Pages

Beautiul_Myanmar

Tuesday, May 29, 2012

Stealing password with Ettercap and How to prevent

credit- IT men
တစ်နေ့က youtube မှာ မွှေရင်းနဲ့ video တစ်ခု တွေ့လိုက်ပါတယ်။ ကြည့်ပြီးတော့ စမ်းသပ်လိုက်တာ လူတောင် မျက်လုံးပြူးသွားပါတယ်။ Ettercap ကို သူက သုံးပြသွားတာပါ။ Ettercap ဆိုတာက တကယ်တော့ Hacking Software လည်း မဟုတ်ပါဘူး။ Local Network
Security Measurement Software တစ်ခုပါ။ ဒါပေမဲ့ သူက တခြားစက်က လူတစ်ယောက်က Website
တစ်ခုကိုဖွင့်ပြီး Username နဲ့ Password ရိုက်တဲ့အခါ ကိုယ်က သွားမကြည့်ဘဲ
သိနိုင်တယ်ဆိုရင် စာဖတ်သူ စိတ်များဝင်စားမလား မသိဘူး။
ဒီလိုပါ။
ဥပမာ အင်တာနက်ဆိုင်ဆိုပါစို့။ မောင်မောင်နဲ့ ကျော်ကျော် အင်တာနက်သုံးနေကြမယ်။ အဲဒီအချိန်မှာ မောင်မောင်က သူ့ ကွန်ပျူတာ မှာ Ettercap Software တင်လိုက်မယ်။ ပြီးရင် စောင့်ကြည့်နေလိုက်ရုံပဲ။ ကျော်ကျော်က Website တွေကို ဖွင့်ပြီး Login
ဝင်လိုက်တဲ့ အချိန်မှာပဲ ချက်ချင်းဆိုသလို မောင်မောင်ဖွင့်ထားတဲ့ Ettercap Software
မှာ ကျော်ကျော်သုံး သွားတဲ့ Username နဲ့ Password ပေါ်လာပါလိမ့်မယ်။ ကဲ
ကျော်ကျော်တော့ သွားပြီ။
ဒီနည်းပညာကို Sniffing လို့ခေါ်ပါတယ်။ မြန်မာလိုဆိုရင် အနံ့ခံခြင်းပေါ့။ Sniffing ဘယ်လို အလုပ်လုပ်သွားတယ်ဆိုတာ ဒီပုံလေး ကြည့်ရင်
ရှင်းမယ်ထင်ပါတယ်။

အနီရောင်နဲ့လူကတော့ မသမာသူ မောင်မောင်ပါ။ မောင်မောင်သုံးနေတဲ့ Ettercap Software က ကျော်ကျော်အပြင် Network တစ်ခုလုံးမှာရှိနေတဲ့ ကွန်ပျူတာတွေမှာတပ်ထားတဲ့ Network ကြိုးတွေထဲမှာ စီးဆင်းသွားလာနေတဲ့ အချက်အလက်တွေကို အမြဲတမ်းစောင့်ကြည့်နေပါတယ်။
အဲဒီထဲကမှ username နဲ့ password ဆိုရင် သူက ကောက်ယူ လိုက်တာပါ။ တခြား Password
တွေကိုတော့ မယူနိုင်ပါ။ ဒါပေမဲ့ Website ပေါ်မှာ ရိုက်ထည့်သမျှ Password (Gmail,
Facebook, Twitter) တွေ အကုန်လုံးကို
ရယူနိုင်စွမ်းရှိပါတယ်။

