ဒီနည်းလေးကို NetGuide ဂျာနယ်ကတွေ့လိုက်လို့ ၀ယ်ဖတ်စရာမလိုဘဲသိရအောင် တင်ပေး လိုက်ပါတယ်။
အွန်လိုင်းမှာ သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး ချက်တင်ဝင်ချင်လို့ပဲ ဖြစ်ဖြစ်၊အဖွဲ့အစည်းရုံးလုပ်ငန်း တွေအတွက် Group လေးလုပ်ပြီးဆွေးနွေး ပွဲလေးတစ်ခု ဖန်တီးချင်တဲ့သူတွေအတွက် group chat လုပ်ပုံလုပ်နည်းလေးဖြစ်ပါတယ်။
ပထမဆုံးဒီLink လေးကိုသွားလိုက်ပါ http://partychapp.appspot.com/ ပြီးတာနဲ့အောက် မှာ How do I create aroom? ဆိုတာလေးတွေ့လိမ့်မယ်ဗျာ။ အဲဒီအောက်က Sign in မှာ ကိုယ့် gmail နဲ့ sign in ၀င်လိုက်ပါ။ပြီးရင် allow လုပ်လိုက်ပါ။ပြီးတာနဲ့ အောက်ကပုံမှာပါတဲ့အတိုင်းHow do I create a room? အောက်က Create a new room လေးကို ထပ်ကလစ်လိုက်ပါ။အဲဒီက Room name မှာကိုယ်ထည့်ချင်တဲ့ နာမည်လေးရိုက်လိုက်ပါ။ ပြီးရင် Room type မှာ ရွေးဖို့က နှစ်ခုပေးထား တယ်။ Invite Only ကိုရွေးပေးထားရင်တော့ Chat room ဖွင့်ထားတဲ့ Admin က အပ်ထားတဲ့လူတွေ ပဲဒီ Chat room ထဲမှာ ချက်လို့ရမယ်။ အပြင်ကနေ လာအပ်ပြီးတော့ ၀င်ရောက်ပြောဆိုခွင့်ရှိမှာ မဟုတ်ပါဘူး။ Open ကိုရွေးထားရင်တော့ ဘယ်သူမဆို လာအပ်လို့ရနိုင်ပါတယ်။
ပြီးတာနဲ့ Other to invite ထဲမှာ gmail တစ်ခုကို ထည့်ပြီး invite လုပ်လိုက်ပါ။ ပြီးတာနဲ့ Create ကို နှိပ်လိုက်ပါ။ ဒါဆိုရင် ကိုယ်ပိုင် Chat room လေးတစ်ခု ရသွားပြီးပေါ့ဗျာ။ ပြီးတာနဲ့ the room’s page ဆိုတဲ့စာတမ်းလေးကို ကလစ်လိုက်ရင်ကိုယ့်ရဲ့ Chat room page ဆီရောက်သွားလိမ့် မယ်။ ရောက်သွားပြီဆိုရင် invite လုပ်ချင်တဲ့ သူငယ်ချင်းတွေကို Other to invite ဆိုတဲ့အကွက်ဘေး ထဲမှာ mail ကို ထည့်ပြီး Create ကိုနှိပ်လိုက်တာနဲ့ အိုကေပြီ။ ကိုယ် invite လုပ်ထားတဲ့လူက လက်ခံ ရင်တော့စပြီး Chat လို့ ရပြီပေါ့ဗျာ။ ဒီလောက်ဆိုရင် သူငယ်ချင်းတွေလည်းဘယ်လိုလုပ်တယ်ဆိုတာ သိလောက်ပါပြီ။Chat room ထဲမှာနာမည်ရေးချင်တယ်ဆိုရင်တော့/*name* ဆိုပြီး ကျွန်တော် name လို့ရေးထားတဲ့နေရာမှာ ကိုယ်ကြိုက်တဲ့နာမည်လေးရေးပေးလိုက်ပါ။ Chat room ထဲမှာ online မှာ ဘယ်သူတွေရှိလဲသိချင်ရင် /list ပြီးရင် enter နှိပ်လိုက်တာနဲ့ Chat room ထဲမှာရှိတဲ့ gmail တွေ ပေါ်လာလိမ့်မယ်။ အဲဒီမှာgmail ရဲ့ဘေးမှာ(online) လို့ရေးထားတဲ့လူတွေက လက်ရှိရှိနေတဲ့လူတွေ ပါ။ Chatroom ထဲကနေ ထွက်ခွာချင်တယ်ဆိုရင်တော့ /leave လို့ရိုက်ပြီး enter ပေါ့ဗျာ။ပြန်ဝင်ချင် တယ်ဆိုရင်တော့ တစ်ခုခုရေးပြီး enter နှိပ်လိုက်တာနဲ့ ပြန်ဝင်ပြီးသားဖြစ်နေပါလိမ့်မယ်။
မှတ်ချက် ။ ။ party chat room အသုံးပြုသူများအနေနဲ့ gtalk autoreply များအသုံးပြုလို့ ရမှာ မဟုတ်ပါ။
G-talk မှာ Group ဖွဲ့ပြီးအဆင်ပြေ သာယာနိုင်ကြပါစေ။
http://wytumyanmar.com/profiles/blogs/gtalk-group-chat
No comments:
Post a Comment