![]() | |||||||||||||||||||
Hi!
Check out some of Winkal's best pics!
| |||||||||||||||||||
Don't want to receive these emails from Winkal? Unsubscribe ![]() |
Thursday, June 13, 2013
Tin shared some photos with you!
Wednesday, June 12, 2013
Youtube ကသီချင်းတွေကို Auto play အဖြစ်ပြောင်းပြီးသူငယ်ချင်းတွေကိုလက်ဆောင်ပေးရအောင်
youtube ကသီချင်းတွေကို Embed ကုဒ်လေးတွေယူပြီး ကိုယ့်ဆိုက်မှာဖော်ပြတာတို့သူငယ်ချင်းအချင်းချင်းလက်ဆောင်
ပို့တာတို့ကိုတော့ အားလုံးသိကြပြီးဖြစ်မှာပါ..အခုရေးမှာက အဲ့ဒီသီချင်းတွေ play နှိပ်ပေးစရာမလိုပဲ စာမျက်နှာဖွင့်လိုက်
တာနဲ့သူ့အလိုလို သီချင်းပွင့်နေတဲ့ပုံစံမျိုး auto paly ပေါ့နော်..သိပ်မခက်ပါဘူး လွယ်ပါတယ် ဒါပေမယ့်ကျွန်တော်တို့
နည်းနည်းတော့ ပြင်ပေးရမှာပေါ့..အရင်ဆုံး အောက်ကကုဒ်လေးတွေကို ယူပါ ဒီကုဒ်လေးတွေနဲ့အလုပ်လုပ်မှာဖြစ်ပါတယ်။

Embed
ကိုနှိပ်ပြီးသွားရင်တော့ အောက်မှာကုဒ်တွေပေါ်လာပါမယ် အဲ့ဒီကုဒ်တွေက Auto
play အလုပ်မလုပ်တဲ့အတွက် ကျွန်တော်တို့မယူပဲနဲ့ အရင်ကပုံစံအဟောင်းဖြစ်တဲ့
Use old embed code ဆိုတဲ့နေရာလေး
ဒီကုဒ်လေးတွေထဲမှာ
& ဆိုတာလေးကို ဟိုက်လိုက်ပေးထားတဲ့မြန်မာစာအနောက်မှာတွေ့တယ်ဟုတ်
အဲ့ဒါကြောင့် youtube ကလင့်နေရာမှာ &
အဲ့နေရာကိုမယူခိုင်းတာဖြစ်ပါတယ်..
လုပ်ရတာကတော့ဒီလောက်ပါပဲ အောက်မှာကွန်မန့်တစ်ခုလောက် youtube သီချင်းလေးတစ်ပုဒ်လောက်ချန်ပေးခဲ့
ပို့တာတို့ကိုတော့ အားလုံးသိကြပြီးဖြစ်မှာပါ..အခုရေးမှာက အဲ့ဒီသီချင်းတွေ play နှိပ်ပေးစရာမလိုပဲ စာမျက်နှာဖွင့်လိုက်
တာနဲ့သူ့အလိုလို သီချင်းပွင့်နေတဲ့ပုံစံမျိုး auto paly ပေါ့နော်..သိပ်မခက်ပါဘူး လွယ်ပါတယ် ဒါပေမယ့်ကျွန်တော်တို့
နည်းနည်းတော့ ပြင်ပေးရမှာပေါ့..အရင်ဆုံး အောက်ကကုဒ်လေးတွေကို ယူပါ ဒီကုဒ်လေးတွေနဲ့အလုပ်လုပ်မှာဖြစ်ပါတယ်။
ပြီးရင် youtube ကိုသွားပြီးကိုယ်ကြိုက်တဲ့သီချင်းလေးတွေကိုရှာပါ..ပြီးရင်တော့အဲ့ဒီအောက်မှာ သီချင်းကိုယူဖို့အတွက်
အောက်ကပုံလေးတွေအတိုင်းလုပ်သွားပေးပါ။

ကိုအမှတ်ခြစ်ပေးလိုက်ပါ အကွက်ထဲကကုဒ်တွေပုံစံပြောင်းသွားတာကိုတွေ့ရပါ့မယ်..