ဘယ်လိုကာကွယ်မလဲ
လက်တွေ့စမ်းသပ်ကြည့်ရသလောက် HTTP Secure Protocol သုံးတဲ့ Website တွေကလွဲလို့ တခြား Website တွေမှာ သုံးမိတဲ့
username နဲ့ password မှန်သမျှကို Ettercap က အသာလေး ရယူနိုင်ပါတယ်။ HTTP Secure
Protocol သုံးတဲ့ site တွေကတော့ website လိပ်စာမှာ https:// ဆိုပြီး ပါတာတွေပေါ့။
Gmail သုံးရင်, Facebook သုံးရင် သတိထားမိကြမှာပါ။ အဲဒီလို https site
တွေမှာသုံးတဲ့ username နဲ့ password တွေကိုတော့ ettercap က မယူနိုင်ပါဘူး။
ကျွန်တော်တို့တောင် Myanmar IT Men Website ကို https
ပြောင်းလိုက်ပါပြီ။
ဒါပေမဲ့ Ettercap Software မှာ အဲဒီ https မှာသုံးတဲ့ password တွေကိုပါ ခိုးနိုင်တဲ့ Function ပါပါတယ်။ Certificate အတု ထည့်ပြီး
ခိုးတာပါ။ ဒါပေမဲ့ အဲဒါက သိသာပါတယ်။ စာဖတ်သူအနေနဲ့ Gmail, Facebook စသည်တို့ကို Log
in ၀င်လိုက်တဲ့ အခါ Box တစ်ခု ကျလာပါလိမ့်မယ်။ (အောက်ပါပုံကို ကြည့်ပါ)

အဲဒီ box မှာ ရေးထားမဲ့အကြောင်းအရာတွေကတော့ Certificate က Untrust ဖြစ်နေတယ်။ မင်း လက်ခံမှာလား ဘာလားဆိုပြီး မေးနေတာပါ။ ဒါဆိုရင် သေချာပြီပေါ့။ ကိုယ့် Network ထဲမှာ Ettercap ကြီး ရှိနေပြီ။ ဘာမှ ဆက်မလုပ်ပါနဲ့တော့။ ကွန်ပျူတာကို သာ ပိတ်လိုက်ပါ။

http://futurestars-mm.com/profiles/blog/show?id=6405389%3ABlogPost%3A398081&xgs=1&xg_source=msg_share_post

MyanMar New LoVe Song 2012

Monday, May 14, 2012

HTML မိတ်ဆက် ၀ါသနာရှင်များအတွက် သိကောင်းစရာ..

ဝက်စ် ပေ့ တစ်ခု ပြုလုပ်မယ်ဆို အခြေခံကျတဲ့.. HTML လင့်အကြောင်းလေးတွေကို
အခြေခံလောက် တည်ဆောက်နိုင်ရင် အကောင်းဆုံး ထင်ပါတယ်... မသိသော သူငယ်ချင်းများအတွက်. .
တင်ပြလိုက်ပါသည်..။
လေးစားစွာ ဒီနေရာမှာ သွားရောက်ဖတ်ရှု့ပါ.. .ဒီနေရာကို နှိပ်ပါ..

http://www.futurestars-mm.com/profiles/blog/show?id=6405389%3ABlogPost%3A374605&xgs=1&xg_source=msg_share_post 

ကမ္ဘာ့အသန်မာဆုံးမိန်းကလေးငယ်

ကမ္ဘာ့အသန်မာဆုံးမိန်းကလေးငယ်



သူမကို မိန်းကလေးဟာကြူလီလို့ သူငယ်ချင်းတွေက ခေါ်ကြတယ် ။ ဒီကလေးနာမည်က Varya Akulova ဖြစ်ပါ တယ် ။ သူမ ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ်ရှိကတည်းက ၃၅၀ ကီလိုဂရမ်ကို သာသာလေးမ နိုင်ခဲ့တယ် ။ ကမ္ဘာ့အ သန်မာဆုံးမိန်းကလေးငယ်ပါပဲ ။ ဒီအချက်ကို ဂင်းနစ်မှတ်တမ်းကလည်း နှစ်ကြိမ်တိုင်တိုင် သက်သေ ပြုခဲ့ပြီး ပါပြီ ။



Varya ရဲ့ ကြွက်သားတွေက မြင်သာတယ်ဆိုယုံလေးပါ အရမ်းကြီးသန်မာထွားကြိုင်နေတာတော့မဟုတ်ခဲ့ဘူး ။ ဒါပေမယ့် သူ့ရဲ့ အလေးချိန်တွေကို ` မ ´ နိုင်တဲ့ စွမ်းအင်ကတော့ အံ့သြလောက်စရာပါပဲ ။ သူ့မှာ တောင့် တင်းတဲ့ ခန္ဓာနဲ့ ကြိုးတွေလို အရွတ်တွေလည်းပိုင်ဆိုင်ထားတယ် ။



Varya ကပြောတာကတော့ ` ကျွန်မ ကြီးထွားချင်ပါတယ်တကယ့်ကို ကြီးထွားချင်ပါတယ် ၁၉၀ စင်တီ မီတာလောက်အရပ်မြင့်ပြီး ကိုယ်အလေးချိန် ၁၀၀ ကီလို ဂရမ်ထက်ပိုလေးချင်ပါတယ် ဖေဖေ့လိုပေါ့ ´ တဲ့ ။ တ ကယ်တော့ Verya ဟာ သူမအတန်းမှာလည်း အတော်ဆုံးကျောင်းသူလေးတစ်ယောက်ဖြစ်ပါတယ် ။ အခုဆို သူမ ၇ တန်းကိုတက်ရောက်နေပြီဖြစ်ပါတယ် ။




















Read more: http://www.mm-flashsongs.com/profiles/blog/show?id=5202681%3ABlogPost%3A1190245&xgs=1&xg_source=msg_share_post#ixzz1updKnvfr

ကမ္ဘာပေါ်တွင် ပထမဆုံးသော ခြေထောက်ဖြင့်နင်း၍ မောင်းနင်နိုင်သော ရေငုပ်သင်္ဘော .......!

ကာဗွန်ဖိုက်ဘာ ကိုယ်ထည်ကို အသုံးပြုကာ ရေထုတွင် လွယ်ကူစွာ ထိုးဖောက် ခုတ်မောင်းသွားလာ လှုပ်ရှားနိုင်ရန် ပြေပြစ် သွက်လက် သည့် ပုံသ္ဌာန် ပြုလုပ်ထားသည့် Scubster အမည်ရှိ ခြေနင်း ပြီးမောင်းနှင်ရသော တစ်ယောက်စီး ရေငုပ်သင်္ဘောကို ပြင်သစ် ဒီဇိုင်နာ Minh-Lôc Truong နှင့် Stephane Rousson တို့က တက္ကသိုလ် အင်ဂျင်နီယာ အဖွဲ့၏ အကူအညီဖြင့် တည်ဆောက်ခဲ့သည်။
၂၀၁၀ ဇူလိုင်လ ၂၈ ရက်နေ့က အဆိုပါ ခြေနင်း ရေငုပ်သင်္ဘော Scubster ကို ဒီဇိုင်နာ Stephane Rousson က စီးနင်း လိုက်ပါလျက် ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း ရေပြင်အောက်တွင် အောင်မြင်စွာ စမ်းသပ်မောင်နှင် နိုင်ခဲ့ပြီဖြစ်သည်။ကိုယ်ထည် အဝါရောင် နှင့် တော်ပီဒို တစ်လုံးနှင့် ခပ်ဆင်ဆင်တူသော ထိုခြေနင်း ရေငုပ်သင်္ဘော Scubster ကို အမြန်နှုန်း တစ်နာရီလျင် ၁၀ ကီလိုမီတာ (တစ်နာရီ ၆.၂ မိုင်) အထိသွားနိုင်ပြီး ရေအနက် ၅ မီတာ (၁၆ ပေ) အထိငုပ်နိုင်ရန် ပုံစံထုတ်ထားသည်။
Scubster ကို လွန်ခဲ့သည့် ၂၀၁၁ ဇွန်လတွင် မေရီလန်းရှိ Naval Surface Warfare Center-Carderock Division တွင် ကျင်းပသည့် နိုင်ငံတကာ ရေငုပ်သင်္ဘော ပြိုင်ပွဲ (International Submarine Race) တွင် ပြသခဲ့ကြာင်း သိရသည်။

http://www.futurestars-mm.com/profiles/blog/show?id=6405389%3ABlogPost%3A374828&xgs=1&xg_source=msg_share_post