နိုင်ငံခြားရေးဝန်ကြီးဌာန
ဦးဝဏ္ဏမောင်လွင်
၅။
ပြန်ကြားရေးဝန်ကြီးဌာန
ဦးအောင်ကြည်
၆။
သမ္မတရုံးဝန်ကြီးဌာန(၁)
ဦးသိန်းညွန့်

၇။
သမ္မတရုံးဝန်ကြီးဌာန(၂)
ဦးစိုးမောင်

၈။
သမ္မတရုံးဝန်ကြီးဌာန(၃)
ဦးစိုးသိန်း

၉။
သမ္မတရုံးဝန်ကြီးဌာန(၄)
ဦးအောင်မင်း

၁၀။
သမ္မတရုံးဝန်ကြီးဌာန(၅)
ဦးတင်နိုင်သိန်း

၁၁။
သမ္မတရုံးဝန်ကြီးဌာန(၆)
ဦးလှထွန်း

၁၂။
သာသနာရေးဝန်ကြီးဌာန
ဦးဆန်းဆင့်
၁၃။
သမဝါယမဝန်ကြီးဌာန
ဦးကျော်ဆန်း
၁၄။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဦးမြင့်လှိုင်
၁၅။
မွေးမြူရေးနှင့်ရေလုပ်ငန်း ဝန်ကြီးဌာန
ဦးအုန်းမြင့်
၁၆။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန
ဦးမြတ်ဟိန်း
၁၇။
ပို့ဆောင်ရေးဝန်ကြီးဌာန
ဦးဉာဏ်ထွန်းအောင်
၁၈။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန
ဦးဝင်းထွန်း
၁၉။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
ဦးခင်မောင်စိုး

၂၀။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ဦးခင်ရီ
၂၁။
စွမ်းအင်ဝန်ကြီးဌာန
ဦးသန်းဌေး
၂၂။
စက်မှုဝန်ကြီးဌာန
ဦးအေးမြင့်
၂၃။
စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန
ဦးဝင်းမြင့်
၂၄။
အားကစားဝန်ကြီးဌာန
ဦးတင့်ဆန်း
၂၅။
ပညာရေးဝန်ကြီးဌာန
ဒေါက်တာမြအေး

၂၆။
ကျန်းမာရေးဝန်ကြီးဌာန
ဒေါက်တာဖေသက်ခင်
၂၇။
သတ္တုတွင်းဝန်ကြီးဌာန
ဒေါက်တာမြင့်အောင်
၂၈။
ယဉ်ကျေးမှုဝန်ကြီးဌာန
ဦးအေးမြင့်ကြူ
၂၉။
ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန
ဦးဝင်းရှိန်
၃၀။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု  ဝန်ကြီးဌာန
ဒေါက်တာကံဇော်
၃၁။
ဆောက်လုပ်ရေးဝန်ကြီးဌာန
ဦးကျော်လွင်
၃၂။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန
ဦးမောင်မြင့်
၃၃။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန
ဦးဇေယျာအောင်
၃၄။
လူမှုဝန်ထမ်းကယ်ဆယ်ရေး  နှင့်ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန
ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်
၃၅။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
ဒေါက်တာကိုကိုဦး
၃၆။
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန
ဦးဌေးအောင်