အခုလိုကုဒ်ပုံစံလေးတွေပြောင်းသွားရင် ကျွန်တော်တို့လိုချင်တာကိုရွေးပြီးယူရမှာဖြစ်ပါတယ်..ဒီနေရာလေးကိုတော့

သတိထားပေးပေါ့ဗျာ သီချင်းတစ်ပုဒ်နဲ့တစ်ပုဒ်က ကုဒ်ပုံစံလေးတွေမတူတော့ ပုံသေတော့မှတ်လို့မရဘူးပေါ့..
အဲ့ဒီမှာကျွန်တော် ဟိုက်လိုက်ပြထားတဲ့ကုဒ်အပိုင်းလေးကိုပဲသေချာကြည့်ပါ..
http://www.youtube.com/v/f5nFwp7jyzM?hl=en_US ဆိုတဲ့နေရာအထိပဲနော်..အဲ့ဒီ US ရဲ့အနောက်မှာရှိနေတာ

က & ဆိုတာလေးတွေ့မယ် ဆိုလိုချင်တာက ကိုယ်ယူမယ့်သီချင်းရဲ့လင့် ဘယ်သီချင်းမဆို အဲ့ဒီ & ကုဒ်
လေးပါပါတယ် ဒါကြောင့် အလွယ်တကူမှတ်မယ်ဆိုရင် http://ကစလို့ & ရဲ့ကြားကကုဒ်ကိုပဲပိုင်းပြီးယူမယ်ပေါ့
အောက်ကပုံကိုကြည့်ပါ..အောက်ကပုံလေးကတော့ခုနကအပေါ်မှာ auto play
ဖြစ်ဖို့အတွက်ပေးထားတဲ့ကုဒ်တွေနေရာမှာ youtube
ကယူခဲ့တဲ့လင့်ကိုထည့်မယ့်ပုံပါ။

ပါအုံး အဆင်ပြေမပြေသိရတာပေါ့

width @ height တို့ကတော့ကိုယ်ကြိုက်သလို အရွယ်အစားပြောင်းပေါ့နော်..နောက်တစ်မျိုးလည်းရှိသေးတယ်ဗျ
အဲ့ဒါကတော့ အဲ့ဒီ width @ height နေရာနှစ်ခုစလုံးကို 1 တွေကြီးပဲပေးပြီး မန့်ကြည့် ဥပမာ-ဒီလိုလေးပေါ့
height="1"width="1"> အဲ့ဒါဆိုရင်သီချင်းသံပဲကြားနေရပြီး ဘာကိုမှမြင်ရမှာမဟုတ်တော့ပါဘူး ဆိုလိုရရင်တော့
ဗွီဒီယိုတစ်ခုလုံးကိုဖျောက်လိုက်ပြီး အသံပဲပေးနားထောင်လိုက်တဲ့သဘောပါပဲ..ကိုယ့်သူငယ်ချင်းတွေ အာရုံနောက်
နားရှုပ်ပြီး စိတ်ဆိုးရင်တော့ကိုယ့်ထိုက်နဲ့ကိုယ်ဗျ..ကျွန်တော်ကလုပ်လို့ရတယ်ဆိုတာလေးကိုပြောတာ

Internet နှင့် Website ဆိုသည်မှာ....
Internet နှင့်.....
ကမ္ဘာကြီးကို အမြန်ဆုံးပတ်သွားနိုင်ဖို့ လေယာဉ်၊ ဂြိုလ်တု စီးသွားရန်မလိုပါ။ အင်တာနက်ပေါ်သာ တက်လိုက်ပါ။ တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းကို စက္ကန့်ပိုင်းအတွင်း စာတစ်စောင်ပို့မလား။
မျက်နှာတွေ့ပြီး စကားပြောမလား။ ဒါတွေသာမက သတင်းတစ်ခုကို သတင်းစာ၊ ဂျာနယ် ထွက်လာသည်အထိ စောင့်ဖတ်စရာမလိုပါ။ အင်တာနက်ပေါ်မှာ မိနစ်ပိုင်းအတွင်း လွှင့်တင်သူရှိပါက အလွယ်ကြည့်ရှုနိုင်ပါတယ်။
ကမ္ဘာကြီးဟာ cable တွေလွှမ်းခြုံလာတာကြောင့် ကွန်ယက်ထဲရောက်နေတဲ့ ဘော်လုံးလိုဖြစ်လာပါပြီ။ မြန်မာမှာဆိုရင်လည်း ၂၀၁၃ ဟာ မိုဘိုင်းအင်တာနက်ခေတ် ဖြစ်လာပါပြီ။
အင်တာနက်ဆိုတာကတော့ အမြဲဖွင့်ထားတဲ့ Server ကွန်ပျူတာကို ချိတ်ဆက်ထားပြီး အပြန်အလှန် စီးမြောနေတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။
ဒါကို Network အစုအဝေးလို့လည်း သိထားနိုင်ပါတယ်။ အင်တာနက်လိုင်းကို အောက်ပါနေရာတို့မှ ရယူကြပါတယ်။
1. ADSL (Digital auto Telephone လိုင်းဖြင့် ချိတ်သုံးရန်)
2. WiMAX (ကြိုးမဲ့သုံးနိုင်ပါတယ်)
3. SkyNet (ဂြိုလ်တုစနစ်ဖြစ်ပါတယ်)
4. Mobile (Mobile ဖုန်းများဖြင့် သုံးရပါတယ်)
5. WiFi (အခမဲ့ဇုန်များ၊ အခပေး၊ လပေးများဖြင့်သုံးနိုင်)
Website ဆိုတာကတော့ ၂၄ နာရီ မပိတ်ဘဲဖွင့်ထားတဲ့ Server ကွန်ပျူတာတွေပေါ်မှာ လွှင့်တင်ထားတဲ့ ကြည့်ရှုလေ့လာစရာ Page များဖြစ်ပါတယ်။
သတင်း၊ နည်းပညာ၊ အလှအပ၊ စီးပွားရေး၊ အဖွဲ့အစည်း၊ အရုပ်၊ အသံများနှင့် အခြားသော အရာများစွာကို Webpage တွေမှာထည့်သွင်းပြီး အခမဲ့၊ အခပေးတွေအဖြစ် Website ဖန်တီးကြပါတယ်။
ထို Webpage တွေကို အမည်တွေပေးထားပြီး အမည်တူနှစ်ခုမရှိစေရန် ထိန်းချုပ်ထားကြပါတယ်။
ရေးဆွဲဖန်တီးထားသော Website တွေကို အမြဲဖွင့်ထားတဲ့ Server တွေကနေ လွှင့်ပေးထားတာကြောင့် အလွယ်တကူ ဖွင့်ကြည့်နိုင်ပါတယ်။
ဒီလို Website တွေကို အင်တာနက်ပေါ်မှာ ကြည့်နိုင်ဖို့ လိုအပ်တာကတော့ Browser Software တစ်ခုခုပဲဖြစ်ပါတယ်။
စာဖတ်သူ ကွန်ပျူတာဟာ Windows OS ကို သုံးပါက Internet Explorer (IE) ပါရှိပြီးသား ဖြစ်ပါတယ်။ ဒါမှမဟုတ် Apple Mac ကိုသုံးပါက Safari Browser ပါရှိပါလိမ့်မယ်။
အခြားအမည်ရှိပြီး ထပ်မံထည့်သွင်းကြတာကတော့...
1. Mozilla Firefox
2. Chrome
3. Opera
စတာတွေကို အသုံးများပါတယ်။ အခြား Browser တွေကိုလည်း အလျဉ်းသင့်သလို သုံးနေကြပါတယ်။ ဒီထဲမှာ Chrome ကတော့ ဘာသာအတော်များများကို English ဘာသာဖြင့် ပြောင်းပေးနိုင်ပါတယ်။
အင်တာနက်ကိုသုံးရာဝယ်....
အများစုကတော့ စာဖတ်မယ်၊ Game ဆော့မယ်၊ Software တွေ၊ Data တွေ Download ဆွဲယူမယ်။ ဒါ့အပြင် အခြားနည်းလမ်းအစုံကို မိမိလိုအပ်ချက်အတိုင်း အင်တာနက်ကို သုံးကြပါတယ်။
လူငယ်တွေကတော့ Chatting လုပ်ကြတယ်။ Social Network သုံးကြတယ်။
စာဖတ်သူများသိထားရန်မှာ အင်တာနက်မှ Mail များ၊ Social Network များသုံးလိုလျှင်တော့ Account ကို Registry လုပ်ရပါတယ်။ ဒါ့အပြင် အချို့သော Website များကလည်း Registry လုပ်ရပါတယ်။ ဒါသာမက တန်ဖိုးရှိ Data တွေကိုလည်း ငွေကြေးဖြင့် ၀ယ်ယူရတာတွေ ရှိပါသေးတယ်။
ဒါ့အပြင် လိမ်လည်သော Website များစွာလည်း ရှိနေပါတယ်။ ဒုက္ခပေးသော Website တွေလည်း ရောပျွမ်းနေတာမို့ သတိထားရပါမယ်။
အင်တာနက်ကို သုံးတဲ့အခါ ၀င်္ကဘာထဲ သွားနေရသလို Click တိုင်းမှာ အဆင့်တွေ အဆင့်တွေ ထပ်ထပ်ပြီး ၀င်နေမှာပါ။ ဒါကြောင့် Click နှိပ်တာတွေကို အလွန်သတိထားရပါမယ်။
အပြာရောင်ဖြင့် ပြထားတဲ့ Link ကိုနှိပ်မယ်ကြံတိုင်း Mouse Pointer တင်ကြည့်ပါ။ မြားပြထားတဲ့ နေရာလေးမှာ သွားမယ့် Location ကိုပြလာပါမယ်။ ဒါကိုစစ်ပြီး သေချာမှနှိပ်ပါ။
ရှာဖွေခြင်းဆိုင်ရာ နည်းလမ်းများ....
စာဖတ်သူအနေဖြင့် ယခုအခန်းလေးဟာ အလွန်ပင်အသုံးတည့်မှာ ဖြစ်ပါတယ်။ ဥပမာပေး လက်တွေ့လုပ်ဆောင်နိုင်ခြင်းအတွက် Google ကို သုံးထားပါတယ်။
ကိုယ်ရယူရှာဖွေလိုတာတွေကို ပိုမိုထိရောက်စွာ ရှာနိုင်ဖို့ ကောင်းစွာ ထောက်ပံ့နိုင်မှာပါ။
၁။ + နှင့် - အသုံး
ကိုယ်အဓိက ရှာဖွေလိုသော Keyword ရှေ့မှ + ကိုထည့်ပေးလိုက်ခြင်းဖြင့် ထို Keyword ကို မပါမဖြစ် နှံ့စပ်စွာ ရှာပေးပါတယ်။ - ကိုတော့ မပါဖို့အတွက် သုံးပါတယ်။
ဥပမာ။ ။ +technology ဆိုပြီး ရှာလျှင် ပိုမိုတိကျစွာ ရရှိပါမယ်။
- technology book ဆိုရင်တော့ book နဲ့ပတ်သက်တာတွေ ကိုသာရှာပေးမှာပါ။
- ကတော့ အသုံးနည်းပါတယ်။ သတိထားရမှာက Space မပါပါဘူး
၂။ " " အသုံး
ဒါကိုတော့ စကားစုများတာကို ရှာတဲ့အခါ ထည့်သုံးရပါမယ်။
ဥပမာ။ ။ "golden land of myanmar" လို့ရှာပါက ထိုစကားစုပါသော Website တွေကို စုပေးပါလိမ့်မယ်။ စကားစုအတွက် ပိုသုံးသင့်ပါတယ်။
၃။ * အသုံး
ဒီ * လေးကို ထည့်လိုက်ခြင်းအားဖြင့် ထို Keyword အား နှံ့စပ်စွာ ရှာပေးမှာဖြစ်ပါတယ်။
ဥပမာ။ ။ *tech လိုရှာခြင်းဖြင့် technology, technical, techniques စသဖြင့် ဆိုင်ရာတွေကို ရှာပေးပါလိမ့်မယ်။
၎။ the, a, an, i, you တွေကိုရှောင်သုံး
အထက်ပါစကားလုံးတွေကို ရှာဖွေရန် စကားလုံးအဖြစ် မသတ်မှတ်ပါဘူး။ Message ပြန်ပေးသလို ရှာဖွေချိန်ကိုလည်း ဖြုန်းတီးရာရောက်ပါတယ်။ ၎င်းတို့ကို Stop Words လို့ခေါ်ပါတယ်။ မဖြစ်မနေသုံးလိုပါက " " ထဲမှာ ထားသုံးနိုင်ပါတယ်။
၅။ intitle ကိုထည့်သုံးခြင်း
Website တွေရဲ့ ခေါင်းစဉ်တွေမှာသာ ရှာဖို့သုံးပါတယ်။
ဥပမာ။ ။ intitle : myanmar လို့ရှာလိုက်ပါက ခေါင်းစဉ်တွေမှာ မြန်မာဆိုတာ ပါတာနဲ့ ဖော်ပြပေးပါလိမ့်မယ်။
၆။ intext ကိုသုံးခြင်း
ကိုယ်ရှာချင်တဲ့ စကားလုံးကို Webpage တစ်ခုလုံးမှာရှာဖို့သုံးပါတယ်။
ဥပမာ။ ။ intext : yangon ဆိုပါက yangon ပါလျှင်ထိုဆိုက်ကို ညွှန်းပါလိမ့်မယ်။
၇။ link တွေကိုကြည့်ရန်
မိမိသိပြီးသား ဆိုက်တစ်ခုမှာ link တွဲဆက်မှု ဘယ်လောက်ရှိတယ်ဆိုတာ သိနိုင်ဖို့ သုံးပါတယ်။
ဥပမာ။ ။ www.mediumwaybook.com
၈။ အကြောင်းအရာကိုလည်းရှာနိုင်
စာဖတ်သူဟာ အကြောင်းအရာတစ်ခုခုကို သိလိုတဲ့အခါမှာလည်း Search Engine ကတွဲဆက်ရှာပေး နိုင်ပါတယ်။
၉။ File Type ဖြင့်လည်းအမြန်ရှာနိုင်
စာဖတ်သူဟာ Ebook တွေကို ဖတ်ရှုလိုပါက .pdf ဆိုတာကို တွဲဖက်ရှာခိုင်းခြင်းဖြင့် ပိုမြန်ဆန်စွာ ရရှိနိုင်ပါတယ်။
၁၀။ လုပ်ငန်းခေါင်းစဉ်ကိုသုံးနိုင်
စာဖတ်သူအနေဖြင့် ဥရောပတိုက်ကို သွားရောက်လည်ပတ်ရန် ခရီးသွား Company တစ်ခုခုနှင့် ချိတ်ဆက်လိုတဲ့အခါ "europe travel company" ဆိုပြီး အလွယ်ရှာနိုင်ပါတယ်။
၁၁။ တန်ကြေးကန့်သတ်ရှာဖွေခြင်း
မော်တော်ကားတစ်စီးကို ကိုယ်တတ်နိုင်တဲ့ တန်းကြေးအတွင်း ရှာလိုတဲ့အခါ "toyota car $2000 .... $ 5000" ဆိုပြီး ရှာလိုက်ပါ။ ထိုဈေးအတွင်း ရောင်းချပေးသော ကားစာရင်းရှိရာ Site ကို ညွှန်ပြပါလိမ့်မယ်။
၁၂။ ပုံတွေသာရှာဖွေဖို့
ဓါတ်ပုံတွေနှင့် အခြားပုံအမျိုးမျိုး ရှာဖွေဖို့အတွက် Google ရဲ့ Image လိုင်းမှရှာဖွေပါက ပုံများကို ဦးစားပေး ဖော်ပြပြီး ရှာပေးပါလိမ့်မယ်။
၁၃။ သတင်းတွေကို ရှာသောအခါ
သတင်းတစ်ခုခုကို ခေါင်းစဉ်သာသိပြီး နေရာမတိမကျဖြစ်နေပါက " riot location : thailand " ဆိုပြီး ရှာနိုင်ပါတယ်။ အဓိက သုံးလိုက်တာကတော့ Location ဖြစ်ပါတယ်။
၁၄။ သတင်းသီးသန့်ရှာဖို့
http://news.google.com ကို အသုံးပြုပြီး ရှာဖွေပါ။ ဒါက Google အသုံးအတွက် ပြောတာပါ။
၁၅။ source ကိုလည်းသုံးတတ်ဖို့
ကိုယ်ဖတ်ချင်တဲ့ သတင်းခေါင်းစဉ်ပါရှိသမျှ Website တွေကို လိုချင်တဲ့အခါ သုံးရပါတယ်။
ဥပမာ။ ။ "stevejobs source: time" ဆိုလျှင် Time သတင်းစာမှာ တောက်လျှောက် ဖော်ပြခဲ့သော stevejobs ရဲ့ သတင်းမှန်သမျှ ဖတ်ရမှာ ဖြစ်ပါတယ်။
http://koaungmyotun.ning.com/forum/topic/show?id=2879352%3ATopic%3A992804&xgs=1&xg_source=msg_share_topic

Tuesday, May 28, 2013
၇ရက်အတွင်းဖုန်းBattery အသစ်အတိုင်း ပြန်ဖြစ်စေတဲ့နည်း
Samsung, Hauwei, HTC,Sony,စသော Android ဖုန်း အမျိုးအစားအားလုံးအတွက်
ဖုန်းကို
သုံးတာ တစ်နှစ်နီးပါးလောက်ရောက်ရင် ဖုန်း Battery ဟာ သိပ်မခံတော့ပါဘူး…
တစ်ရက်ကို တစ်ခါလောက် အားသွင်းရင်တစ်ရက်လုံး
အားရှိနေရာမှတစ်နှစ်နောက်ပိုင်းတွင် အားသိပ်မခံတော့ပါဘူး… အားရင်အားသလို…
သတိရရင် ရသလို…အခြေအနေပေးရင် ပေးသလို…ရရင်ရသလို… အားသွင်းရတဲ့
အခြေအနေမျိုးရောက်လာတတ်ပါတယ်… အင်တာနက်သုံးရင်တော့ပိုပြီးတော့ အားကုန်တာ
မြန်တတ်ပါတယ်…ဒီလိုမျိုးဖြစ်လာရင် Battery ကို အသစ်အတိုင်း ဖြစ်စေမဲ့
နည်းလမ်းလေးတစ်ခုကို မျှဝေပေးချင်တာပါ… ကျွန်တော်ကိုယ်တိုင်လုပ်ကြည့်တာ
အဆင်ပြေတဲ့အတွက် သူငယ်ချင်းများအတွက်သတင်းကောင်း ပေးလိုက်တာပါ… ၇
ရက်အတွင်းဖုန်းBattery အသစ် အတိုင်းပြန်ဖြစ်စေတဲ့ နည်းလမ်းပါ…
ပထမဦးစွာ ဖုန်းကိုအားကုန်တဲ့အထိ သုံးကြိမ

…ပြီးတော့အားကုန်အောင်သုံးပြီးတိုင်းမှာ ဖုန်းကိုPowerပိတ်ပြီးတော့
အားပြည့်တဲ့အထိအားသွင်းပြီးမှ နောက်တစ်ကြိမ်ပြန်သုံးပါ… သုံးကြိမ်လုပ်ရာ
တွင်လည်းတစ်နေ့တွင်တစ်ကြိမ်သာ လုပ်ပါ…
၎ရက်မြောက်နေ့တွင်မိမိဖုန်းကို အသုံးမပြုလိုတော့သည့်အချိန်
ဥပမာ-ညအိပ်ကာနီးအချိန်တွင် မိမိဖုန်းအား အားပြည့်အောင်အားသွင်းပါ… နောက်
Power ကိုပိတ်ပြီးBattery ကိုဖြုတ်ကာ A-4 စက္ကူ အဖြူတစ်ရွက်ဖြင့်၎င်းBattery
ကိုပတ်ကာ ထားပြီး တစ်ညသိပ်လိုက်ပါ…နောက်နေ့ မနက်တွင်
ပုံမှန်အတိုင်းဖုန်းကို ပြန်ပြီးအသုံးပြုပါ…
၅ရက်မြောက်နေ့တွင်မြန်မာကျပ်ငွေ တစ်သောင်းတန်အသစ်စက်စက် တစ်ရွက်ကို
ရှာထားပါ… ထို့နောက်တွင် ၄ ရက်မြောက်နေ့ကအတိုင်းA-4 စက္ကူ နေရာတွင်
တစ်သောင်းတန်ကိုအစားထိုးသုံးပြီး… တစ်ည ထပ်ထားလိုက်ပါ…
၆ရက်မြောက်နေ့မနက်တွင်တော့အိမ်ရိုက်သံ၃ လက်မ တစ်ချောင်းနှင့်ံဖြင့် တေ့ကာ
တူဖြင့်သုံးချက်တိတိထုချလိုက်ပါ… ရဲရဲတင်းတင်းထုချရန်လိုအပ်ပါသည်…
ရိုက်ချက်မှာ ပြင်းလေကောင်းလေဖြစ်သည်… ထိုအချိန်တွင် သင့်ဖုန်းBattery မှာ
လုံးဝ သုံးမရအောင် ပျက်စီးသွားပြီဖြစ်ပါသည်…ထို့ကြောင့် နောက်ထပ် Battery
အသစ်တစ်လုံးဝယ်ကိုဝယ်ရတော့မည် ဖြစ်ပါသည်… ထို့်နောက်သင့်အိတ်ကပ်ထဲတွ
င်ရှိသော တစ်သောင်းတန်ဖြင့်နီးစပ်ရာ ဖုန်းအရောင်းဆိုင်သို့ သွားရောက်ကာ
မိမိ Phone Model အမျိုးအစားပြောပြီးBattery အသစ်တစ်လုံးကို ဝယ်လိုက်ပါ…
သင့်ဖုန်းအတွက် Battery မှာ အသစ်အတိုင်းအားရှိပြီးသုံးရတာ အဆင်ပြေသွားမှာ
ဖြစ်ပါတယ်…
၇ရက်မြောက်နေ့တွင်တော့သင်ဟာ ဖုန်းကို ခဏခဏအားသွင်းစရာ မလိုတော့ဘဲ အဆင်ပြေပြေ အသုံးပြုနိုင်ပြီဖြစ်ပါသည်…
မှတ်ချက်။ ။ ဖုန်းအမျိုးအစားလိုက်ပြီး ဈေးကွာခြားချက်ရှိသဖြင့် ၅၀၀၀
လောက် အပိုဆောင် သွားသင့်ပါသည်…ကပ်စေး မနည်းပါနဲ့တော့သုံးရတာ အဆင်မပြေရင်
အသစ်ဝယ်လိုက်ပါ…:-P
ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။http://koaungmyotun.ning.com/profiles/blog/show?id=2879352%3ABlogPost%3A989021&xgs=1&xg_source=msg_share_post
Monday, May 20, 2013
Online Youtube to mp3
Downloads
youtubeကသီချင်းတွေကိုmp3ကိုပြောင်းပေးတဲ့onlineconverterလေးပါ။ကြာချိန်ကလည်3းမိနစ်
4 မိနစ်လောက်ပဲကြာပါတယ်။ကိုယ်ပြောင်းချင်တဲ့သီချင်းရဲ့လင့်ကိုသူပေးတဲ့ဘောက်ထဲမှာထည့်ပြီး
convert video ကိုနှိပ်လိုက်ပါ။ပြီးရင် download ကိုနှိပ်ပြီးဒေါင်းလုပ်ဆွဲလိုက်ရင်ရပါပြီ။
အောက်မှာပေးထားတဲ့ လင့်ကိုနှိပ်လိုက်ပါ။

Subscribe to:
Posts (Atom)