Pages

Beautiul_Myanmar

Friday, September 23, 2011

ရဟန်းတော်များဘာကြောင့်ခေါင်းရိတ်ကြရတာလဲ(သို့)ဆံပင်၌ အပြစ်(၁၆)ပါး

ရဟန်းတော်တွေ ကိုရင်လေးတွေ သီလရှင်လေးတွေ ဘာကြောင့်ခေါင်းရိတ်ကြရတာလဲဆိုတဲ့ အကြောင်းလေးကိုသိစေချင်ပါတယ်။အဲဒီအကြောင်းကို အရှင်နာဂသိန်ထေရ်လောင်းလျာ သူငယ်လေးက မေးလို့ အရှင်ရောဟန ထေရ်က ဖြေကြားထားတဲ့ ဆံပင်မှာ ဗလိဗောဓ ကြောင့်ကြဖွယ်အပြစ် ၁၆ ပါးရှိတယ်လို့ဆိုပါတယ်။အဲဒီ ၁၆ပါးသောအပြစ်ကြောင့်ရဟန်းတော်များ၊ကိုရင်များ၊သီလရှင်များခေါင်းရိတ်ကြရတာဖြစ်ပါတယ်။
အဲဒီအပြစ်တစ့်ဆယ်ခြောက်ပါးက ဘာတွေလဲလို့ဆိုတော့

(၁)ဆံပင်ကို တန်ဆာဆင်ရခြင်း။

(၂)။ ပြေပြစ်ချောမွေ့အောင် ပြုပြင်ရခြင်း(ယခုခေတ်အလို ဆံပင်ဖြောင့်ခြင်း ကောက်ခြင်း)။

(၃)။ဆီလိမ်းရခြင်း။

(၄)။ခေါင်းလျှော်ရခြင်း။

(၅)။ပန်းပန်ရခြင်း။

(၆)။ခေါင်းလိမ်းဆီမွှေးသုတ်လိမ်းရခြင်း။

(၇)။ခေါင်းလျှော်ရန် ကင်ပွန်းသီး ဆီ စသည်တို့ဖြင့် (ထုံရ)နှဲရခြင်း။

(၈)။သဖန်းခါးသီးရှာရခြင်း။

(၉)။သျှစ်သျှားသီးရှာရခြင်း။

(၁၀)။ဆံပင်နက်အောင် ဆေးဆိုးရခြင်း။

(၁၁)။ဦးသျှောင်ထုံးရခြင်း။

(၁၂)။ဘီးဖြင့် ဖြီးရခြင်း။

(၁၃)။ပြုရ၊ပြင်ရခြင်း။

(၁၄)။ထုံးပြီး ဦးသျှောင်ကို အခါအားလျှော်စွာပြန်ပြင်ရခြင်း။

(၁၅)။သန်းရှာခြင်း၊

(၁၆)ဆံပင်ကျွတ်ခဲ့သော် ပြတ်ခဲ့သော် စိုးရိမ်ရခြင်း။

ပင်ပန်းရခြင်း၊ငိုကြွေးမြည်တမ်းရခြင်း၊ရင်ဘတ်စည်တီးရခြင်း ညည်းတွားရခြင်း လွန်စွာတွေဝေရခြင်းတို့ဖြစ်ပါတယ်။

ရဟန်းတော်များ ကိုရင်များ သီလရှင်များ ဆံပင်များရှိနေပါက ကြည်ညိုဖွယ်မဖြစ်သလို ထိုဆံပင်ကြောင့် အချိန်ပိုကာ အချိန်များစွာပေးရကာ ပရိယတ္တိအလုပ်များကိုကောင်းစွာမလုပ်နိုင်သလို ပဋိပတ်ဆိုတဲ့ ဝိပဿနာအလုပ်များကိုလည်း အားလျော့စေပါတယ်။ထိုကြောင့်

ဒီအပြစ်တွေကြောင့် သာသနာကိုဝင်ရင် ခေါင်းရိတ်ကြရတာဖြစ်တယ်ဆိုတဲ့အကြောင်းအားလုံးကိုသိစေအပ်ပါသည်။

ကိုးကား။ ။မင်းဘူးအရှင်ကဉ္စန(ဘာသာရေးပြဿနာအဖြေ)စာအုပ်

အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)
http://www.wiradhamma.blogspot.com
မှာလည်းဖတ်လို့ရပါတယ်။လာရောက်ပါလို့ဖိတ်ခေါ်ပါတယ်။


http://buddhismworld.ning.com/profiles/blog/show?id=6371237%3ABlogPost%3A125880&xgs=1&xg_source=msg_share_post

No comments: