ဒီနေ့တော့ ကျွန်တော် အဝေးရောက် မြန်မာများအတွက် http://www.tvunetworks.com/
ကနေတစ်ဆင့် Sky Net Line ကို တိုက်ရိုက်ကြည့်လို့ ရမဲ့ နည်းလမ်းလေးကို
ဆိုဒ်တစ်ခုကနေ တစ်ဆင့်ရလို့ ပြန်ရှယ် ပေးသွားပါမယ် .. သိပြီးသားသူတွေ
ရှိရင်ပဲ ဖြစ်ဖြစ် ဒီထက်ကောင်းတဲ့ အဆင်ပြေတဲ့ နည်းလမ်းလေးတွေ ရှိရင်ပဲ
ဖြစ်ဖြစ် ပြန်ရှယ်ပေးခဲ့အုံး ပေါ့ဗျာ .. အားလုံးအတွက် အဆင်ပြေတာပေါ့ ...
ကျွန်တော် တစ်ချို့ မသိသေးတဲ့ သူတွေအတွက် အသုံး ပြုလို့ အဆင်ပြေအောင်
တစ်ဆင့်ချင်း ပြပေးထားပါတယ် .. စစချင်း မလာခင်တော့ နည်းနည်း စောင့်ရပါတယ်
.. ကောင်နက်ရှင်ကြောင့်လားတော့ မပြောတက်ဘူး .. နောက်ပိုင်းလိုင်းလာပြီ
ဆိုရင်တော့ ပုံမှန် ကြည့်နေရသလို အဆင်ပြေပြေ ကြည့်လို့ရတော့ အဆင်ပြေပါတယ်
..
အရင်ဆုံး အောက်မှာ ပေးထားတဲ့ လင့်ကနေတစ်ဆင့် သွားလိုက်ပါ ..
http://www.tvunetworks.com/
နောက်ထပ် ဆက်လုပ်ရမဲ့ အဆင့်လေးတွေကိုတော့ အောက်မှာ ပြပေးထားပါတယ် ..
ဒီအောက်က အဆင့်က Chrome မှာတော့ လိုမှာ မဟုတ်ပါဘူး .. Firefox အသုံးပြုတဲ့ သူတွေ အတွက်တော့ Plugin တစ်ခု Install လုပ်ပေးဖို့ လိုပါတယ် ။။ Install Now ကိုနှိပ်လိုက်ပါ ။
(မှတ်ချက်။ ။ကိုကြီးကျော် မှ ပြန်လည်တင်ပြသည်)
Plugin ကို Install လုပ်နေတဲ့ အချိန်မှာ Firefox ကိုပိတ်ထား ဖို့ လိုပါတယ် .. မပိတ်ကသေးဘူး ဆိုရင်လည်း Finish မပေးခင် ပိတ်ပေးလိုက်ပါ ..
အပေါ်က အဆင့်တွေ အတိုင်း ပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ Sky Net Line ကို အလွယ်တကူ ကြည့်လို့ရအောင် အပေါ်မှာ ပေးထားတဲ့ Search Box မှာ Sky Net လို့ ရိုက်ရှာလိုက်ရင် အောက်မှာ ပြထားတဲ့ အတိုင်း ပေါ်လာပါလိမ့်မယ် .. ဒါဆိုရင် ကျွန်တော်တို့ အနေနဲ့ မြန်မာပြည်က တိုက်ရိုက်လွင့်တဲ့ Sky Net ရဲ့ အစီအစဉ်တွေကို ကြည့်ရှုလို့ ရမှာ ဖြစ်ပါတယ် ..
http://www.futurestars-mm.com/profiles/blog/show?id=6405389%3ABlogPost%3A357743&xgs=1&xg_source=msg_share_post