Pages

Beautiul_Myanmar

Friday, September 16, 2011

နိုင်ငံခြားသားများ မိုဘိုင်းဖုန်းငှားရမ်းခြင်းအား အခြားလုပ်ငန်းများနှင့်ပူးပေါင်း၍ လုပ်ငန်းတိုးချဲ့မည်

နိုင်ငံခြားသားများအား မိုဘိုင်းဖုန်းငှားရမ်းခြင်းကို ပြည်ပဧည့်များ ပါဝင်လုပ်ကိုင်လျှက်ရှိသော အခြားလုပ်ငန်းများနှင့်ပူးပေါင်းကာ လုပ်ငန်းတိုးချဲ့ရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း Blue Ocean ကုမ္ပဏီမှ ဦးမြတ်မင်းကပြောသည်။ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ လေကြောင်းလိုင်းလုပ်ငန်း စသည်တို့နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “နိုင်ငံခြားသားတွေ သွားလာမှုများတဲ့နေရာတွေမှာ မိုဘိုင်းဖုန်းငှားရမ်းနိုင်တဲ့အကြောင်းပြောပြတာမျိုး ဆောင်ရွက်နေပါတယ်။ လုပ်ငန်းတိုးချဲ့ရေး အဓိကထားဆောင်ရွက်တာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။ ၎င်းဆောင်ရွက်ချက်ကို ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်နှင့် Blue Ocean ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖုန်းအငှားကောင်တာ ဖွင့်လှစ်ထား ကာ ဒုတိယအဆင့်အနေဖြင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ပုဂံညောင်ဦးလေဆိပ်တွင် မကြာမီတိုးချဲ့မည်ဖြစ်သည်။ “လုပ်ငန်းတိုးချဲ့ဖို့အတွက် Tour, Hotel အစရှိတဲ့ လုပ်ငန်းတွေကို ပြောပြတာမျိုး ရှေ့လထဲမှာဆောင်ရွက်သွားမယ်။ အဲဒီလုပ်ငန်းတွေနဲ့ပူးပေါင်းမှ ဒီလုပ်ငန်းက ကျယ်ပြန့်မှာဖြစ်တယ်။ လက်ရှိလုပ်ငန်းသက်တမ်း တစ်လအတွင်းမှာတော့ ငှား ရမ်းမှုမြင့်တက်လာပါတယ်” ဟု၎င်းကပြောသည်။ ၎င်းဝန်ဆောင်မှုမှာ အကျိုးအမြတ်အတွက်မဟုတ်ဘဲ နိုင်ငံတကာလေဆိပ်တစ်ခု၏ အင်္ဂါရပ်နှင့်အညီ ပြည်တွင်းခရီးသွားလုပ်ငန်းအတွက် အထောက်အပံ့တစ်ရပ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဦးမြတ်မင်းကပြောသည်။ ၎င်းလုပ်ငန်းမှာ ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားစသည့် နိုင်ငံများတွင်လည်း တွင်ကျယ်လျှက်ရှိသော လုပ်ငန်းဖြစ်ကြောင်း သိရသည်။
ရေးသားသူ - ထွန်းထွန်း
http://www.myanmarinternetjournal.com/local-news/2813-2011-09-01-07-34-34

No comments: